Friday, May 22, 2015

မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ခေါင်းဆောင် ဘယ်သူလဲဆိုတာ မောင်စိန်ဝင်း (ပုတီးကုန်း) ပြောပြ


►၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရခဲ့မယ်ဆိုရင်မြန်မာနိုင်ငံအတွက်ဘာတွေ ပြောင်းလဲ လာမယ်လို့ ထင်ပါသလဲ။
အနိုင်ရခဲ့တယ်ဆိုတာ ပြည်သူတွေရဲ့ယုံကြည်မှုနဲ့ အနိုင်ရတာ မဖြစ်နိုင်ဘူး။ မသမာတဲ့နည်းလမ်း တစ်ခုခုနဲ့ အနိုင်ယူပြီး အနိုင်ရ တာပဲထင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးပါတီက နိုင်ခဲ့ရင် ဘာအပြောင်းအလဲမှ ရှိမလာနိုင်ပါဘူး။ တကယ်လို့ ရှိလာခဲ့ရင်လည်းစစ်အုပ်ချုပ်ရေးကို ပြန်သွားတဲ့ပြောင်း လဲရေးမျိုးလို့ပဲ ထင်တယ်။
ဘာဖြစ်လို့ စစ်အပ်ချုပ်ရေးကိုပဲ ပြန်သွားမယ်လို့ထင်ပါသလဲ။
ဘာဖြစ်လဲဆိုတော့ ဒီလူ တွေ ပဲအုပ်ချုပ်နေမှာပဲလေ။ အဲဒီတော့ လာဘ်စားမှုတွေလည်းပပျောက် မှာမဟုတ်ဘူး။
►အနိုင်ရပြီးနောက် ပြည်ခိုင်ဖြိုးနိုင် ပါတီကို ပြည်သူတွေ အားပေး ထောက်ခံယုံကြည်လာနိုင်မလား။
ယုံကြည်မှုဆိုတဲ့ အရာက ခု ချက်ချင်းလုပ် ခုချက်ချင်းရတာ မဟုတ်ဘူး။ သူငယ်ချင်းတွေမှာ တောင်အဲဒီလိုယုံကြည်တာ မဟုတ် ဘူး။ယုံကြည်မှုဆိုတဲ့အရာက တည် ဆောက်ပြီးမှ ရတဲ့အရာ။ သူတို့ ပြည်သူတွေရဲ့ယုံကြည်မှုကိုလိုချင်ရင်ပြည်သူတွေလေးစားတဲ့သူဖြစ် အောင်အကျင့်ဆိုးတွေဖျောက်ပါ။
►ရှေ့ဆက်မြန်မာနိုင်ငံရဲ့ သောင်း ခြောက်ထောင် ပြဿနာတွေကို ရော သူတို့ ဖြေရှင်းနိုင်မလား။
ဥပမာအခု ကိုနေမျိုးဇင်တို့ အမှုဆိုရင် ထောင်ဒဏ်လေးနှစ် ကျော်ချလိုက်တယ်။ အေးအေး ချမ်းချမ်းဆန္ဒပြ တာနော်။ တရုတ် တွေ ကားအစီးလေးရာကျော်နဲ့ သစ်ခိုးထုတ်တဲ့လူကိုတော့ ထောင် ခြောက်လပဲ ချသေး တယ်။ ဒါ လက်ရှိ တရားစီရင်ရေးရဲ့ ယိုင်နေတဲ့ ချို့တဲ့တဲ့အချက်ကို သက်သေ ပြလိုက်တာပဲ။ တကယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပဲအနိုင်ရသွားရင် တရား ဥပဒေစိုးမိုးရေးက ဒီထက်ပိုပြီး ယိမ်းယိုင်သွားမယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေးလည်းရမယ်လို့ လုံးဝ မထင်ပါဘူး။ လက်ရှိသူတို့ ဖော် ဆောင်နေတဲ့ငြိမ်းချမ်းရေးကလည်း ပဲလက်တွေ့မြင်နေရတာပဲ။ စာရွက် ပေါ်မှာသာလက်မှတ်ထိုးတယ်။ နောက်တစ်နေ့ကျရင် သေနတ် တွေနဲ့ ပစ်ကြတာပဲ။ဒါတွေ ကြားရ မြင်ရနေတာပဲ။ အခြား ပြဿနာ တွေလည်းထိုနည်း၎င်းပါပဲ။
►အဲဒီလိုဆိုရင် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ခေါင်းဆောင် မြန်မာနိုင်ငံအတွက် ဘယ်လိုခေါင်း ဆောင် မျိုး ဖြစ်သင့်ပါသလဲ။
မြန်မာနိုင်ငံအတွက် လိုအပ် နေတဲ့ခေါင်းဆောင်က တစ်အချက် က ကိုယ်ကျိုးမရှာတဲ့ ခေါင်း ဆောင်၊ သစ်လုံးတွေ အများကြီး ပိုင်ပြီးတော့ ပြည်သူတွေ ငတ် ပြတ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာကို မကြည့်ရက် တဲ့ ခေါင်းဆောင်၊ ဒုတိယက အမှန်တရားကို ချစ်တဲ့ ခေါင်းဆောင် ဒီလိုခေါင်းဆောင် မျိုးကို ရွေးနိုင်မှသာ တိုင်းပြည်ရဲ့ အပြောင်းအလဲက ဖြစ်လာမယ်။ အဲဒီလို အပြောင်းအလဲ ဖြစ်မှသာ တရားဥပဒေစိုးမိုးမှုက လည်း ပြည်သူ တွေအတွက်မျှော်လင့်ချက်ရှိမယ်။
►ကမ္ဘာက စောင့်ကြည့်တဲ့ ဒီရွေး ကောက်ပွဲကို ဘယ်လိုဖြစ်ထိုက်ပါ သလဲ။
မတရားမှုတွေ တအားများ တဲ့အခါကျတော့ ၂ဝဝ၈ က ကိစ္စ ဆိုလည်း ဒီဥပဒေကိုအတည်ပြု တယ်။ ဒါကို ပြည်သူတွေအားလုံး ဆန္ဒမပါဘူးဆိုတာ သိနေကြတာပဲ။ အခုလည်းညစ်တီးညစ်ပတ်နဲ့လုပ် မယ်ဆိုရင်လည်း သူတို့ပဲအနိုင် ရသွားမှာပေါ့။ ပြည်သူတွေကတော့ ဘာပြောပြောခံနေရတဲ့ သဘောရှိ တယ်။ ဒီရွေး ကောက်ပွဲမှာတရားမျှ တမှု ရှိမရှိဆိုတာဒီမတိုင်ခင် ၄၃၆ ပြင်မလား၊ ပြီးရင် ၅၉(စ) လုံး ပြင် မလား၊ မပြင်ရင်တော့ မဲထည့်ချင် တဲ့ ပြည်သူတွေပေါ် တရားသလား သိမှာပါ။ တရားမျှတ လွတ်လပ်ပြီး
တော့ ကမ္ဘာကစောင့်ကြည့်တဲ့  အတိုင်း မှန်မှန်ကန်ကန် ဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။

Popular Myanmar News Journal


No comments:

Post a Comment

My Blog List