Monday, May 18, 2015

ရှားရှားပါးပါး အမေရိကန် မြေပြင်စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်တို့၏ ထိပ်တန်း ရံပုံငွေရှာဖွေပေးသူကို သတ်ဖြတ်နိုင်ခဲ့ဟုဆို


အထူးတပ်ဖွဲ့များ၏ ရှားရှားပါးပါး မြေပြင်စစ်ဆင်ရေး တစ်ခုတွင် ပြီးခဲ့သည့် စနေနေ့က စစ်သွေးကြွ တစ်ဒါဇင် ခန့်နှင့် အဓိက ရံပုံငွေ ရှာဖွေပေးသူ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသော စစ်ပွဲတွင် လောင်းကြေးကို ထပ်မံ တိုးမြှင့်လိုက်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန် အသေခံတပ်သား ကွန်မန်ဒိုများမှာ ယမန်နှစ်က အနောက်နိုင်ငံသား ဓားစာခံများကိုကယ်ဆယ် ရန် အရေးနိမ့်သွားသော မစ်ရှင်တစ်ခုဖြင့် ယခင်ကတည်းက ဆီးရီးယားသို့ ၀င်ရာက်လာခဲ့ကြရာ စစ်သွေး ကြွများကို ပစ်မှတ်ထားသည့် ယခုရက်သတ္တပတ် စစ်ဆင်ရေးတွင်မူ ယခင် ရှုံးနိမ့်ခဲ့သည့် အစဉ်အလာမှ သိသိသာသာ ခွဲထွက်သွားခဲ့ခြင်းပင် ဖြစ်သည်။ အိုင်အက်စ် အုပ်စု၏ အတွင်းစည်းမှလူများကို တိုက်ခိုက်ရန် ကွန်မန်ဒိုများ စေလွှတ်သည့် ဆုံးဖြတ်ချက်မှာ ယခင်က အများအားဖြင့် အစွန်းရောက်များကို လေကြောင်း မှသာ တိုက်ခိုက်လေ့ရှိခဲ့သည့် အမေရိကန်များ၏ အံ့အားသင့်ဖွယ် လှုပ်ရှားမှု တစ်ခုပင် ဖြစ်သည်။  

ယခုစီးနင်းမှုမှာ ဆီးရီးယားမှ အစွန်းရောက်များကို ပစ်မှတ်ထားသည့် ပထမဆုံး လူသိရှင်ကြားအတည်ပြု သည့် အမေရိကန် မြေပြင်စစ်ဆင်ရေးတစ်ခုပင် ဖြစ်သည်။

သမ္မတ အိုဘားမား၏ အမိန့်အရ အီရတ်တွင် အခြေစိုက်သည့် အမေရိကန် စစ်တပ်၏ Delta အထူးစစ် ဆင်ရေး တပ်ဖွဲ့မှ အထူးတပ်သားများက အစွန်းရောက်များအတွက် ရေနံခိုးသွင်းမှုကို ကြီးကြပ်သည့် အိုင်အက်စ်စစ်သွေးကြွ အဘူဆာယက်ကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။

''စစ်ဆင်ရေးအတွင်း အမေရိကန်တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာ အဘူ ဆာယက်ကို ပစ်သတ်နိုင်ခဲ့ တယ်'' ဟု အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဘာနာဒတ်မီးဟန်းက ပြောကြား ခဲ့သည်။

စစ်ဆင်ရေးအတွင်း တပ်မှူးနှင့် ၎င်း၏ ဇနီး အမ် ဆာယက်တို့က ကျွန်ပြုထား ပုံရသည့် ယာဇီဒီ အမျိုးသမီး တစ်ယောက်ကိုလည်း ကယ်ဆယ်နိုင်ခဲ့ပြီး အိုင်အက်စ် အဖွဲ့ဝင်ဖြစ်ပုံရသည့် အမ်ဆာယက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု မီးဟန်းက ပြောကြားခဲ့သည်။

ဆာယက်ကိုမူ အိုင်အက်စ်အုပ်စု၏ ယန္တရားလည်ပတ်ရေးတွင် ထဲထဲဝင်ဝင် ပတ်သက်နေသူ တစ်ဦး အနေဖြင့် ရံပုံငွေငနဲဟု ဖော်ပြထားပြီး ၎င်းသေဆုံး မှုကြောင့် စစ်သွေးကြွတို့၏ ဘဏ္ဍာရေးပိုင်းတွင် ထိခိုက် နစ်နာသွားဖွယ်ရာ ရှိသည်ဟု အိမ်ဖြူတော် အရာရှိက ထပ်လောင်းပြောကြားသည်။

အမေရိကန် သမ္မတ အိုဘားမားကလည်း စစ်ဆင်ရေးကို ထောက်ပံ့ခဲ့ သည့်အတွက် အီရတ်အာဏာပိုင်များ ကို ကျေးဇူးတင်လျှက်ရှိပြီး၊ အီရတ်တို့၏ အထောက်အပံ့က ယခုအောင်မြင်မှုကို တစ်စိတ်တစ်ပိုင်း ထည့်ဝင် ခဲ့သည် ဟုလည်း မီးဟန်းက ပြောကြားသွားခဲ့သည်။ 

REF : AFP/fl
Mizzima - News in Burmese


No comments:

Post a Comment

My Blog List