Tuesday, May 19, 2015

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဟု သမ္မတပြောကြား


၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်အတွက် အဓိကကျသောကြောင့်သန့်ရှင်းလွတ်လပ် သည့် ရွေး ကောက်ပွဲဖြစ်ရေး   အစိုးရအဖွဲ့က အုပ်ချုပ်ရေးနည်းလမ်းဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကတိပြုပြော ကြားသည်။
‘‘နိုင်ငံရေးပါတီ အားလုံးဝင် ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲဖြစ်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒအမှန်တွေ ကို ထင်ဟပ်မယ့် ရွေးကောက်ပွဲများဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့လည်း သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေး ကောက်ပွဲများဖြစ်ရေးအတွက် အုပ်ချုပ်ရေးနည်းလမ်း ကနေ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာ အတွင်းကအစွမ်းကုန်ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု မေလ ၁၈ ရက်က ရန်ကုန်မြို့ ရှိ အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ ၌ သမ္မတက ပြောကြားခဲ့ခြင်းဖြစ် သည်။

ရွေးကောက်ပွဲမတိုင်မီ ကာလတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရေး နှင့် ပြည်သူ့ဆန္ဒများကို ထင်ဟပ် နိုင် မည့် ရွေးကောက်ပွဲရလဒ်မှ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို အောင်မြင်စွာ ကျော်ဖြတ်နိုင် ရေးအတွက် နိုင်ငံရေးပါတီများအား သမ္မတဦးသိန်းစိန်က တိုက် တွန်းပြော ကြားခဲ့သည်။

မေလ ၁၈ ရက်က ပြုလုပ် သော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင် ဥက္ကဋ္ဌဦး တင်အေးလည်းပါဝင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ရွှေ့ ဆိုင်းမည် မဟုတ်ကြောင်းနှင့် လက်ရှိ ကျင့်သုံးနေသော မဲများ သူအနိုင်ယူရွေးကောက်ပွဲစနစ် ဖြင့်သာ မဲဆန္ဒနယ်  အားလုံးကို ကျင်းပပေးမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌဦးတင်အေးက ပြော ကြားခဲ့သည်။

‘‘ဒီနေရာမှာ လွှတ်တော်က မကြေညာပေမယ့်လည်း ကျွန် တော်က ပြောသင့်ပြောထိုက်တဲ့ အတွက်ပြော ပါ့မယ်။ ပြည်သူ့ လွှတ် တော်ရော၊အမျိုးသား လွှတ် တော်ရော၊ တိုင်းဒေသကြီးနဲ့ပြည် နယ်လွှတ်တော်ရော ကျွန်တော်ရဲ့ ရွေးကောက်ပွဲစနစ်က FPTP (First past the post-မဲများသူအနိုင်ယူစနစ်) ပဲဖြစ်ပါ တယ်’’ဟု ဦးတင်အေးက ပြောသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အနည်းဆုံး ရက်ပေါင်း ၉၀၊ အများဆုံး လေး လကြိုတင်ကာ ကြေညာမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီအနည်း
ဆုံး ၁၅ ရက်ကြိုတင်ကာ မဲဆန္ဒနယ်များ သို့ အသိပေးမည်ဖြစ်ကြောင်း ဦးတင်အေးကဆိုသည်။

၂၀၁၅   အထွေထွေရွေး ကောက်ပွဲကို ယခုနှစ်အောက်တိုဘာကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပပေး မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေး ကောက်ပွဲကာလသည် လုံခြုံရေးအရေးကြီးသဖြင့် လုံခြုံမှုရှိစေရန် အပြည့်အ၀ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လုံခြုံရေး မတည်ငြိမ်သော နေရာများတွင် ရွေးကောက် ပွဲကျင်းပရန် ရှိ၊မရှိ  နိုင်ငံရေးပါ တီများအား အသိပေးရန် ဆွေး နွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေး ပါတီ များတွေ့ဆုံမှုသည် ပြည်သူများနှင့် တွေ့ဆုံ မှုဖြစ်သည့်အတွက် ကြိုဆို ကြောင်းသာ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲသည် ညနေ ၄ နာရီမှစတင်ခဲ့ကာ လေးနာရီခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ် ၁၃၇ ဦး တက်ရောက်ခဲ့ကာ တစ်ပါတီလျှင် ငါးမိနစ်စီသာ ဆွေးနွေးတင်ပြမှု ရရှိခဲ့သော်လည်း တက်ရောက်လာသော ပါတီအားလုံး ဆွေးနွေးခွင့်ရရှိခဲ့ခြင်းမရှိပေ။

7Day News Journal


No comments:

Post a Comment

My Blog List