Wednesday, May 20, 2015

‘‘သမိုင်းတွင်မယ့် လုပ်ငန်းကြီးကို ပေါ့ပေါ့ဆဆ ပြီးစလွယ်လုပ်သွားတာကို မလုပ်ချင်ဘူး။ သေချာလုပ်ပေးခဲ့ချင်တယ်’’စတော့အိတ်ချိန်းစတင် တည်ထောင်ရန် ဦးဆောင်လုပ်ကိုင်နေသော ဘဏ္ဍာရေး ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းနှင့်တွေ့ဆုံခြင်း


မြန်မာနိုင်ငံတွင် မရှိသေးသည့် စ တော့အိတ်ချိန်းဈေးကွက်ကို မကြာမီ ကာလအတွင်း စတင်ဖွင့် လှစ်တော့ မည်ဖြစ်သည်။ စတော့ ရှယ်ယာဈေး ကွက်ပေါ်ပေါက်ရန် ဦးဆောင်လုပ်ကိုင်နေသော ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းနှင့်မေလ ၁၇ရက်တွင် 7DayDaily ကတွေ့ဆုံမေးမြန်းခဲ့သည် များကိုဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းနဲ့ ပတ်သက်ပြီး အများစုက နားမ လည်ကြသေးဘူး။ ဒါကြောင့် စ တော့ အိတ်ချိန်းဆိုတာဘာလဲဆို တာ အရင်ဆုံးရှင်းပြပေးပါ။

အရင်ဆုံးအိတ်ချိန်းနဲ့စတော့ကို ခွဲပြီးရှင်းပြမယ်။ အိတ်ချိန်းရဲ့ အဓိပ္ပာယ်က လဲလှယ်တာ။ တစ်ခု နဲ့ တစ်ခု လဲလှယ်တာကို အိတ်ချိန်း လုပ်တယ်လို့ခေါ်တယ်မဟုတ် လား။ ဈေးဆိုတာကလည်းပြန်စဉ်း စားရင်လဲ လှယ်တာပဲ။ ဘာနဲ့ဘာနဲ့ လဲလှယ်တာလဲဆိုတော့ ကုန် ပစ္စည်းနဲ့ ငွေနဲ့လဲလှယ်တာ။ အိတ် ချိန်းရဲ့အဓိပ္ပာယ် က လဲလှယ်တာ။ သို့သော်လည်း ဈေးဆိုတာက လည်း လဲလှယ်တာဖြစ်တော့ နိုင် ငံတကာမှာ အထူးသဖြင့် အင်္ဂလန် နိုင်ငံမှာဆိုရင် အထူးပြုထားတဲ့ဈေးကွက်ကို ဈေးလို့မသုံးဘူး။ Marketလို့ မသုံးတော့ဘူး ။ အိတ် ချိန်းလို့သုံးတယ်။ အခု စတော့ အိတ်ချိန်းထဲက အိတ်ချိန်းဆိုတာ အထူးပြုထားတဲ့ ဈေး။ ဈေးကွက် လို့ အဓိပ္ပာယ်ရတယ် ။စတော့ဆိုတာက ရှယ်ယာပဲ ပြောတယ်။ ဘာရှယ်ယာလဲဆိုတော့ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကိုပြောတာ။ အ စုရှယ်ယာဆိုတာဘာလဲမေးရင် ကုမ္ပဏီပိုင်ဆိုင်မှုကို အတုံးကြီး တစ်တုံးအဖြစ်ယူဆပြီး အတုံးကြီး ကို အစိတ်အပိုင်းတွေပိုင်းလိုက် မယ်။ အစိတ်အပိုင်းအခုတစ်ရာ ပိုင်းမယ်ဆိုရင် အစိတ်အပိုင်းတစ် ခုဟာ ကုမ္ပဏီပိုင်ဆိုင်မှုတစ်ပိုင်း ပေါ့။ ဒီအစိတ်အပိုင်းတွေက ရှယ်ယာတွေပဲ။ အစိတ်အပိုင်းအခုတစ် ရာပိုင်းထားတဲ့ကုမ္ပဏီရဲ့ အပိုင်း နှစ်ပိုင်းပိုင်ရင် ကုမ္ပဏီပိုင်ဆိုင်မှု အပုံတစ်ရာမှာ နှစ်ပုံပိုင်တာပဲ။ သုံးပိုင်းပိုင်ရင် တစ်ရာပုံ သုံးပုံပိုင်တာ ပဲ။ တစ်နည်းအားဖြင့် စတော့ဆို တာ ရှယ်ယာ၊ ရှယ်ယာဆိုတာ ကုမ္ပဏီပိုင်ဆိုင်မှုရဲ့ ဝေစုတွေ။ ကု မ္ပဏီပိုင်ဆိုင်မှုရဲ့အစိတ်အပိုင်း တွေပဲ။ စတော့အိတ်ချိန်းဆိုတာ ကုမ္ပဏီပိုင်ဆိုင်မှု  အစုရှယ်ယာများကို အထူးပြုပြီးရောင်းချတဲ့ဈေးကွက်ကြီးဖြစ် တယ်။

စတော့အိတ်ချိန်းမှာဘာတွေ့ရမလဲဆိုရင် ကုမ္ပဏီပိုင်ဆိုင်မှုရဲ့အစုရှယ်ယာ။ အစိတ်အပိုင်းတွေကို ရောင်း လိမ့်မယ်။ ငွေတတ်နိုင်တဲ့သူတွေက ရှယ်ယာတွေဝယ်ထားလို့ရတယ်။ ၀ယ်ထားခြင်းအားဖြင့် ဘာတွေ ရနိုင်မလဲဆိုတော့ ရှယ်ယာတစ်ခုဝယ်ထားရင် တစ်ပုံပိုင်နေမယ်။ နှစ်စုဝယ်ထားရင် နှစ်ပုံပိုင်နေမယ်။ အစု တစ်ရာဝယ်ထားမယ်ဆိုရင် အပုံတစ်ရာပိုင်နေမယ်။ 

တနည်းအားဖြင့် ကုမ္ပဏီက အစုရှယ် ယာတွေထုတ်ရောင်း မယ်။ ၀ယ် ချင်တဲ့သူက၀ယ်ထားလို့ရတယ်။  ၀ယ်လိုက်ခြင်းအားဖြင့် ဥပမာတစ် သောင်းဖိုးဝယ်ထားတဲသူက ကုမ္ပ ဏီမှာ တစ်သောင်းဖိုးပိုင်တဲ့ ကုမ္ပ ဏီပိုင်ရှင်ဖြစ်သွားမယ်။ နည်း နည်းဝယ်ထားတဲ့သူ နည်းနည်းရ မယ်။ များများဝယ်ထားတဲ့သူ များ များရ မယ်။ ဥပမာ ကုမ္ပဏီရှယ် ယာကို အပိုင်းတစ်ရာပိုင်းပြီး ရောင်းတဲ့ကုမ္ပဏီမှာ တစ်ပိုင်းပိုင်ထားရင် ဒီကုမ္ပဏီ က အမြတ်ငွေ တစ်ရာရမယ်ဆိုရင် တစ်ကျပ် ကိုယ်ကရမယ်။ ငါးခုပိုင်ထားမယ်ဆိုရင် ငါးကျပ်ရမယ်။ အစုတစ် သောင်းခွဲထားရင်လည်း ဒီအတိုင်း ပဲ။ အချိုးကျသွားမယ်။ အကျဉ်း ချုပ်မယ်ဆိုရင် စတော့အိတ်ချိန်း ဆိုတာ ကုမ္ပဏီပိုင်ဆိုင်မှုကို အ ရောင်းအ၀ယ်လုပ်တဲ့ဈေးကွက် ကြီးဖြစ်တယ်။

စတော့အိတ်ချိန်း ပေါ်လာခြင်း အားဖြင့် အများပိုင်ကုမ္ပဏီတွေမှာအစု ရှယ်ယာတွေဝယ်နိုင်တယ်။ ၀ယ် လိုက်ခြင်းအားဖြင့် ကိုယ်ဝယ်လိုက်တဲ့ အတိုင်းအတာ အတိုင်း အဲဒီကုမ္ပဏီမှာကိုယ်က ပိုင်ရှင်ဖြစ်နေမယ်။ ကုမ္ပဏီမြတ်တ့အခါတိုင်း ကိုယ်ဝယ်ထားတဲ့အ ချိုးကျအတိုင်းကိုယ့်အမြတ် ရနေ မယ်။

စတော့အိတ်ချိန်း စတင်နိုင်ခဲ့မယ် ဆိုရင် ဘာတွေအကျိုးရှိမလဲ။

အကျိုးရှိတာက သုံးပိုင်းရှိ တယ်။ အများပိုင်ကုမ္ပဏီတွေအ ကျိုးရှိတဲ့အပိုင်း၊ အများပြည်သူအ ကျိုးရှိတဲ့အပိုင်း ၊ နိုင်ငံကအကျိုးရှိ တဲ့အပိုင်းပေါ့။ အများပိုင်ကုမ္ပဏီ ထောင်ပြီး အလုပ်လုပ်တဲ့အခါ ငွေ ကြေးအရင်းအနှီး လိုတယ်။ ငွေ ကြေးအရင်းအနှီးကို ဘဏ်ကနေ သွားချေးတဲ့အခါ အတိုးပေးရ မယ်။ ဘဏ်က သွားချေး မယ့်အစား ကိုယ့်ပိုင်ဆိုင်မှုကို ရှယ်ယာအစိတ်အပိုင်းကို စတော့အိတ်ချိန်းမှာအရောင်းအ၀ယ်လုပ်လိုက်မယ် ဆိုရင် ကိုယ်က အရင်းအနှီးမှုတွေရမယ်။ အတိုးလည်းပေးစရာမလိုဘူး။ အမြတ်ရမှ သူတို့ကို ခွဲပေး ရုံပဲ။ ရင်းနှီးမြှုပ်နှံမှုအလွယ်တကူ ရနိုင်တယ်။ ဒါက အများပိုင်ကုမ္ပဏီတွေရနိုင်တဲ့ ရှုထောင့်ကပြောတာ။ အကျဉ်း ချုပ်ရင် အများပိုင်ကုမ္ပဏီတွေက စတော့အိတ်ချိန်းကနေ ဘာတွေအကျိုးရှိမလဲဆိုရင် မိမိလိုချင်တဲ့ ငွေအရင်း အနှီးကို ဈေးမကြီးဘဲ၊ အတိုးမပေးရဘဲ ရနိုင်တဲ့အကျိုးရမယ်။

သူတို့က သူတို့ တတ်နိုင်တဲ့ ငွေလေးနဲ့ ငွေကြေးနဲ့ပေါ့။ ကုမ္ပဏီ ပိုင်ရှင်တွေဖြစ်နိုင်တယ်။ ဥပမာ ရှယ်ယာ တစ်သောင်းတန်တစ်ခု ၀ယ်ထားမယ်ဆိုရင် တစ်သောင်း တန်အချိုးကျပိုင်ရှင်ဖြစ်မယ်။ ငါး သောင်းတတ်နိုင် ရင် ငါးသောင်းနဲ့ အချိုးကျကုမ္ပဏီပိုင်ရှင်ဖြစ်မယ်။ အများပြည်သူအတွက်တော့ ကုမ္ပဏီပိုင်ရှင်တွေဖြစ်နိုင်တဲ့ အနေအ ထားတွေဖြစ်သွားမယ်။တစ်နည်း အားဖြင့် ကိုယ့်ငွေပိုငွေလျှံလေးဖြစ်သွားရင် အဲဒီမှာ ရင်းနှီးထား ရင် ကုမ္ပဏီပိုင်ရှင်ဖြစ်သွားမယ်။ကုမ္ပဏီကြီးပွားတိုးတက်သွားရင်ကိုယ်လည်း  အချိုးကျတိုးတက်သွား မယ်။ အချိုးကျအမြတ်အစွန်းတွေရသွားမယ်။ ဒါကတိုက်ရိုက်အကျိုးအမြတ်ပေါ့။
 
ဒါ့အပြင်ဘာရဦးမလဲဆို တော့ ရှယ်ယာဝယ်ပြီး ရင်းနှီးမြှုပ် နှံထားတဲ့ ကုမ္ပဏီက ကြီးပွားသွား တဲ့အခါ ကိုယ့်ရှယ်ယာတွေကအ လိုလိုဈေးတက်သွားတယ်။ ကိုယ် က ပထမရှယ်ယာတစ်စုကိုတစ် ကျပ်နဲ့ ၀ယ်ထားရမယ်။ ကုမ္ပဏီက တိုးတက်အောင်မြင်သွားတဲ့အခါ သူ့ရှယ်ယာတွေကိုအလုအယက် ၀ယ်ချင်တဲ့ သူများလာရင် နဂိုမူလ ထက် ၀ယ်ထားတဲ့ရှယ်ယာထက် ဈေးတက်ပြီး တစ်ဆယ်ဖြစ်သွား မယ်။ ကိုယ်က ကိုယ်ဆီမှာရှိတဲ့ ရှယ်ယာကိုပြန်ရောင်းရင် အလိုလို နေရင်းကိုးကျပ်မြတ်မယ်။ ကုမ္ပဏီက အကျိုးအမြတ်ရ တာတစ်ပိုင်း၊ ကုမ္ပဏီကြီးပွားတိုးတက်သွားတဲ့ အချိန်မှာ ရှယ်ယာတန်ဖိုးဈေး တက်သွားရင် တက်သွား သလောက်ကိုယ်ကရမယ်။  တစ်ကျပ်နဲ့ဝယ်ထားပြီး ၁၀ ဖြစ်ရင် ၉ကျပ်မြတ်မယ်။ ၂၀ဖြစ်သွားရင် ၁၉ကျပ်မြတ်မယ်။ သွယ်ဝိုက်တဲ့ နည်းနဲ့အမြတ်ရတာ။   ဒါကသာမန်ပြည်သူတွေရမယ့်  အကျိုးအ မြတ်ဖြစ် တယ်။ စတော့အိတ်ချိန်း ကြောင့်အများပိုင်ကုမ္ပဏီတွေ အ များကြီးဖြစ်ထွန်းလာမယ်။ သာ မန်ပြည်သူတွေ ရှယ်ယာတွေရ လာမယ်ဆိုရင် ပြည်သူတွေစီးပွား ရေးဖွံ့ဖြိုးလာမယ်။ စီပွားရေးဖွံ့ ဖြိုးလာမယ်ဆိုရင် လူမှုစီးပွားအ ကုန်လုံးဖွံ့ဖြိုးလာမယ်။အထက် က အကျိုးစီးပွားနှစ်ခုကြောင့် ပုဂ္ဂ လိကကဏ္ဍဖြစ် ဖွံ့ဖြိုးလာခြင်းက နိုင်ငံတော်အကျိုးစီးပွားတိုးတက် လာခြင်းဖြစ်တယ်။ ဒါကြောင့် စ တော့အိတ်ချိန်းဆိုတာ အများပိုင် ကုမ္ပဏီ၊ အများပြည်သူရော၊ နိုင် ငံတော်ရော သုံးခုလုံးအကျိုးစီးပွားဖြစ်စေမယ့် အနေအထားပါ။

စိတ်ဝင်စားတဲ့ ပြည်သူတွေကဘာ တွေလေ့လာထားသင့်လဲ။

ပြည်သူက ကြည့်ရမယ်။ ဒီ ကုမ္ပဏီက ကြီးပွားမယ့် ကုမ္ပဏီ လား၊ မကြီးပွားမယ့် ကုမ္ပဏီလား ဆိုတာ ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ် သွေးနဲ့ ဆုံးဖြတ်ရမယ်။ ကြီးပွား မယ့် ကုမ္ပဏီမှာ ၀ယ်လိုက်ရင် ကိုယ်လည်းတက် သွားမယ်။ အ မြတ်ဝေစု များများရလာမယ်။ ရှယ်ယာတန်ဖိုးတက်သွားလို့ထုတ် ရောင်းရင်လည်း အမြတ် များများရမယ်။ ကိုယ်ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီက ကံဆိုးပြီးအကြောင်းတစ်ခု ကြောင့် မွဲသွားရင်တော့မ တတ် နိုင်ဘူး။ စွန့်စားမှုတော့ယူရတယ်။ ဒီလိုမျိုးက နေရာတိုင်းမှာရှိတယ်။ ကိုယ့်ဘာသာကုမ္ပဏီထောင်ရင် လည်း အခုလိုစွန့်စားမှုကတော့ရှိ နေမှာပဲ။ အခုလို စတော့အိတ်ချိန်း ကလုပ်ရင်တော့ စွန့်စားလုပ်ရမှု တော့ နည်းသွားမယ်။

သာမန်ပြည်သူတစ်ယောက်အနေနဲ့ စတော့အိတ်ချိန်းမှာမှတ်ပုံတင်ထားတဲ့    ကုမ္ပဏီတွေအကြောင်းကို ဘယ်လိုသိနိုင်မလဲ။

အများပိုင်ကုမ္ပဏီတွေက အ  ခုရှယ်ယာတွေထုတ်ရောင်းနေကြတယ်။ စတော့အိတ်ချိန်းမှာထုတ် ရောင်း တာနဲ့ ပုဂ္ဂလိက ဒီအတိုင်းထုတ်ရောင်းတာ ဘာကွာလဲဆို တော့ စတော့အိတ်ချိန်းမှာက ကု မ္ပဏီတိုင်းကို သူ့ဆီမှာရှယ်ယာ ရောင်းခွင့်ပေးမှာမဟုတ်ဘူး။ ဘာ လုပ်မလဲဆိုတော့ အဲဒီကုမ္ပဏီက စိတ်ချရတဲ့ ကုမ္ပဏီဟုတ်၊မဟုတ် ဆိုတာ စစ်ဆေးမယ်။ အလိမ်အ ညာဟုတ်၊ မဟုတ်ပေါ့။ အခုအ ပြင်မှာ ထုတ်ရောင်း တာက လိမ်ညာချင်လည်း လိမ်ညာနိုင်တယ်။ ဒါက မြန်မာပြည်တစ်ခုတည်းအ တွက်ပြောတာမဟုတ်ဘူး။ ကမ္ဘာ မှာ သမိုင်းအစဉ်အလာအရဖြစ်ခဲ့ တာရှိတယ်။ အများပြည်သူမက် လောက်အောင်ပြောမယ်။ ရှယ် ယာထုတ်ရောင်းတယ်။ ပြီးရင်ဘာမှမလုပ်ဘဲ  လစ်ပြေးသွားတယ်။ဒါက ကမ္ဘာမှာ ရှေးရှေးတုန်းကတည်း ကဖြစ်ခဲ့တာ အများပိုင်ကုမ္ပဏီစပေါ်ကတည်းက ဖြစ်ခဲ့တာ။စတော့အိတ်ချိန်းမှာ မှတ်ပုံတင် ထားတဲ့ကုမ္ပ ဏီတွေက ဒီလိုဖြစ်ဖို့ ခက်ခဲတယ်။ဘာလို့တုံးဆိုတော့ စတော့အိတ်ချိန်းသည် ကုမ္ပဏီ တိုင်းကိုလက်ခံပြီး စာရင်းတင်ပေး မှ မဟုတ်ဘူး။ သူတို့လို လက်ခံဖို့ စစ်ဆေးတဲ့ စံနှုန်းတွေရှိတယ်။ 

SECM(ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မ ရှင်)က ဒီစံနှုန်းတွေကိုမကြာခင် ထုတ်ပြန်တော့မယ်။ နောက်ပြီးစံနှုန်းတွေ ညီတိုင်းလည်းတင်ပေးမှာမဟုတ်ဘူး။  မလိမ်မညာတဲ့ကုမ္ပဏီ ဟုတ်၊ မဟုတ်ဆိုတာကော်မရှင်က သေချာစိစစ်ပြီးမှ စာရင်းသွင်းပေးမှာ။ အပြင်မှာ ရှယ်ယာတွေ  ၀ယ်တာထက် စတော့အိတ်ချိန်းမှာ ၀ယ်တာက အဆတစ်ရာလောက် စိတ်ချရတယ်။ ကုမ္ပဏီတွေက သူတို့ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြရတယ်။ ဒါကိုကော်မရှင်ကစစ်ဆေးမှာ။ တင်ပြလာမည့် လုပ်ငန်းစဉ် တော်တော်များများက စိတ်ကူးယဉ်တွေများတယ်။ နိုင်ငံတကာမှာဆိုရင် လကမ္ဘာမှာ မြေကွက် လုပ်မယ်။ အင်္ဂါဂြိုဟ်မှာ ကိုလိုနီလုပ်မယ့် ကုမ္ပဏီတွေပါတယ်။ဒါတွေကစိတ်ကူးယဉ်တွေပဲ ဒီလိုတွေကို စစ်ဆေးသွားမယ်။ဒါကြောင့် ကော်မရှင်ကကုမ္ပဏီတွေ တင်ပြလာတာကို တကယ်ဖြစ်နိုင်လား၊မဖြစ်နိုင် ဘူးလားဆိုတာစစ်ဆေးရမယ်။

စတော့အိတ်ချိန်းစရင် လက်ရှိရှိ နေတဲ့ အများပိုင်ကုမ္ပဏီတွေနဲ့ ချက်ချင်းအဆင်ပြေနိုင်ပါသလား။

အခုအများပိုင်ကုမ္ပဏီအခု ၂၀၀ ကျော်ရှိနေပြီး အများစုက တော့ စပြီးထောင်တဲ့ကုမ္ပဏီများ တယ်။ စထောင်တယ်ဆိုတော့ ပြည့်စုံမှုရှိချင်မှရှိမယ်။ သို့သော် လည်း ကော်မရှင်က စတော့အိတ် ချိန်းမှာ စာရင်းတင်ချင်တဲ့ ကုမ္ပဏီတွေအတွက်ရှိမယ့် စံချိန်စံညွှန်း တွေကို မကြာခင်ထုတ်ပြန်ဖို့ရှိ တယ်။ ထုတ်ပြန်ထားတဲ့ စံနှုန်း တွေနဲ့မညီရင် ညီအောင်လုပ်ရ မယ်။ ကုမ္ပဏီမှာ အုပ်ချုပ်မှုတွေ မကောင်းသေး ရင် ကောင်းအောင် လုပ်၊ စာရင်းကိုင်စံနှုန်းတွေ မညီ သေးရင် သတ်မှတ်ထားတဲ့ စံနှုန်း တွေအတိုင်းလုပ် ရမယ်။ လော လောဆယ် ကုမ္ပဏီအခု ၂၀၀ ကျော်ရှိတယ်ဆိုပေမယ့် အားလုံး ကောင်းတယ်လို့ ပြော လို့မရသလို မကောင်းဘူးလို့လည်း ပြောလို့မရဘူး။ ကောင်းတာရှိတယ်။ မ ကောင်းတာရှိတယ်။ စတဲ့အချိန် မှာတော့ ကောင်းတဲ့ကုမ္ပဏီနဲ့စ မယ်။ ပြည်သူတွေအကျိုးရှိတဲ့ ကုမ္ပဏီ၊ ပြည်သူတွေမနစ်နာမယ့် ကုမ္ပဏီ လက်ရွေးစင်တွေရွေးပြီးစ မယ်။

စတော့အိတ်ချိန်းကို ၀င်ဖို့လက်ရှိ ရွေးထားတဲ့ ကုမ္ပဏီဘယ်နှခုရှိပါပြီလဲ။ သူတို့ကို ဘယ်လိုပုံစံနဲ့ရွေး ချယ်မလဲ။

မရွေးရသေးဘူး။ရွေးဖို့စံနှုန်း တွေသတ်မှတ်ထားတယ်။ ဂျပန်စံ နှုန်းတွေလည်းပါတယ်။ ကမ္ဘာ့စံ နှုန်းတွေ လည်းပါတယ်။ သူတို့စံ နှုန်းတွေ အရမ်းမြင့်တာတွေပါ တယ်။ တို့လောကက အခုမှဆန်းသစ်စကုမ္ပဏီတွေ ပဲ ရှိသေးတာ။ သူတို့က လုပ်စားလာတာနှစ် ၃၀၀လောက်ကြာပြီဆိုတော့ သူတို့ပေတံနဲ့ တိုင်းရင်ကိုက်ညီ မှာမဟုတ် ဘူး။ မြန်မာပြည်ကဈေးကွက်နဲ့ ကိုက်ညီအောင်နောက်ပြီး သူတို့စံ နှုန်းတွေနဲ့ သိပ်မကွာအောင် ချိန် ညှိပြီးလုပ်ထားတယ်။ ဒါတွေက လည်းအဆောတလျင်လုပ်ဖို့မလို ဘူး။ ခိုင်ခိုင်မာမာဖြစ်ဖို့ပဲလိုတာ။ သူများစတော့အိတ်ချိန်းတွေလို နှစ်ပေါင်း  သုံးလေးရာလောက်ကြာအောင်  လည်ပတ်နိုင်ဖို့လိုတယ်။

စတော့အိတ်ချိန်းက အောက်တို ဘာလမှာ စမယ်လို့ပြောထားပေ မယ့် လူထုအနေနဲ့စတော့အိတ် ချိန်းက မရင်းနှီးသေးတော့ တ ကယ်စလုပ်ရင် အောင်မြင်နိုင်မယ်လို့ ၀န်ကြီးအနေနဲ့ ယုံကြည်မှုရှိပါသလား။

သီလ၀ါအများပိုင်ကုမ္ပဏီက နေပြီး မကြာခင်က ရှယ်ယာတွေ ထုတ်ရောင်းတယ်။လူထုကတော် တော် ၀ယ်ကြတယ်။ လူထုက စ တော့နဲ့ စိမ်းတာဆိုတာမဖြစ်နိုင် ဘူး။ လူထုကမစိမ်းဘူး။ တောက လူတွေသာ စိမ်းချင်စိမ်းမယ်။ မြို့ ပေါ်ကလူတွေ မစိမ်းဘူး။အလယ် အလတ်တန်းစားတွေလည်း မစိမ်းဘူး။ သူ့လိုပဲ အခြားအများပိုင် ကုမ္ပဏီတွေက ရှယ်ယာတွေထုတ်ရောင်းကြတယ်။ ၀ယ်ကြတာပဲ။ ဒါကြောင့် စတော့အိတ်ချိန်းက လူခုနဲ့စိမ်းလားဆိုတော့ သာမန်လူထုနဲ့ စိမ်းချင်စိမ်းမယ်။အလယ်အလတ်နဲ့ အထက်တန်းလွှာက လူတွေကတော့ မစိမ်းပါဘူး။ အခုလည်း Listed ကုမ္ပဏီတွေ (ရှယ် ယာရောင်းရန် စာရင်းသွင်းသည့် ကုမ္ပဏီ)၊ security ကုမ္ပဏီတွေ အများကြီးပဲ လျှောက်လွှာတင် ကြတယ်။ သူတို့လျှောက် လွှာတွေ ကိုကြည့်ရင်  သူတို့သေချာလုပ် ထားတာသိသာတယ်။ ဖြစ်သလို တင်လာတဲ့ ကုမ္ပဏီတွေလည်း ရှိ ပါတယ်။

နောက်ပြီး စတော့အိတ်ချိန်း မပါဘဲနဲ့တောင် အောင်မြင်နေရင် စတော့အိတ်ချိန်းပါရင် ပိုတောင် အောင်မြင် ဦးမယ်။

စတော့အိတ်ချိန်းစမယ်ဆိုရင် မြန်မာ့စီးပွားရေးကဘာတွေပိုကောင်း လာနိုင်မလဲ။

စတော့အိတ်ချိန်းပေါ်လာ ရင် အများပိုင်ကုမ္ပဏီတွေ အတိုး မပေးရဘဲ ရင်းနှီးမြှုပ်နှံမယ့် ငွေ ကြေးတွေ ရလာမယ်။ သူတို့လုပ် ချင်တဲ့ ပရောဂျက်တွေကို လုပ်လာနိုင်တယ်။ ဒါဆိုရင် စီးပွားရေးတိုး တက်လာနိုင် မယ်။ စတော့ရှယ် ယာတွေပေါ်လာရင် စီးပွားရေး အဆင်ပြေလာမယ်။ ဒီလိုအဆင်ပြေလာရင် နိုင်ငံတော် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုလည်း ရှိလာမယ်။ 

ဥပမာ ဗီယက်နမ်မှာဆိုရင်စတော့ အိတ်ချိန်းကောင်းတော့ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုသွားလုပ်လို့ ရတယ်။ မြန်မာလည်း တစ်ချိန်ကျရင် ဒီလိုဖြစ်လာမယ်။ စတော့အိတ်ချိန်းဖြစ်လာခြင်းက နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာခြင်းပဲ။

ကုမ္ပဏီတွေဘက်ကကော အဆင်သင့်ဖြစ်ပြီထင်လား၊ ဘာအခက်အခဲတွေပါလဲ။
 
အခက်အခဲဆိုတာထက် စိန်ခေါ်မှုတွေရှိတယ်။  အိုင်စီတီ system တွေရှိရမယ်။ ကုမ္ပဏီဆို တာ နှစ်ခု ရှိတယ်။ security ကုမ္ပ ဏီဆိုတာ service provider တွေ သူတို့မှာလည်း အခက်အခဲတွေရှိ မှာပေါ့။ ခုနကပြောတဲ့ security system လုပ်တာတို့ ရှိမယ်။ ဒါက တော့ ဘယ်ဈေးကွက်မှာပဲ ဘယ် အရာကိုပဲ စလုပ်လုပ်စလုပ်တဲ့သူ တွေမှာပဲ ဒါတွေရှိမှာပါ။ ကြောက်နေလို့တော့မဖြစ်ဘူး။ ကြောက်နေရင် အလုပ်ဖြစ် မှာ မဟုတ်ဘူး။ဒါတွေကတော့ သိပ်ကြီးကြီးကျယ် ကျယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဗမာလူမျိုးတွေကို ယုံကြည်တယ်။ ကိုယ့်ထက်  စောဖွင့်ထားတဲ့ ဗီယက်နမ်မားကက်လောက်ကို  သုံးနှစ်လောက်အတွင်း လိုက်နိုင် သွားလိမ့်မယ်။ ကမ္ဘောဒီးယား၊ လာအိုတို့လောက်တော့ သာသာ လေးကျော်သွားနိုင်တယ်။ ဒါ ကြောင့်မို့လို့လည်း နိုင်ငံတကာက လေးလေးစားစားနဲ့ သံတမန်တွေ ပို့နေတာ။ ထိုင်းတို့၊ စင်ကာပူ ၊ ဟောင်ကောင် စတော့အိတ်ချိန်း က သံတမန်တွေလာပြီးတို့နဲ့ဆက် သွယ်ဖို့၊ MoU ထိုးဖို့ အကြိတ်အ နယ်လုပ်နေကြတယ်။ ဒါဟာ သူ တို့ရဲ့ အောင်မြင်မှုကို ယုံကြည်လို့ လာဆက်သွယ်နေကြတာ။ နောက်ပိုင်း ကို  နိုင်ငံတကာမှာ Dual Listing ဆိုတာရှိတယ်။ စတော့ဈေးကွက်နှစ်ခုမှာ မှတ်ပုံ တင်ပြီး ရှယ်ယာတွေ ထုတ်ရောင်း တာပေါ့။ ဥပမာ မြန်မာပြည်က ကုမ္ပဏီတစ်ခုသည် မြန်မာပြည်စ တော့အိတ်ချိန်းမှာ မှတ်ပုံ တင်မယ်။ သူ့ကို ဒီမှာတင်ခွင့်ပြုလိုက်ရင်သူကလည်း ဒီမှာရှယ်ယာ ထုတ်ရောင်းမယ်။ မြန်မာပြည် နဲ့ ဟောင်ကောင် နဲ့ aggrement ချုပ်ထားတယ်ဆိုရင် ဟောင် ကောင်မှာလည်း အဲဒီကုမ္ပဏီက သူ့ဈေး ကွက်မှာ ရှယ်ယာထုတ် ရောင်းခွင့်ရမယ်။ အဲဒါကြောင့်နှစ် နိုင်ငံစလုံးက ရင်းနှီးမြှုပ်နှံမှုတွေ ပိုရမယ်။ အဲဒီလောက်ထိ နောက် ပိုင်းမှာကောင်းလာမှာပါ။ သိပ် လောလို့တော့မရဘူး။ အောက် တိုဘာမှာ  ဖွင့်မယ်ဆိုပေမယ့် နောက်ကျလည်း အကြောင်း မဟုတ်ဘူး။ အဓိကက ခိုင်မာဖို့လို တယ်။ ပြယုဂ်မဟုတ် ဘူး။ သေ ချာခိုင်မာဖို့ပဲလိုမယ်။ လူတွေအ မြင်ကောင်းအောင် လုပ်ပြနေတာ မဟုတ်ဘူး။ သေချာအောင် ၊ ရေ ရာအောင်လုပ်နေတယ်။ ဒါပေမဲ့ အားလုံးမှန်းထားတာတော့ အောက်တိုဘာကို မှန်းထားပါ တယ်။ သို့သော် အကြောင်း ကြောင်းကြောင့်  နောက်ကျသွား လည်း ပြဿနာမရှိဘူး။ သေချာ ရေရာဖို့ပဲစံထားတယ်။  သမိုင်း တွင်မယ့် လုပ်ငန်းကြီးကို ပေါ့ပေါ့ ဆဆပြီးစလွယ်လုပ်သွားတာကို မလုပ်ချင်ဘူး။ သေချာလုပ်ပေးခဲ့ ချင်တယ်။

နိုင်ငံတကာ  အဖွဲ့အစည်းဘယ် နှခုလောက်ရဲ့  အကူအညီရယူ ထားလဲ။ ရင်းနှီးမြှုပ်နှံမှုက ဘယ် လောက် ရှိမလဲ။

စတော့အိတ်ချိန်းထောင် မယ်ဆိုတာက မြန်မာပြည်လွတ် လပ်ရေးရကတည်းက ရည်မှန်း ချက်ရှိခဲ့တယ်။ ဆိုလိုတာက အဲဒီ ခေတ်က အုပ်ချုပ်တဲ့သူတွေရဲ့ စိတ်ထဲမှာကတည်းက စတော့ ရှယ်ယာဈေးကွက်ထောင် မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ကျောင်း သင်ရိုးတွေမှာ စတော့ရှယ်ယာ  တွက်နည်းသင်ရိုးကိုပါ ထည့်ထား ဖူးတယ်။ အဲဒီကာလကတည်းက ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် မဖြစ်ခဲ့ဘူး။ 

ဆိုရှယ်လစ် ခေတ်ပြောင်းတုန်းကလည်း မ လုပ်ခဲ့ရဘူး။ ၈၈ နောက်ပိုင်း ရောက်လာတော့စနစ်တွေပြောင်း ပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်ဖို့ပြင်ဆင်တာတွေဖြစ် လာတယ်။ ဒါကြောင့် စတော့ဈေး ကွက်ထောင် မယ်ဆိုပြီး ၁၉၉၆က အုပ်ချုပ်တဲ့အစိုးရက စဉ်းစား တယ်။ စဉ်းစားပြီးတော့ အဖွဲ့ကြီး တစ်ဖွဲ့ ဖွဲ့လိုက်တယ်။ အဲဒီအဖွဲ့ ကြီးက တော်တော်ကြီးတယ်။ ၀န် ကြီးတွေကိုခုနစ်ဦး၊ရှစ်ဦးလောက်နဲ့ ဖွဲ့လိုက်တယ်။ ဒါပေမဲ့ လည်း အ ကြောင်းအမျိုးမျိုးကြောင့် လုပ်ခွင့် မရခဲ့ဘူး။ အဓိကကတော့အဖွဲ့က သိပ်ကြီးသွားလို့မဖြစ်ခဲ့ဘူး။ မဖြစ် ခဲ့ပေမယ့် အခုရွေးချယ်တင် မြှောက်တဲ့  ဒီမိုကရေစီအစိုးရ လက်ထက်  ရောက်လာတော့ ၂၀၁၂ မှာ ကိုယ့်ကိုဒုဝန်ကြီးခန့် လိုက်တယ်။ တစ်ပါတည်းတာဝန် ပေးတဲ့အထဲမှာပါ ထည့်ပေးလိုက် တယ်။ ၂၀၁၂ ကစပြီး လေးလေး နက်နက်ဆက်တိုက်ထားပြီး လုပ် လာတာ ပြင်ဆင်ရေးကော်မတီ ငါးဦးဖွဲ့တယ်။ အဲဒီမှာ ကိုယ်က ဥက္ကဋ္ဌနည်းနည်းလေးနဲ့ပဲ လှုပ်ရှား လိုက်တာ အခုအခြေအနေထိ ရောက်လာတာ။ တည်ထောင် တဲ့ နေရာမှာလည်း မြန်မြန်လုပ်လို့ မရဘူး။ အတွေ့အကြုံမှမရှိတာ။ ငွေကြေးအကူအညီရော နည်းပ ညာအကူအညီရော လိုတဲ့အ တွက် ၁၉၉၆ ထဲက ဂျပန်ကဒိုင်ဝါ ဆိုတဲ့အဖွဲ့အစည်းက အကူအညီပေးနေတဲ့ အဖွဲ့အစည်းနဲ့ပဲစပြီး joint venture ထောင်လိုက်တယ်။ မြန်မာအစိုးရပါတယ်။ အစိုးရ ကိုယ်စား မြန်မာ့ စီးပွားရေးဘဏ် ကို ကိုယ်စားပြုခိုင်းထားတယ်။ ဂျပန်ဘက်ကတော့ ဒိုင်ဝါနဲ့ဂျပန် စတော့အိတ်ချိန်းဈေးကွက် အဖွဲ့ နဲ့ပေါင်းပြီး  ထောင်လိုက်တယ်။ joint venture မှာ ၃၁ ဘီလီယံ ရင်းနှီးမြှုပ်နှံတယ်။ မြန်မာဘက် က ထုံးစံအတိုင်း ၅၁ ရာခိုင်နှုန်း ယူတယ်။ ကျန်တာက ဂျပန်အဖွဲ့ နှစ်ဖွဲ့က မျှထည့်တယ်။ ခြုံပြော မယ်ဆိုရင် ဂျပန်အဖွဲ့အစည်းရယ်၊ အစိုးရရယ်ပါတော့ မြန်မာပြည် မှာ စမယ်ဆိုရင် ဂျပန်ရဲ့ကိုယ်ပွား စတော့အိတ်ချိန်း လို့ ပြောလို့ရမ လား။ ပြောလို့မရဘူး။ ဂျပန်ရဲ့အ ကူအညီကို ယူတာမှန်ပေမယ့် သူ တို့အကူအညီတစ်ခု တည်းနဲ့ ပြီး သွားတာမဟုတ်ဘူး။ သူတို့အကူ အညီယူတယ် ဥပဒေကြမ်းကိုရေး ပေးတယ်။ ဒါပေမဲ့ သူတို့ ဥပဒေ ကြမ်းကို ပြင်လိုက်တာ မြန်မာ ပြည်ရဲ့ လက်ငင်းအခြေအနေကို ပေါင်းပြီးပြင်လိုက်တာ။ ဥပဒေ ပြင် တဲ့အခါမှာ ကိုယ်ကဥပဒေမှာ Ph.D ဆိုတော့ သိပ်ပြဿနာမရှိပါ ဘူး။ ဒါပေမဲ့ တော်တော်တော့လုပ် လိုက်ရ တယ်။ ဂျပန်နိုင်ငံဈေး ကွက် အသေးစားလေးဖြစ်နိုင်မယ် လို့ ပြောလို့မရဘူး။ ထို့အတူပဲ ဘယ်ဈေးကွက်ရဲ့ အသေးစား လေးမှ ဖြစ်မှာမဟုတ်ဘူး။ မြန်မာ မူနဲ့ပဲသွားမယ်။ မြန်မာ့နည်း မြန် မာ့ဟန်နဲ့သွားမယ့်ဇာတ် လမ်းပဲ။ နောက်ဆုံး အစကဝေဖန်မှုတွေရှိ တယ်။ အခုတော့ တိတ်သွားပါပြီ။ ဟန်ဆောင်လုပ်တာလား၊ ရုပ်ပြ လုပ်တာလားဆိုတာ တကယ် တော့မဟုတ်ပါဘူး။ တခြားနိုင်ငံ က စတော့အိတ်ချိန်းသမားတွေက တို့နိုင်ငံနဲ့ လက်တွဲချင်နေကြ တယ်။ အဲဒါကိုက ဘယ်လိုပြလဲ ဆိုတော့ တို့အောင်မြင်မယ်ဆိုတာ ယုံကြည် မှုရှိတယ်ဆိုတာကိုပြပြီး သား။ အောင်မြင်မယ်၊ မအောင် မြင်ဘူးဆိုတာ မပြောချင်ပါဘူး။ ငွေရောင် ပိတ်ကားပေါ်မှာ ရှုစား ကြပါလို့ ပြောချင်တယ်။

အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

7Day News Journal


No comments:

Post a Comment

My Blog List