Tuesday, May 19, 2015

TNLA က ကားများကိုဆက်ကြေးကောက်ခံ၍ တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွား




မူဆယ်နှင့် နမ့်ဖက်ကာရွာကြားတွင် TNLA က ယာဉ်များကို ငွေကြေးကောက်ခံသောကြောင့် အစိုးရ တပ်မတော်က နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းကြောင်းတစ် လျှောက် ယာဉ်စီးရေ ရာချီ၍ ပိတ်ဆို့ခဲ့ကြောင်းသတင်း ရရှိသည်။


မေလ ၁၈ ရက်နံနက်မှစတင်၍ မူဆယ်နှင့်ကွတ်ခိုင်ပိုင် နမ့်ဖက်လွန်ရွာအနီး ပန်ဂျလော့ တောင်တက် လမ်းပေါ်တွင် TNLAက နှစ်နေရာခွဲ၍ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။

တအာင်န်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ပြောရေးဆိုခွင့် ရှိသူ မိုင်းအိုက်ကျော်က ၎င်းတို့ အနေဖြင့်စစ်ရေးအသုံးစရိတ်လိုအပ်ျက်ကြောင့် ကောက်ခံခြင်းဖြစ်ကြောင်းပြောသည်။

‘‘ဘာကြောင့်ကောက်ရသလဲဆိုရင် အဓိကအကြောင်းရင်းက ၂၀၁၄-၁၅ မှာ ကျွန်တော်တို့ ဒေသမှာ စစ်ပွဲတွေတအားများတယ်။ စစ်ပွဲတွေများတော့ စစ်ကုန်ကျစရိတ်တအားများတယ်’’ ဟု မိုင်းအိုက်ကျော် ကပြောသည်။

ယင်းနေ့နေ့လယ်တွင် အစိုးရတပ်မတော်က လမ်းကိုခေတ္တပိတ် လိုက်ပြီး TNLA အဖွဲ့ ငွေကြေး ကောက် ရာနေရာအနီးသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ယင်းနေရာသို့ရောက်နေသည့် ယာဉ်မောင်းတစ်ဦး ကပြောကြား သည်။ နှစ်ဖက်တိုက်ပွဲဖြစ်သံများ ကြားရပြီး မေလ ၁၈ ရက်ညနေ ၄ နာရီခန့်တွင် လမ်းပွင့် သွားပြီး ယာဉ်များ     ဖြတ်သန်းခွင့်ရခဲ့ ကြောင်း ၎င်းကပြောသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်အဆင့်  ရဲအရာရှိကြီး တစ်ဦးက ‘‘မိုးတွင်းအတွက် ရိက္ခာ ရှာတာထင်ပါတယ်ဗျာ။ လမ်းအသုံးပြုသူတွေကတော့ စိတ်ရှုပ် ရတယ်။ တပ်ကတော့ ရှင်းလင်းဖို့ လုပ်မှာပါ’’ ဟုပြောသည်။

TNLA ကနမ့်ဖက်လွန်ရွာတွင် ငွေကြေးကောက်ခံနေစဉ် တပ်မတော်နှင့်တိုက်ပွဲဖြစ်မည်စိုး သောကြောင့် မူဆယ်ဘက်ခြမ်း နမ့်အွန်ရွာ၌ ယာဉ်ဆက်လက်မမောင်းနှင်တော့ဘဲ အခြေအနေကိုစောင့် ကြည့်နေကြောင်း ယာဉ်မောင်းများကပြောသည်။

‘‘အရင်တစ်ခါအကောက်ခံ ထားရတဲ့သူတွေကလည်း ဘောက် ချာတွေပြ။ မပေးရသေးတဲ့သူတွေ ကလည်း မရှိတဲ့သူကမရှိ။ ရှိတဲ့ လူကလည်း လက်ထဲအသင့်ကိုင် ထားပြီး   စောင့်ရတာပေါ့ဗျာ။ ဒီလမ်းပိုင်းကတော့ အန္တရာယ်နဲ့ ရင်းပြီးသွားရတာပဲ’’ဟု ယင်းလမ်း ကြောင်းတွင် ပုံမှန်ဖြတ်သန်းနေ သည့် ကုန်တင် ယာဉ်မောင်းတစ် ဦးကပြောသည်။

ပြီးခဲ့သည့်ဧပြီလကုန်ကလည်း ကွတ်ခိုင်မြို့အနီးမှ ယာဉ်များကို ငွေကြေးကောက်သည့်TNLA အဖွဲ့အား အစိုးရတပ်မတော်က ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။


7Day News Journal


No comments:

Post a Comment

My Blog List