Tuesday, May 19, 2015

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြီး


လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲပြီးစီးပြီး ဖြစ်သည် ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး အေးအေးမြင့်က မဇ္ဈိမကို ပြောသည်။ လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စတင် ၍ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဥပဒေရေးရာ ကျွမ်း ကျင်သည့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့်ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။


ရဲမှူး အေးအေးမြင့်က “ဥပဒေကြမ်းရဲ့ မူကြမ်းကတော့ ရုပ်လုံးပေါ်လာပြီပေါ့။ ဒီနှစ်မကုန်ခင် လွှတ်တော်ကို တင်နိုင်ဖို့ မှန်းထားပါတယ်။ အရင်ဥပဒေက လက်တွေ့မှာ နည်းနည်း လိုအပ်ချက်တွေ တွေ့လာရတယ်။ အဲ့တာကြောင့် ဥပဒေကို မြန်မာနိုင်ငံနဲ့ကိုက်ညီအောင် လက်ရှိဖြစ်နေတဲ့ လူကုန် ကူးမှု အနေအထားတွေ နဲ့ကိုက်ညီအောင် ရေးဆွဲထားပါတယ်” ဟု ပြောသည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ၊ ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မကုန်ခင် ဥပဒေကြမ်းကိုမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တစ်ဆင့် လွှတ်တော်တွင် တင်ပြနိုင် ရန် မျှော်မှန်းထားသည်ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေနှင့် ဆက်နွှယ်သည့် ဌာနများဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အစရှိသည့် အစိုးရ ဌာနဆိုင်ရာ အရာရှိများ ပါဝင်သည့် မူကြမ်းရေးဆွဲရေး ကော်မတီကို ထပ်မံဖွဲ့စည်း ပြီး ဥပဒေကြမ်း မူကြမ်းကို ဆွေးနွေး၍ အကြုံပြုချက်များ ထပ်မံရယူ၍ ဖြည့်စွက်သွားမည် ဖြစ်သည်။

အဆိုပါ ဥပဒေနှင့် ပတ်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီး ခင်မောင်လှက “ပထမ ရှိပြီးသား ဥပဒေကို ဖြည့်စွက်ဖို့ လိုအပ်လာလို့ပါ။ ဥပဒေက ပြဋ္ဌာန်းခဲ့တာ ဆယ်နှစ်ရှိခဲ့ပြီ ဆိုတော့ ဖြည့်စွက်စရာတွေ ရှိလာပြီလေ။ လူကုန်ကူးမှုဆိုတော့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရတာ ဆိုတော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြောင်းလဲနေတာပါ။ ဥပဒေတွေကို နိုင်ငံတကာမှာလည်း ဆယ်နှစ်လောက် ဆို ပြန်ပြီး လေ့လာသုံးသပ်ကြတာ များပါတယ်” ဟု ပြောသည်။

ယခင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွင် လူကုန်ကူးခံရသည့် ကလေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးကိုသာ ဦးစားပေး ရေးဆွဲခဲ့သော်လည်း ပြင်ဆင်ထားသည့် ဥပဒေကြမ်း မူကြမ်းတွင် အမျိုးသား များ အပါအဝင် လူကုန်ကူးခံရသူ အားလုံး၏ အခွင့်အရေးကို တန်းတူညီမျှ ရေးဆွဲထားခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ရန်ပုံငွေနှင့် ပြစ်မှုပြစ်ဒဏ်များကို လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် ပြင် ဆင်ဖြည့်စွက်ထားသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးကို လုပ်ငန်းရပ် ၇၅ ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း လေးလလျှင်တစ်ကြိမ် ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်းရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List