Friday, May 22, 2015

ဘင်္ဂါလီဒုက္ခသည်များနေထိုင်ရန် အင်ဒိုနီးရှားက ကျွန်းတစ်ကျွန်း စီစဉ်ပေးဖွယ် ရှိဟုဆို


ဘင်္ဂါလီဒုက္ခသည်များ အင်ဒိုနီးရှား၏ အာချေးပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိလာနေကြပြီး ဒုက္ခသည် များအတွက်အဖြေရှာရန် အင်ဒိုနီးရှားအစိုးရက ဆောင်ရွက်နေသည်။ အင်ဒိုနီးရှားသည် ဒုက္ခသည်များ နေ ထိုင်ရန် ကျွန်းတစ်ကျွန်းပေးမည်လားဆိုသည့် မေးခွန်းတစ်ခုပေါ် ထွက်လာသည်။ 


ဂျကာတာရှိ လူမှုရေး နှင့် နိုင်ငံရေးသိပ္ပံဌာနမှ နိုင်ငံတကာ ဆက်ဆံရေးပညာရှင် ဇိန်းလာတူကွန် ဆီနာက အင်ဒိုနီးရှားသည် အာ ချေးပြည်နယ်တွင် သောင် တင်နေ သူများအတွက် နေရာစီစဉ်ပေးနိုင် သည်ဟု မေ ၁၉ ရက်တွင် ပြော ခဲ့သည်။

အင်ဒိုနီးရှားတွင် လူမနေသည့် ကျွန်းထောင်ပေါင်းများစွာရှိကြောင်း၊ထိုကျွန်းများကို ဘင်္ဂါလီဒုက္ခသည် များနေထိုင်ရန် အသုံးပြုနိုင်ကြောင်း ၄င်းကပြောခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ သည် အတိတ်ကာလတွင်လည်း ဗီ ယက်နမ်ဒုက္ခသည်များကို Riau ကျွန်းတွင်နေထိုင်ခွင့်ပေးခဲ့သလို ယခု ကိစ္စတွင်လည်း အဓိကနေရာမှ ပါ ဝင်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။

ကျွန်းစုပေါင်း ၁၇ဝဝဝ ကျော် ဖြင့်ဖွဲ့စည်းထားသော အင်ဒိုနီးရှား နိုင်ငံမှ ကျွန်းပေါင်း ၆ဝဝဝ ခန့်တွင် လူနေထိုင်ခြင်းမရှိသေးပေ။ သို့သော် ဘင်္ဂါလီဒုက္ခသည်များအရေးတွင် ထို ပြဿနာကိုဖြေရှင်းရန်မှာ အင်ဒိုနီး ရှား အစိုးရ၏ ရှုမြင်တွေးခေါ်မှုပေါ်တွင် သာ မူတည်နေသည်။

သို့သော် ဇိန်း က ဘင်္ဂါလီအရေးသည် အင်ဒိုနီးရှား နိုင်ငံအတွက်ထိုပြဿနာကိုဖြေရှင်း နိုင်ကြောင်း နိုင်ငံတကာ သို့သက်သေ ပြရန် အခွင့်အလမ်းဟုပြောသည်။

မလေးရှားနှင့် ဗီယက်နမ်တို့က ဒုက္ခ သည်များကို နေစရာစီစဉ်ပေးမည် မဟုတ်သောကြောင့် အင်ဒိုနီးရှား အ နေဖြင့် ယခုပြဿနာတွင် ပါဝင်ကူ ညီရန် ကမ်းလှမ်းနိုင်ခဲ့သည်ဟုလည်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

ထိုသို့ နေစရာဖန်တီးပေးပြီးပါ က အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အင်ဒိုနီးရှားနိုင်ငံက လူသားချင်းစာနာ မှုကိုပြသရာ ရောက်မည်ဖြစ်ကြောင်း ဇိန်းက ပြောသည်။

Ref: CNA
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 

No comments:

Post a Comment

My Blog List