Friday, May 22, 2015

ညှို့ငင်ရမယ့် ဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ စိုးရိမ်နေတဲ့ ဘေဘီမောင်


ညှို့အားပြင်းသည့် Sexy ပုံစံဓာတ်ပုံများရိုက်ကူးသော်လည်း ယောက်ျား တစ်ယောက်အား ညှို့ငင်ဆွဲဆောင် ရမည့် ဇာတ်ရုပ်ကို သရုပ်ဆောင်ရန် စိုးရိမ်စိတ်ရှိ ကြောင်း ဘေဘီမောင်က ပြောသည်။မကြာမီရိုက်ကူးမည့် ‘‘ဂျစ် ပစီဂဲလ်’’ဗီဒီယိုဇာတ်ကားတွင် ဘေဘီမောင်က ၎င်း၏ မိဘများ အား သတ်ဖြတ်သွားသူများကို ပြန် လည်ကလဲ့စားချေရမည့် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းဇာတ်ကားတွင် ယောက်ျား များကို ညှို့ငင်ရမည့်ဇာတ်ဝင်ခန်း လည်းပါဝင်ကြောင်း ၎င်းက ဆို သည်။
‘‘ငယ်ငယ်ကတည်းက ဖိုက် တင်ကိုဝါသနာပါတယ်။ အဲဒါ ကြောင့် ပင်ပန်းခံပြီး၊ ကိုယ်တွေ လက်တွေအနာ ခံပြီး၊ သန်လျင်ထိ သွားပြီး ဖိုက်တင်တွေကျင့်ထား တယ်။ ငယ်ငယ်ကတည်းက Tom Boy (ယောက်ျားဆန်) စိတ်ရှိတယ်။ ဒါပေမဲ့ ယောက်ျားတစ် ယောက်ကို ညှို့ဖို့အတွက်က တော့ ဘေဘီမောင် Sexy တွေ ရိုက်ပေ မယ့်ကြောက်တယ်။ အဲဒါ ကတော့ ကြိုးစားရမယ်’’ဟု ဘေ ဘီမောင်က ပြောသည်။

ဂျစ်ပစီဂဲလ်ဇာတ်ကားတွင် ဘေဘီမောင်က အဓိကဇာတ် ဆောင်အဖြစ် သရုပ်ဆောင်ရမည် ဖြစ်ပြီးဖိုက်တင် ဇာတ်ဝင်ခန်းများကို လူစားမထိုးဘဲ ရိုက်ကူးသွားမည်ဟု ၎င်းက ဆက်လက်ပြော သည်။

‘‘အနုပညာလောကမှာ ဂျက် မကားရိုက်ထားတဲ့ မအေးမြတ်သူ ကိုအားကျ တယ်။ အစ်မလို အောင်မြင်ချင် တယ်။ ဝါသနာ လည်းပါတယ်’’ဟု ၎င်းက ပြော သည်။နိုင်ငံခြားအက်ရှင်ဇာတ်ကားများကို အများဆုံးကြည့် ရှုဖြစ် ပြီး 'So Close' ဇာတ်ကားမှ အက်ရှင်သရုပ်ဆောင် ရှုကြည်ကိုလည်းကြိုက်သောကြောင့် ၎င်း၏ဇာတ် ကားများကိုကြည့်၍ အတုယူဖြစ် ကြောင်း ၎င်းက ဆိုသည်။

ယခင်က Sexy ဓာတ်ပုံ များရိုက်ကူးဖြစ်သည်မှာ အလုပ် အပ်သူများနှင့် ပရိသတ်များ၏ တောင်းဆို မှုကြောင့်ဖြစ်ပြီး ပရိသတ်လက်ခံပါက Sexy ဓာတ်ပုံများ ဆက်လက်ရိုက်ကူးရန်အစီအစဉ်ရှိ ရှိကြောင်း ဘေဘီမောင် က ပြောသည်။

‘‘ပရိသတ်တွေတောင်းဆို ရင်တော့ Sexy ပုံတွေရိုက်ဖို့ရှိ ပါတယ်။ ဒါပေမဲ့ အဖော်အချွတ် တော့မဟုတ်ပါ ဘူး။ Sexy ဆို တာ ပို့စ်တစ်ခုပါ’’ဟု ၎င်းက ပြော သည်။


7Day News Journal

No comments:

Post a Comment

My Blog List