Tuesday, May 19, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် တရားရုံးတွင် တာဝန်ပျက်ကွက်မှု အမှုလာရောက် စစ်ဆေးခံ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိတရားရုံးတွင် တာဝန်ပျက်ကွက်မှုဖြင့် စစ်ဆေးကြားနာမှုအတွက် ထိုင်းဝန် ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာ လာရောက်ခဲ့သည်။ ယင်လပ်သည် အငြင်းပွားဖွယ် ဆန်စပါး အမတော်ကြေး အစီအစဉ်တွင် သူမ၏ အခန်းကဏ္ဍအတွက် တာဝန်လစ်ဟင်း ပျက်ကွက်ခဲ့သည်ဟု စွဲဆို ခံထားရခြင်း ဖြစ်သည်။
အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ယင်လပ်အား အများဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည် ဖြစ် သည်။

ပြီးခဲ့သည့်နှစ်က ရာထူးမှ ဖြုတ်ချခံခဲ့ရသူ ဝန်ကြီးချုပ်ဟောင်း ယင်လပ်က သူ့အပေါ် စွဲဆိုထားနှင့် စွပ်စွဲ ချက်နှင့် ပတ်သက်ကာ ငြင်းဆန်ထားပြီး နိုင်ငံရေး ကစားခံနေရခြင်းသာဖြစ်သည်ဟု ပြောသည်။

အထက်တရားရုံးသို့ လာရောက်သည့် ယင်လပ်က သူ အပြစ်ကင်းကြောင်းကို သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းသတင်းထောက်များကို ပြော ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အမှုတွင် ကိုယ်တိုင်ခုခံသွားမည်ဖြစ်ကြောင်းယင်လပ်က ကြေညာချက်ထုတ်ခဲ့ သည်ကို သည်နေရှင်းသတင်းစာတွင် ဖော်ပြထားသည်။

REF : BBC
Mizzima - News in Burmese

No comments:

Post a Comment

My Blog List