Wednesday, May 20, 2015

ထိုင်း၊အင်ဒိုနဲ့ မလေးတို့ ရိုဟင်ဂျာအရေး ဒီကနေ့ ဆွေးနွေး


ပင်လယ်ပြင်မှာ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်နဲ့ချီ သောင်တင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံ ခေါင်းဆောင်တွေက ဒီကနေ့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ဒီပြဿနာရဲ့ အရင်း အမြစ်ဖြစ်တယ်လို့ စွပ်စွဲ ခံနေရတဲ့ မြန်မာ ကိုယ်စားလှယ် ကတော့ ဒီဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။
ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀၀ လောက်က အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကို ရောက် ရှိနေပေမယ့် အဲဒီနိုင်ငံတွေက ထပ်လက်မခံတဲ့အတွက် ထောင်နဲ့ချီ ပင်လယ်ပြင်မှာ သောင်တင်နေဆဲ ဖြစ် ပါတယ်။

မြန်မာအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာက စိုးရိမ်မကင်းမှု ဖြစ်နေတယ်ဆိုတာကို သိပေမယ့် ဒီကိစ္စမှာ မြန်မာကို အပြစ်တင်လို့ မရဘူးလို့ ပြောလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List