နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၇၁ ပါတီနှင့် ယနေ့ မွန်းလွဲ ၄ နာရီခန့်တွင်ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေဆုံရာတွင် နိုင်ငံရေးပါတီတစ်ခုလျှင် ဆွေးနွေးခွင့် ၅ မိနစ်ပေးခဲ့ပြီး နိုင်ငံရေးပါတီများက လွတ်လပ် ၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကာ နိုင်ငံ့ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် လယ်သမား အရေးများကို တင်ပြဆွေနွေးခဲ့ကြသည်။
ဆွေနွေးမှုပထမပိုင်းတွင် သမ္မတဦးသိန်းစိန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော်လည်း ပါတီ နှစ်ဆယ် ခန့် တင်ပြဆွေးနွေးအပြီး၌ သမ္မတပြန်လည်ထွက်ခွာပြီး ဒုတိယပိုင်းတွင် သဘာပတိအဖြစ်ဲပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆောင်ရွက်ခဲ့သည်။
သော်ဇင်စိုး
The Myanma Age
No comments:
Post a Comment