Friday, May 22, 2015

မန်စီတိုက်ပွဲကိစ္စ ကေအိုင်အေနှင့် အစိုးရ အရေးပေါ်တွေ့ဆုံဆွေးနွေး


ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေအ ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး  နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တွေ မနေ့က မြစ်ကြီးနား မြို့မှာ  အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မန်စီမြို့နယ်အတွင်း ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ နမ်လင်းပါ ကျေးရွာ နားမှာ မေလ ၆ ရက်ကစပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး မြစ်ကြီးနား ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးကြတာပါ။ဆွေးနွေးရာမှာ သစ်မှောင်ခို ခိုးထုတ်မှုတွေကို လိုက် လံဖမ်းဆီးရာကနေတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်း အစိုးရဘက်က ဆွေးနွေးတင်ပြခဲ့တယ်လို့ ကချင် ငြိမ်းချမ်းရေးအကျူးဆောင် ဦးလမိုင်ဂွမ်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ နမ်လင်းပန် ကိစ္စပြဿ    နာနဲ့ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဖက်နဲ့ သဘော ထားလေးကို တင်ပြတာပါ။ တပ်မတော်ဘက်ကလည်းပဲ သူတို့က ကေအိုင်အေကို တိုက်ဖို့ အစီစဉ်မရှိဘူး။ ဒါပေမယ့် နိုင်ငံတော်ပိုင် သယံဇာတဖြစ်တဲ့ သစ်တွေပေါ့လေ။ မှောင်ခိုခိုးထုတ်နေတာ။ ဒါသူတို့ ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံအရပေါ့လေ။

အဲဒါကို ဖမ်းဆီးဖို့သွားတဲ့အချိန်မှာ ကေအိုင်အေကလည်း စစ်တပ်က တပ်ရင်း လေးငါးခြောက်ရင်းလောက် အလုံးအရင်းနဲ့ဝင်လာတဲ့အခါကျတော့ သူတို့လည်းစိုးရိမ်မှုနဲ့ သူတို့ကိုလာလုပ်သလား ဆိုတဲ့ပုံစံမျိုး နဲ့ ကေအိုင်အေ က အဲလိုအထင်နဲ့ ထိတ်တိုက်ရင်ဆိုင်တွေ့ကြတာဖြစ်တယ်။ ဒါ နှစ်ဦးနှစ်ဖက်ရဲ့ သဘောထားကို မနေ့က တင်ပြတာပါပဲ။”

သစ်မှောင်ခိုထုတ်တဲ့ကိစ္စကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာ ကိုတော့နှစ်ဖက် မသိကြသေးဘူး လို့ ပြောပါတယ်။ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ဟာ ဖားကန့်နဲ့ တနိုင်းဒေသဘက်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလည်း  ပြီးခဲ့တဲ့ ဧပြီလက အရေးပေါ်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုက်ပွဲဖြစ်တဲ့ဒေသကိုကွင်းဆင်းလေ့လာဖို့သဘောတူခဲ့ပေမယ့် နောက်ပိုင်း တပ်မတော် ဘက်က မအားတဲ့အတွက် ကွင်းဆင်းလေ့လာမယ့် အစီအစဉ်  ပျက်သွားခဲ့ရပါတယ်။ ကချင်ပြည်နယ် ပဋိ ပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို၂၀၁၃ အောက်တိုဘာလက ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနဲ့ ကေအိုင်အေ တို့သဘောတူညီချက်နဲ့ တဖက် ၄ ဦးကျစီပါဝင် ဖွဲ့စည်းခဲ့တာပါ။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဟာ တလတကြိမ် ပုံမှန်အစည်းအဝေးရှိပြီး တိုက်ပွဲဖြစ်တဲ့ပေါ်မှာ မူတည်ပြီး အရေးပေါ်အစည်းအဝေး လုပ်ဆောင် တာဖြစ်ပါတယ်။  လာမယ့်ဇွန်ဆန်းပိုင်းမျာ ပြန်လည်တွေ့ဆုံဖို့ရှိတယ် လည်း  ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List