Monday, May 18, 2015

အိုင်အက်စ်များသိမ်းယူထားသည့် ရှေးဟောင်းမြို့တော်ကို ဆီးရီးယား စစ်တပ် ပြန်ထိန်းချုပ်






ဆီးရီးယားစစ်တပ်ဟာ ရှေးဟောင်းမြို့တော် ပါလ်မိုင်ရာရဲ့ ပတ်ဝန်းကျင် နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင် ခဲ့ပြီလို့ ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက မေ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်သွေးကြွအုပ်စုက တဒ်မူရာလို့လည်း သိကြတဲ့ အစိုးရထိန်းချုပ်ထားတဲ့ ပါလ်မိုင်ရာမြို့ကို တိုက်ခိုက် မှုကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ  ပျက်စီးမှာကို စိုးရိမ်နေခဲ့ကြတာပါ။

ပါလ်မိုင်ရာမြို့ဟာ ဟွမ်းစ်မြို့နဲ့ ဒမာစကက်မြို့တွေဆီ ဆက်သွယ်နေတဲ့ လမ်းဆုံလမ်းခွလည်း ဖြစ် တာကြောင့် မဟာဗျူဟာအားဖြင့်လည်း အချက်အချာကျတဲ့နေရာမှာ ရှိနေတာပါ။

စစ်တပ်သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဆီးရီးယားနိုင်ငံပိုင်ရုပ်သံ ကနေ ကြေညာသွားတာကတော့ ပါလ်မိုင်ရာမြို့ရဲ့ အရှေ့ဖက်မှာ အိုင်အက်စ် စစ်သွေးကြွတွေ အတော်များများကို စစ်တပ်က သတ်ဖြတ် လိုက်ပြီး ဒီဒေသရဲ့ နေရာအတော်များများမှာ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေဆီလဲ လိုက်နှိမ်နင်းနေပါပြီလို့လဲ ဆိုပါတယ်။

ဟွမ်းစ်မြို့ အုပ်ချုပ်ရေးမှူး တာလလ် အလ် ဘာရာဇီ ပြောတာကတော့ ပါလ်မိုင်ရာမြို့က စစ်စခန်းတခုဆီ သွားကြည့်ခဲ့ရာမှာ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်က ဘေးကင်းနေပြီး ဆီးရီးယားစစ်တပ်ရဲ့ လက်ထဲမှာ လို့ ဆိုပါတယ်။

ဆီးရီးယားစစ်တပ်ဟာ ခုဆို အာမီရီယာမြို့တော်ကိုလဲ ဘေးကင်းအောင် လုံခြုံရေး တာဝန်ယူနေပြီး အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေ မြို့ကနေ ထွက်မသွားခင် အိမ်တွေကြားမှာ ထောင်ခဲ့တဲ့ ဗုံးတွေကိုလဲ ရှင်းလင်းနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောတာကတော့ အိုင်အက် စ် တိုက်ခိုက်ရေးသမားတွေဟာ မေ ၁၆ ရက် သူတို့ နေရာယူထားကြတဲ့ မြို့တော်ရဲ့ မြောက်ပိုင်းကနေ ဆုတ်ခွာ သွားကြပေမယ့် ပါလ်မိုင်ရာရဲ့ မြောက်ဖက်က ရွာတရွာကိုတော့ ထိန်းချုပ်ထားဆဲလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရရဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာန အကြီးအကဲ မာမွန် အဗ္ဗဒလ်ခါရင်မ်က စစ်တပ်ဟာ မြို့တော်တခုလုံးကို ပြန်ထိန်းချုပ်နိုင် ခဲ့ပြိး  မြို့တ်ာရဲ့ အနောက်တောင်ဖက်က ရှေးဟောင်း အမွေအနှစ်တွေလည်း မပျက်မစီး ရှိနေပါတယ်လို့ ပြောဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List