Friday, February 20, 2015

အဝိုင်းခံထားရသော စစ်သားများလက်နက်ချခြင်းကို မတားဆီးရန် ပူတင်က ယူကရိန်းအစိုးရကို တောင်းဆို


ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဘတ်ဆီဗီမြို့တွင် ခွဲထွက်ရေးသူပုန်များ၏ ဝန်းရံခြင်းခံထားရသော ယူကရိန်းစစ်သားများ လက်နက်ချ ခြင်းကို ခွင့်ပြုရန် ယူကရိန်းအစိုးရ ကို အင်္ဂါနေ့တွင် တောင်းဆိုခဲ့ကြောင်း AFP သတင်းအရ သိရသည်။
ယူကရိန်းအာဏာပိုင်များအ နေဖြင့် ယူကရိန်းစစ်သားများ လက် နက်ချခြင်းကို မတားဆီးရန် မျှော် လင့်ကြောင်း ပူတင်က ဘူဒါပက်မြို့ မှ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ထို့အပြင် ၄င်းက ယူ ကရိန်းအစိုးရသည် လက်နက်ချသည့် စစ်သားများကို တရားဥပဒေအရ အရေးမယူ ရန် မျှော်လင့်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခကို စစ်ရေးဖြင့် ဖြေရှင်း၍မရနိုင်ဟုလည်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ ယူကရိန်း အစိုးရက တနင်္လာနေ့တွင် စစ်သား များသည် နိုင်ငံအရှေ့ပိုင်းရှိ သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ မဟာဗျူဟာ ကျသော ဒီဘတ်ဆီဗီမြို့တွင် သူပုန် များ၏ဝန်းရံခြင်း ခံထားရကြောင်း ဝန်ခံခဲ့သည်။

ယူကရိန်းကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဥရောပမှ ကြားဝင်ဆောင်ရွက်ပေးသည့် အပစ် အခတ်ရပ်စဲရေးရှိနေသော်လည်း ဒီ ဘတ်ဆီဗီမြို့တွင် တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့ကြောင်းနှင့်ထိုမြို့မှ ဝန်းရံခံထားရသည့် စစ်သားအချို့ သည် အညံ့ခံလိုက်ပြီဖြစ်ကြောင်း ပြောသည်။

ယူကရိန်းအစိုးရနှင့်သူပုန်များ ၏အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်နှင့် ပတ်သက်၍လည်း ပူတင် က တနင်္ဂနွေနေ့နောက်ပိုင်းအသေး စားပစ်ခတ်မှုများ သာ ရှိတော့ကြောင်း နှင့်နှစ်ဖက်စလုံးမှ စစ်ရေးအရလှုပ် ရှားမှုများလည်း လျော့ ကျသွား ကြောင်း ပြောခဲ့သည်။

Ref:AFP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List