Monday, February 16, 2015

ကျောင်းသားသပိတ်များ ရန်ကုန်သို့ ဝင်သင့် မဝင်သင့်

ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများတောင်းဆို လိုက်သည့်အချက်များကို ဥပဒေတွင် ပြင် ဆင်ရန်လွှတ်တော်သို့ ပေးပို့မည်ဖြစ်ကြောင်း ကတိပြုလိုက် ပြီး နောက်ပိုင်း ပညာရေး ဥပဒေပြင်ဆင်ရန် ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ဦးတည်ချီတက် လာနေခြင်းကို ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်နေသည်။
အစိုးရကလည်း ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့်ပင် အမျိုးသားပညာရေး သပိတ်မှောက်ကျောင်းသား စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။

သို့သော်လည်း ဒီမိုကရေစီပညာရေး သပိတ်ပင်မစစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၃ ရက် ရက်စွဲဖြင့်ပင် ကျောင်းသားသပိတ်သည် ဥပဒေနှင့် ပတ်သက်၍ လွှတ် တော် အဆုံးအဖြတ်သည့် ကျေနပ်စရာရလဒ် မထွက်ပေါ်ပါက ဆက်လက်တောင်း ဆိုရန် ချီတက်မည်ဖြစ်ပြီး ရလဒ်ကိုကျေနပ်ပါကလည်း အောင်မြင်မှု အထိမ်း အမှတ်ဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့ သည်။

ယင်းသို့ ရလဒ်ကို ကျေနပ်ပါက အောင်မြင်မှုအထိမ်းအမှတ်ဖြင့် ဆက်လက်ချီ တက်မည်ဆိုခြင်းကို ဝေဖန် မှုများရှိနေပြီဖြစ်သည်။ ယင်းအပြင် လက်ရှိနယ် စပ်ရေးရာ အခြေအနေများကြောင့် တိုင်းပြည်မငြိမ်မ သက် ဖြစ်နေချိန် တွင် ကျောင်းသားများသည် ဆွေးနွေးပွဲ အခြေ အနေများကို စောင့်ကြည့်ကာ သပိတ် စစ် ကြောင်းကို ခေတ္တရပ်နားသင့်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ် လာသကဲ့သို့ ကျောင်းသားများ၏လုပ် ရပ်ကို အားပေးထောက်ခံသူများလည်း ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ကျောင်းသားများသည် ကျေ နပ်သည့်ဆွေးနွေးမှုများ မရရှိ လာပါက သပိတ်ကို ဆက်လက်ပြုလုပ်သင့်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ဆွေးနွေးပွဲရလဒ် အခြေအနေ များကို စောင့်ဆိုင်း၍ သပိတ်ကို ခေတ္တခဏရပ်နားသင့်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NLD) ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ''ကျွန်တော့်အမြင်ကတော့ ရန်ကုန်ကို သပိတ်က ဆက်သွားစရာအကြောင်း မရှိတော့ဘူးလို့မြင်တယ်'' ဟု ဆိုသည်။

သို့သော်လည်း သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်ခြင်းနှင့်ပတ်သက်ပြီး ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က ''ထူးခြားတဲ့ အာမခံချက်မရှိသေးပါဘူး။ ဒီအချက်တွေက လွှတ်တော်ကို ဆွေးနွေးမှုတွေက ပြန်လည် ပျက်ယွင်းသွားတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သပိတ် စစ် ကြောင်းကို ရပ်တန့်လိုက်ဖို့ကမဖြစ်နိုင်ပါဘူး။ အင်အားကို ကိုင်တွယ်ထားရမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းကမူ ဥပဒေကို သုံးရက်အတွင်း ပြဋ္ဌာန်းပေးရန် မေတ္တာရပ်ခံလိုက်သည်။

''ကျောင်းသားတွေ လိုချင်တဲ့အချက်တွေ ရသွားရင် အောင်ပွဲခံဖို့ ရန်ကုန်ကို ချီတက်လာတယ်ဆိုရင်လည်း ငြိမ်းငြိမ်းချမ်းချမ်း ချီတက်လာမှာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်း ကြိုဆိုပြီး အစိုးရက လည်း ကျောင်းသားတွေအတွက် လုံခြုံရေးအင်အား ချထားပေးလိုက်ရင် အဆင်ပြေသွားမှာပါ''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် လွှတ်တော်သို့ တင်သွင်းမည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းအတွက် ဆွေးနွေးမှု များပြုလုပ်နေပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော် သို့တင်သွင်းမည်ဖြစ်သည်။

ယင်းအပြင် သပိတ်မှောက်ကျောင်းသားများကို အရေးမယူပါဆိုသည့် ကတိကဝတ်အတိုင်း ဒေသဆိုင်ရာ အာဏာပိုင်နှင့် ပညာရေးဝန်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများက ဖိအားပေးခြင်းမပြုရန်နှင့် ပြည်သူလူထု က ထောက်ခံဝန်းရံပေးရန်လည်း ပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းပြောကြားထားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြအေးကမူ''ဆန္ဒပြခြင်းကို မူအရ ကန့်ကွက်စရာ အကြောင်း မရှိပါဘူး။ အကြမ်းဖက်ဖြိုခွင်းမယ် ဆိုရင်တော့ ကန့်ကွက်ရပါလိမ့်မယ်။ ရန်ကုန်ဝင်ခြင်း မဝင်ခြင်း ကိစ္စကတော့ ကျောင်းသားတွေ စုစည်းညီညွတ်စွာဖြင့် ဆုံးဖြတ်စေချင်ပါတယ်'' ဟု ပြောသည်။

ကျောင်းသားများ ရန်ကုန်သို့ ဝင်ခြင်းမဝင်ခြင်းကိစ္စရပ်နှင့် ပတ်သက်၍ ကျောင်းသားနှင့်အစိုးရ နှစ်ဘက် တွေ့ ဆုံဆွေးနွေးချိန်တွင် ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိ သူ ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် ကျောင်း သားများက ရက် ၆ဝ အတွင်း အစိုးရက ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းခြင်းမရှိသည့် အနယ် နယ်အရပ်ရပ်ရှိ ကျောင်းသား စစ်ကြောင်းများသည် ရန်ကုန်တွင် ထိုင်သပိတ်ကျင်းပရန် ဇန်နဝါရီ ၂ဝ ရက်က ဦးတည်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် လေးပွင့်ဆိုင် တွေ့ဆုံရေးများကိုလည်း ပြုလုပ်ခဲ့သော်လည်း ပြေလည်စေသည့် အဖြေများ မရရှိခဲ့ဘဲ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျောင်းသား များ၏ တောင်းဆိုချက်များကို လိုက်လျောလိုက်ခြင်း ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List