Friday, February 20, 2015

ဒုက္ခသည်များ သယ်ဆောင်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး အရပ်သားတစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

စစ်ပြေးဒုက္ခသည်များ တင်ဆောင်လာသည့် တပ်မတော်ယာဉ်တန်းကို ကွတ်ခိုင်မြို့အနီးတွင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက တိုက်ခိုက်သောကြောင့် အရပ်သားတစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
စစ်ပြေးဒုက္ခသည် ၆၀ ဦးခန့် ကို တင်ဆောင်ကာ လောက်ကိုင်၊ တာမိုးညဲ၊ ကွတ်ခိုင်ကားလမ်း အတိုင်း ပြန် လာသည့် တပ်မ တော်စစ်ယာဉ်တန်းကို အဖွဲ့ဝင် ခြောက်ဦးခန့်ပါသည့် လက်နက် ကိုင်တပ်ဖွဲ့က ဆိုင်ကယ် စီးကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်း ဖြစ်ကြောင်း ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် (၂၂) နှစ်အရွယ် အင်းစိန်မြို့နယ် တွင် နေထိုင်သည့် မောင်ဖိုးကဲဟုသိရကြောင်း ကွတ်ခိုင်မြို့နယ် ဗြမ္မာစိုရ်လူမှုကူညီရေးအသင်းမှ ကိုကျော်မိုး ကပြောသည်။ သေဆုံးသူ၏ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း ကိုကျော်မိုးက ဆိုသည်။

အစိုးရစစ်ယာဉ်တန်းသည် ကား ၄၂ စီးပါဝင်ပြီး လောက်ကိုင်ဒေသရှိ တပ်မတော်သားများ အတွက် ရိက္ခာ ပို့ပြီး အပြန် စစ်ဘေးဒုက္ခသည်များကို တင်ဆောင်လာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


7Day Daily

No comments:

Post a Comment

My Blog List