Tuesday, February 17, 2015

တစ်ကိုယ်တော်ခွေထွက်နိုင်ဖို့ လုံးပန်းနေတဲ့ နန့်ချစ်နဒီဇော်

အိပ်မက်ဆုံရာမှ အနုပညာလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာသည့် တေးသံရှင် နန့်ချစ်နဒီဇော်က ၎င်း၏ပထမဆုံးတစ်ကိုယ်တော်တေး စီးရီးကို ပြင်ဆင်နေသည်ဟုပြောကြားသည်။
ယင်းစီးရီးတွင် ကိုယ်ပိုင်သံစဉ်တေးသီချင်း များစွာပါဝင်မည်ဖြစ်ပြီး ကေပေါ့ပ်ပုံစံပါထည့်သွင်း နိုင်အောင်ကြိုး စားသွားမည်ဟုဆိုသည်။

‘‘နန့်ချစ်ကိုယ်တိုင်လည်း အဲဒီလိုသီချင်းတွေဝါသနာပါတဲ့အတွက် သီချင်းမြူးမြူးလေးတွေ ထည့်ဖြစ်ဖို့ပိုများပါ တယ်။ သီချင်းရွေးတာ အခက်အခဲတွေရှိတော့ သီချင်းတွေကနည်းနည်းကြာဦးမယ်။ ရွေးထားတာတော့ ငါးပုဒ်လောက်ပြီးသွားပြီ’’ဟု နန့်ချစ်နဒီဇော်ကပြောသည်။

သရုပ်ဆောင်အလုပ်ကို ၀ါသနာပါသည့် နန့်ချစ်နဒီဇော်သည် ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူးသော ဘယ် ရည်းစားကို အချစ်ဆုံးလဲ ဇာတ်ကားတွင် လည်း သရုပ်ဆောင်အလင်းရောင်၊ မေမြင့်မိုရ်တို့နှင့်အတူ ရိုက်ကူး ထားကြောင်းသိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List