Thursday, February 19, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ဘတ်ငွေ ဘီလီယံ ၆ဝဝ ဆုံးရှုံးမှုအတွက် တရားစွဲခံရဖွယ်ရှိ


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၏ အစိုးရသည် အငြင်းပွား ဖွယ်ဆန်စပါးထုတ်လုပ် ရေး စီမံကိန်းကို ချမှတ်ဆောင်ရွက် ခဲ့ရာ အောင်မြင် စွာဆောင်ရွက်နိုင် စွမ်းမရှိသည့်ပြင် တိုင်းပြည်ဘဏ္ဍာ ငွေများ အကြီး အကျယ်ဆုံးရှုံးနေ သည်ကိုလည်း ရပ်တန့်နိုင်စွမ်းမရှိ ဟု ထိုင်းစစ်အစိုးရက စွပ်စွဲထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍တိုင်း ပြည်ဘဏ္ဍာဘတ်ငွေဘီလီယံ ၆ဝဝ ဆုံးရှုံးရမှုအတွက် ယင်လတ်ကို တရားစွဲဆိုရန် ထိုင်းအမျိုးသားအကျင့် ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက် ရေး ကော်မရှင်(NACC)က ဘဏ္ဍာ ရေး ဝန်ကြီးဌာနအား ထောက်ခံချက် ပေးလိမ့်မည်ဟု ဖေဖော်ဝါရီ ၁၇ ရက်၌ ဆုံးဖြတ်ခဲ့သည်။

အကျင့်ပျက်ခြစားမှု ဆန့်ကျင် တိုက်ဖျက်ရေးအေဂျင်စီသည် မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးအရ ရည်သန် ဆောင် ရွက်ခြင်းမရှိဟု NACC ဥက္ကဋ္ဌ ပန်သက်ပ်ကလာနာရွန်ရန် ကဖော် ပြသည်။

နိုင်ငံတော်ဘဏ္ဍာဘတ် ငွေ ဘီလီယံ ၆ဝဝ ဆုံးရှုံးရသည်ဆို ရာတွင် စီမံကိန်းမအောင်မြင်မှုအ တွက် ဆုံးရှုံးရသည့်ပြင် စီမံကိန်း ဆောင်ရွက်နေစဉ် သိုလှောင်ထား သည့် ဆန်စပါးများအရည်အသွေး ကျသွား သည့် တန်ဖိုးလည်းပါဝင် သည်ဟု NACC ဥက္ကဋ္ဌကဆိုသည်။ ထိုဆုံးရှုံးမှုတွင် ယင်လတ်အပြင်မည် သူတို့တွင် တာဝန်ရှိသေးသနည်းဆို သည်ကို စဉ်းစားဦးမည်ဟုဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် NACC အကြံပြုချက်အတိုင်းဆောင် ရွက်ရန်မှအပ အခြားရွေးချယ်စရာ လမ်းမရှိဟု ဘဏ္ဍာရေးဝန်ကြီးဌာန က ဆိုသည်။

ဆန်စပါးစီမံကိန်းကိစ္စသည် NACC ကယင်လတ်ကို ပုဂ္ဂိုလ်ရေး အရ အဓိကရည်ရွယ်၍ ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်မေးမြန်းရာတွင် ဤ ကိစ္စကို အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေးအရာရှိများက ဆွေးနွေးပြီး ဆောင်ရွက် သည်ဟု ပန်သက်ပ်က ဆိုသည်။

The Straits Times
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List