Friday, February 20, 2015

ဆက်တီကုလားထိုင်တွင်ထိုင်နေသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ စကျင်ကျောက်သား ရုပ်တုထားရှိရန် နေရာရရှိရေး မန္တလေးဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းခံ


မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း စစ်ဝတ်စုံဖြင့် ဆက်တီကုလားထိုင်တွင် ထိုင်နေသည့် ပုံတူရုပ်တုကို စကျင်ကျောက်သားဖြင့် ထုတ်လုပ်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ စကျင်ကျောက်သား ရုပ်တုကြီးထားရှိမည့် ဗိုလ်ချုပ်ရင်ပြင် နေရာရရှိရေး မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံထား ကြောင်း ရာပြည့်ပွဲတော်ကျင်းပရေး ကော်မတီ ဗိုလ်ချုပ်ရုပ် တုဖြစ်မြောက် ရေးအဖွဲ့ဝင် ဦးပုညဆွေ(ရာပြည့်မန္တ လေး)က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပုံတူ စကျင် ကျောက်သားရုပ်တုကို ပကတိလူပုံစံ ထက် မငယ်သော အချိုးအစားဖြင့် ခန့် ညားထည်ဝါစွာပြုလုပ်၍ ဗိုလ်ချုပ်ရင် ပြင်တော် တွင် အများပြည်သူဂါရဝပြု နိုင်ရန် ဥယျာဉ်များဖြင့်ဖန်တီးထားရှိ မည်ဖြစ်ရာ ရုပ်တုနှင့် လိုက်လျောညီ ထွေရှိမည့် မြေနေရာရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ တောင်းခံထားခြင်းဖြစ်ကြောင်း သိရ သည်။

''ဖေဖော်ဝါရီ ၁၅ရက်ညနေပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု အတွက် မန္တလေးဗိုလ်ချုပ်ရာပြည့်အထိမ်း အမှတ် ကျင်းပရေးကော်မတီအ စည်းအဝေးပြုလုပ်တယ်။ ပုံတူရုပ်တုအ တွက် ဆက်တီကုလားထိုင်ပေါ်မှာ စစ် ဝတ်စုံနဲ့ထိုင်တဲ့ပုံ၊ စာရွက်ကိုင်ထားတဲ့ ပုံကို အများသဘောတူ ရွေးချယ်ကြတယ်။ ပုံတူအတွက် ကြေး သွန်းရုပ်တု၊ ပလတ်စတာရုပ်တု၊ အင်္ဂတေရုပ်တု၊ စကျင်ရုပ်တုနဲ့ပြုလုပ်ဖို့ စဉ်းစားတဲ့အခါ အများကပဲ စကျင်ကျောက်သားနဲ့လုပ် ဖို့ ရွေးချယ်ကြတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ပုံတူအများစုကို ကြေးသွန်း ရုပ်တု၊ အင်္ဂတေ ပလတ်စတာအချော ကိုင်ရုပ်တုနဲ့ပဲလုပ် တာများတယ်။ မန္တ လေး ဗိုလ်ချုပ်ရာပြည့်ကော်မတီက ပြု လုပ်မယ့်ရုပ်တုက မြန်မာနိုင်ငံမှာ အ ကြီးဆုံး စကျင်ကျောက်သားနဲ့လုပ်တဲ့ ပထမဆုံး ဗိုလ်ချုပ်ရုပ်တုဖြစ်မယ်ထင် ပါတယ်။ မတ္တရာမှာလဲစကျင်ကျောက် သားနဲ့လုပ်တဲ့ ဗိုလ်ချုပ်ပုံတူမတ်တတ် ရပ်ရုပ်တု ရှိတယ်လို့တော့သိရတယ်'' ဟု ဦးပုညဆွေက ပြောသည်။

စကျင်ကျောက်သားဖြင့် ပြုလုပ် မည့် ပုံတူရုပ်တုကြီးကို မြန်မာမှုဗိသု ကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပုံစံထုတ်၍ ကျောက်ဆစ်ပညာရှင် ဦး အောင်မင်း၊ မုဒိတာကျောက်ဆစ်လုပ်ငန်းမှ ထုလုပ်မည်ဖြစ်ရာ နေရာ ရရှိပါက ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ဒြပ်ဖြင့် လိုက်လျောညီထွေရှိစေမည့် ဗိမာန် တော်အဖြစ် အကောင်အ ထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

#TheYangonTimes

No comments:

Post a Comment

My Blog List