Tuesday, February 17, 2015

ကိုးကန့်တိုက်ပွဲတွင် အရပ်သားများကို သတ်ဖြတ်ခြင်းမရှိကြောင်း တပ်မတော်ငြင်းဆို


ကိုးကန့်တိုက်ပွဲတွင် နေ အိမ်များအတွင်းမှ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် တပ်မတော်က တစ်အိမ်ချင်း စီတက်ရောက် ရှာဖွေ၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်မှုလုံးဝ မရှိ ကြောင်း တပ်မတော်က ငြင်းဆို လိုက်သည်။


ယူနန်သတင်းစာက ကိုး ကန့်တိုက်ပွဲများတွင် တပ်မတော်က အရပ်သားကိုးကန့်ဒေသခံများကို ပစ်ခတ် သတ်ဖြတ်မှုအချို့ရှိ နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက် က ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

တိုက်ပွဲပြင်းထန်နေချိန်တွင် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ နယ်၌ အရပ်သားအားလုံးနီးပါး စွန့်ခွာထွက်ပြေး သွားပြီးဖြစ်ရာ နေအိမ်ပေါ်မှ ချောင်းမြောင်းပစ် ခတ်မှုများကြောင့် ရန်သူကို တစ်အိမ်တက်ဆင်းပိုက်စိပ် တိုက်ရှာ ဖွေနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် တွေ့ရသည့်အရပ်ဝတ်မသင်္ကာ သူများအား ဖမ်းဆီးမှုများ ရှိကြောင်း တပ်မတော်အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

‘‘မသင်္ကာရုံနဲ့တော့ ကျွန် တော်တို့ပစ်စရာမလိုဘူး။ အခု ကျွန်တော်တို့ကို အိမ်တွေထဲက ချောင်းပစ်တယ်။ ဟိုဘက်နဲ့ တိုက်ပွဲတွေ ဖြစ်တော့လည်း အရပ်ဝတ်တွေပါနေတယ်။ ဒီ လောက်စစ်ဖြစ်နေတဲ့နေရာမှာ အိမ်တွေထဲမှာ အခုချိန်ထိဆို သာမန်ရိုးရိုးပြည်သူဘယ်သူမှ မနေတော့ဘူး။ ရပ်ကွက်ထဲက အိမ်တွေကနေ ပစ်နေတော့ ဝင် ရှင်းရမှာပဲ။ အဲဒီလိုနေရာမှာ ယူနီ ဖောင်းဖြစ်ဖြစ်၊ အရပ်ဝတ်ဖြစ် ဖြစ်တွေ့ရင် ပစ်ရမှာပဲ’’ဟု ၎င်းက ပြောသည်။

သို့သော် သာမန်အရပ်သား ဒေသခံများကို ဘေးလွတ်ရာသို့ ၎င်းတို့ကိုယ်တိုင် ယာဉ်ယန္တရား များဖြင့် ရွှေ့ ပြောင်းပေးနေ ကြောင်း ၎င်းက ပြောသည်။ထို့အပြင် တပ်မတော်ဘက် တွင် ကိုးကန့်ပြည်သူ့စစ်များနှင့် ကိုးကန့်ဒေသခံတပ်ဖွဲ့များ ဝင် ရောက်ကူညီတိုက်ခိုက်ပေးနေပြီး တစ်ဖက်က ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့ကမူ အရပ်ဝတ်ပြည် သူများအသွင်ဖြင့် အသုံးချနေမှု များရှိကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်ညနေ က လောက်ကိုင်မြို့အဆောက် အအုံတစ်ခုအတွင်းမှ ချောင်း မြောင်းပစ်ခတ် မှုကြောင့် တပ်မ ၃၃ မှ စစ်သည်တစ်ဦးကျဆုံးပြီး မြန်မာတပ်များက ထိုအဆောက်အအုံကို ပြန်လည်ပစ်ခတ် ရာ ရန်သူအလောင်းရှစ်လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ သည်ဟု အစိုးရက သတင်းထုတ် ပြန်ခဲ့ သည်။
တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ ဖြစ်ပွားနေ သော တိုက်ပွဲများ တွင် မြန်မာ့တပ် မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ဘက် မှ ၂၆ ဦးကျဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်က အရပ်သား များကို ပစ်ခတ်သတ်ဖြတ်မှုများ မပြုလုပ်ဟုပြောသော်လည်း ၎င်း တို့ဒုက္ခသည် စခန်းသို့ မြန်မာစစ် တပ် ပစ်ခတ်လိုက်သည့် ဒဏ် ရာဖြင့် အဘွားအိုတစ်ဦးရောက်ရှိ လာကြောင်း တရုတ်နိုင် ငံ နံစန် ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင်လာသည့် လောက် ကိုင်ဒေသခံ မမိန်ကျောက်ရင်က 7 Day Daily သို့ ဖုန်းဖြင့်ဆက် သွယ်ဖြေကြားသည်။

‘‘အရပ်သားတွေ၊ တချို့ကိုး ကန့်မိန်းကလေးတွေ အပစ်ခံရ တယ်လို့ ဒီဘက် (တရုတ်)ကို ပြေးလာတဲ့သူတွေ ကျွန်မတို့ကို ဒီနေ့ (ဖေဖော်ဝါရီ ၁၆)က ပြော တယ်။ ကျွန်မနဲ့လောက်ကိုင်က အိမ်နီးချင်းအဘွားကြီး သူက ဗမာစကားမတတ်ဘူး။ အဲဒါ စစ်တပ်က မြန်မြန်သွားခိုင်းတာ သူကနားမလည်တော့ ခြေထောက်ကို သေ နတ် နဲ့ ပစ်ခံရတဲ့ဒဏ်ရာကြီး နဲ့ အခု နံစန်စခန်းကိုရောက်လာ တယ်။ သေတော့မသေဘူး။ ဒါကိုယ့်မျက်စိ နဲ့မြင်တာပြောတာ။ ယူနန်သတင်းစာမှာလည်း အဲဒီ သတင်းပါပါတယ်’’ဟု မမိန် ကျောက်ရင်က ပြောသည်။
ယခုအခါ လောက်ကိုင်တွင် တပ်မတော်က နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေပြီး လေယာဉ် များဖြင့် တိုက်ခိုက်မည်ဆို၍ တရုတ်နိုင်ငံ၊ နံစန်ဒုက္ခသည်စခန်း သို့ လောက်ကိုင်ဒေသခံများ အများအပြားထပ် မံရောက်ရှိလာ ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက် အစိုး ရထုတ်ပြန်ချက်တွင် ကိုးကန့်တပ် ဖွဲ့ဒဏ်ရာရသူရှစ်ဦးစလုံး သေ ဆုံး သွားကြောင်း ပါဝင်ရာ ယင်း သတင်းမှာ တပ်မတော်အတွက် မကောင်းကြောင်း ဦးစည်သူ အောင်မြင့် က ပြောသည်။

‘‘ကိုးကန့်တပ်က လူရှစ် ယောက်ဖမ်းမိတယ်။ အားလုံး သေကုန်ပြီဆိုတော့ သူတို့ဖမ်းမိတာ အရပ်သားလား၊ ကိုးကန့်က လားဆိုတာ ဘယ်လိုစစ်မလဲ။


7Day Daily

No comments:

Post a Comment

My Blog List