Thursday, February 19, 2015

အခြေခံပညာစာမေးပွဲ အနှောင့်အယှက်မဖြစ်ရန် ပင်မသပိတ်စစ်ကြောင်း ၁၀ ရက် နားမည်

 
ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ဖို့နဲ့ အခြေခံပညာ ကျောင်းစာမေးပွဲတွေ အနှောင့် အယှက်မဖြစ်ဖို့ ပင်မသပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားမယ်လို့ ကျောင်းသားတွေက ပြောပါ တယ်။
လက်ပံတန်းမြို့မှာ ၁ ရက်တာ ရပ်နားထားတဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်မှောက် စစ်ကြောင်းဟာ ၄ တန်း၊ ၈ တန်း အစိုးရစစ် စာမေးပွဲတွေနဲ့ ကျောင်းစစ် စာမေးပွဲတွေ အနှောင့်အယှက် ဖြစ်မှာစိုးလို့ အခုလို ရပ်နားတာလို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင်က ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မယ့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ မူကြမ်း ကို စောင့်ဆိုင်းတဲ့ အနေနဲ့ ရန်ကုန်မြို့ကို ချီတက်မယ့် သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကနေ ၂၈ ရက်ထိ ဆက်လက်မထွက်ခွာဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေဘက်က တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို ဒီအချိန် ကာလအတွင်းမှာ လွှတ်တော်က ဆုံးဖြတ်ချက် မချပေးဘူးဆိုရင် ရန်ကုန်အရောက် မဖြစ်ဖြစ်တဲ့နည်းနဲ့ သပိတ်ကို ဆက်လက် ချီတက်မှာဖြစ်ကြောင်း၊ သပိတ်စစ်ကြောင်းကို ၁၀ ရက်တာ ရပ်နားထားပေမယ့် သာယာဝတီခရိုင်အတွင်းရှိ ပြည်သူနဲ့ ကျောင်းသားတွေကို ဟောပြောစည်းရုံး တာတွေ ဆက်လက်ပြုလုပ် သွားမယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

မုံရွာ၊ ပခုက္ကူ၊ မော်လမြိုင်၊ ထားဝယ်မြို့တွေက ပူးပေါင်းကျောင်းသားသပိတ် စစ်ကြောင်းနဲ့ ဧရာဝတီသပိတ် စစ်ကြောင်းတွေကလည်း ရန်ကုန်မြို့ကို ဆက်လက် မထွက်ခွာတော့ပဲ သပိတ်ကိုရက်ပေါင်း ၃၀ ရပ်နား ထားဖို့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List