ရန်ကုန်မြို့သို့ ချီတက်လာနေသည့် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သည့် ကျောင်းသားသပိတ် အား ထောက်ခံသည့် လူထုလှုပ်ရှားမှုနှင့် ကန့်ကွက်သည့် လူထုလှုပ်ရှားမှုနှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး တွင် ဖေဖော်ဝါရီ ၁၅ ရက်က တစ်နေ့တည်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်သည့်ကျောင်းသား သပိတ်ကို ထောက် ခံသည့် ဒုတိယ မြောက် ရန်ကုန်လူထုလှုပ်ရှားမှု အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၁ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်း ဆုံမှ စမ်းချောင်းမြို့နယ် ပဒုမ္မာ ဘောလုံးကွင်းအထိ လမ်း လျှောက်ချီတက်ခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ချီ တက်သူများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းမှူးများက လာရောက် မေးမြန်း အသိပေးမှုများ ပြုလုပ်ခဲ့ သော်လည်း ပိတ်ပင်ခြင်းများ မပြု လုပ်ခဲ့ပေ။
‘‘နိုင်ငံတော်က ပြင်ဆင်ပေးဖို့အတွက် ခွင့်ပြုထားပြီးတဲ့ကိစ္စကို ဆက်ပြီးတော့ ဆန္ဒပြနေတဲ့အတွက် စီတန်း လှည့်လည်မှုဆိုင်ရာ ဥပဒေနဲ့အရေးယူသွားမယ်’’ဟု မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနိုင် ကပြော သည်။
ရန်ကုန်မြို့သို့ ချီတက်လာ နေသည့် ကျောင်းသား သပိတ်ကို ထောက်ခံသည့် အနေဖြင့် ကျောင်း သား၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများနှင့် စိတ်ပါဝင်စားသည့် ပြည်သူ ၆၀ ကျော်ဖြင့် သမိုင်းလမ်းဆုံမှ စတင်လမ်းလျှောက်ခဲ့ကြပြီး လမ်းတစ်လျှောက်မှ ပြည်သူများပါဝင်ဝန်းရံ လာသောကြောင့် စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာဘောလုံးကွင်းအရောက်တွင် အင်အားတစ် ထောင်ခန့်အထိ ရှိလာခဲ့သည်။
ထို့အပြင်အမျိုးသားပညာ ရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသော သပိတ်စစ်ကြောင်း အား ဆန့်ကျင် ဆန္ဒပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့အတွင်း တွင် အင်အားခုနစ်ရာကျော်ဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။
‘‘အခုလိုပြရတာ ကျွန်တော်တို့ ရပ်ရွာတည်ငြိမ်အေးချမ်းဖို့၊ ကလေးတွေ ပညာသင်ကြားရေး မပျက်ဖို့ အတွက်ပါ ကျွန်တော်တို့ဒေသမှာတည်တည်ငြိမ် ငြိမ် အေးအေးချမ်းချမ်းပဲဖြစ်စေချင်တယ်။ ဒါကို ဆန္ဒဖော် ထုတ်တာ။ အခုတွေ့ ဆုံညှိနှိုင်းထားတာ ကျေနပ်သွားရင် သူတို့ပြန်ရမယ်ဆိုတာကို ပြန်သွားကြ ဖို့ ကျောင်း သားမိဘတွေ၊ ရပ်မိရပ်ဖတွေက တည်တည်ငြိမ်ငြိမ်အေးအေးချမ်း ချမ်း နေရဖို့ပါ။ ကျွန်တော်တို့က သူ တို့ပြောနေတာ၊ တောင်းနေတာတွေကို ကန့်ကွက်တာမဟုတ်ဘူး’’ဟု ဆန္ဒပြပွဲကို ဦးဆောင်သူပါဝင်သူ ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခရမ်းမြို့နယ်အတွင်းရေး မှူး ဦးကျော်မြင့်အောင်က ပြော သည်။
ဇန်န၀ါရီ ၂၀ ရက်က မန္တ လေးမြို့မှ ရန်ကုန်မြို့အထိ ခရီးရှည်ခြေလျင် လမ်းလျှောက် သပိတ်မှောက်လာခဲ့ကြ သည့် ကျောင်းသားသပိတ်စစ်ကြောင်း များသည် အမျိုးသားပညာရေး ဥပဒေပြင်ဆင် ရေးအချက် ၁၁ ချက် တောင်းဆို ခဲ့ပြီးနောက် လေးပွင့်ဆိုင်ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကာ တောင်းဆိုချက်များကို မူအားဖြင့် သဘောတူခဲ့ပြီး ဥပဒေမူကြမ်းရေးဆွဲ၍ လွှတ်တော်တွင် အတည်ပြု ရမည့်အဆင့်သို့ ရောက်ရှိနေသည်။
7Day Daily

No comments:
Post a Comment