Tuesday, February 17, 2015

ကျောင်းသားသပိတ်စစ်ကြောင်းသုံးခုရပ်နား

ပဲခူး- အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်သပိတ်မှောက်နေသော ထားဝယ်၊ မြေလတ်၊ မုံရွာသပိတ် စစ်ကြောင်းသည် ရန်ကုန်မြို့ထဲသို့ ၀င်ရောက်ခြင်းမပြုတော့ဘဲ ပဲခူးမြို့တွင် ရပ်နားလိုက်ကြောင်း ပဲခူးမြို့ ၌ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါသပိတ်စစ်ကြောင်းသုံးခုအပြင် ဧရာဝတီစစ်ကြောင်းလည်း ယနေ့မှစတင်ရပ်နားလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါသပိတ်မှောက်ကျောင်းသားများက ပညာရေးဥပဒေကို အစိုးရက လွှတ်တော်တွင်သို့ သွင်းပြင် ဆင်အတည်ပြုပေးမည့်ကိစ္စရပ်များကို စာသင်ခန်းများထဲမှ စောင့်ကြည့်သွားမည်ဟု ရပ်နားလိုက်သည့်
သပိတ်မှောက်ကျောင်းသားများက ပြောသည်။

ထားဝယ်၊ မြေလတ်၊ မုံရွာသပိတ်မှောက်ကျောင်းသားများသည် သပိတ်ရပ်နားမည့်အစီအစဉ်နှင့်ပတ်သက်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားရှေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမှ လမ်းလျှောက်ချီတက်နေသော ပင်မသပိတ်စစ်ကြောင်းသည်ရပ်နားမည်မဟုတ်ဘဲ ရန်ကုန်သို့ ဆက်လက်ချီတက်သွားမည်ဟု ပင်မသပိတ်စစ်ကြောင်းကျောင်းသားခေါင်းဆောင်များကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List