Thursday, February 19, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်း



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တိုင်းမ်ဂျာနယ်က ဖေဖော်ဝါရီ ၁၄ရက် ညနေ ၄နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ သီးသန့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ် ဂျာနယ်မှ သိလိုသည်များ ကို မေးမြန်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့သည်များကို စာဖတ်သူတို့ အတွက် ဖော်ပြလိုက်ပါသည်။
( အယ်ဒီတာ )

မေး - ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။ လက်ရှိ တရုတ်နယ်စပ်ပြဿနာတွေ နဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တစ်နေ့ကပဲ တရုတ်သံတမန် မစ္စတာဝမ်ယင်ဖန်နဲ့ တွေ့ တုန်း ပြောခဲ့တာရှိတယ်။ တရုတ် အနေနဲ့ မူဝါဒတွေကိုကျော် လွန်ပြီး အောက်ခြေအဆင့်မှာ လုပ်ပိုင်ခွင့်တွေရနေတယ်ဆို ပြီးတော့ပါ။

လက်ရှိ ကြည့်လိုက်မယ်ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေက တရုတ်နယ်စပ် တွေမှာပဲဖြစ်နေတယ်။ KIA၊ ပလောင်၊ ကိုးကန့် စတဲ့ အဖွဲ့တွေနဲ့ပေါ့။ နယ်မြေမတည်ငြိမ် မှုတွေ ပဋိပက္ခတွေကြောင့် နိုင်ငံတော် လုံခြုံရေး နဲ့ ကာကွယ် ရေး တာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ပြည်ပကျူးကျော်မှု ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေ အနေကို သိလိုပါတယ်။

ဖြေ - ဒါကတော့ တို့တပ်နဲ့ တိုက်ရိုက်ဆိုင်တဲ့အပိုင်းပေါ့နော်။ တို့နိုင်ငံကတော့ အိမ်နီးနားချင်းနိုင်ငံ ငါးနိုင်ငံ ရှိပါတယ်။ အနောက်ဘက်ကကြည့်ရင်လဲ ဘင်္ဂလားဒေ့ရှ်ပေါ့။ ပြီးလို့ရှိ ရင်တော့ အပေါ်ကိုကြည့်လိုက်ရင် အိန္ဒိယ၊ တရုတ်ပေါ့။ ပြီးရင် လာအို၊ ပြီးလို့ရှိရင် ထိုင်းနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံ ငါး နိုင်ငံစလုံးက နှစ်နိုင်ငံ နယ်နိမိတ်တွေအားလုံး သတ်မှတ်ပြီး သားနိုင်ငံတွေ ဖြစ်ပါတယ်။ ကျောက်တိုင်တွေလဲ စိုက်ပြီးသွား ပါပြီ။ ကျန်တာကတော့ ထိုင်းနိုင်ငံတစ်ခုလောက်ပဲ ကျောက် တိုင်တွေကို ပြန်လည်စစ်ဆေးပြီးတော့မှ အတည်ပြုဖို့ ကျန် တာတွေ ရှိပါတယ်။ နောက် နိုင်ငံပိုင်းပြောမယ်ဆိုရင်လဲ နှစ်နိုင်ငံ၊ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင် ငံဖြစ်တယ်။ နောက်တစ်ခါ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။

နောက် တစ်ခါ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက် ဆံရေးမူဝါဒ ထားပါတယ်။ ဒါကြောင့် နိုင်ငံရေးအရပြောရ မယ်ဆိုရင်တော့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတော့ မရှိဘူးပေါ့။ နောက် တပ်မတော်ပိုင်းဆက်ဆံရေးပေါ့။ တပ်မတော်ဆက်ဆံရေး မှာ ထိုင်းနိုင်ငံနဲ့ဆိုလို့ရှိရင် အောက်ခြေ အဆင့်ပေါ့။ တပ်ပိုင်းဆိုင်ရာအဆင့်ပေါ့။ တပ်စခန်းအဆင့် ပေါ့။ ပြီး ရင် အလယ်အလတ် အဆင့်ပေါ့။ Regional အဆင့် ပေါ့။ ပြီးလို့ရှိရင် High Level အဆင့်ပေါ့။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အချင်းချင်း ဆက်ဆံတဲ့အဆင့်ပေါ့။ တော် တော်လေး ဆက်ဆံရေးကောင်းပါတယ်။

နောက်ပြီး လာအို လည်း ဒီအတိုင်းပါပဲ။ တရုတ်နိုင်ငံဆိုလို့ရှိရင်လည်း High Level တွေ ဆက်ဆံ မှု တော်တော်လေးကောင်းပါတယ်။Mid Level ပေါ့။ Mid Level တွမှာ ဆက်ဆံမှုရှိတယ်။ နောက် နယ်စပ်ဒေသ တပ်စခန်း ဆက်ဆံမှုတွေရှိတယ်။ သို့သော်လည်းပဲ အပြည့်အဝဆောင်ရွက်နိုင်တဲ့ ဧရိယာနှစ်နေရာက တော့ မရှိဘူး။ အဲဒါကတော့ 'ဝ'နေရာရယ်၊ ကေအိုင်အေ တပ်တွေရှိတဲ့ နေရာတွေဖြစ်ပါ တယ်။ ကချင်ပြည်နယ် တချို့ အစိတ်အပိုင်း တွေရယ်၊ ရှမ်းပြည်နယ် တချို့အစိတ်အပိုင်းတွေ မှာတော့ တိုက်ရိုက် ဆက်ဆံတဲ့ဟာတော့ မရှိဘူး။

လိုအပ်ချက်တော့ ရှိတာပေါ့။ အိန္ဒိယမှာဆိုလို့ရှိရင်လည်း အောက်ခြေ အဆင့်ရှိတယ်၊ ဒေသအဆင့်ရှိ တယ်၊ နောက်ပြီး နိုင်ငံတော် State High Level အဆင့်အထိ ဆက်ဆံမှုတွေရှိပါတယ်။

နောက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်ပေါ့။ ဘင်္ဂလားဒေ့ရှ်က တော့ နယ်စပ်ဒေသ လူဝင်မှုဆက်ဆံရေးကိစ္စ ရပ်တွေရှိတယ်။ တပ်ပိုင်းဆိုင်ရာကတော့ နည်းနည်းလေး တော့ ပြင်ဆင်နေ တဲ့အပိုင်းတော့ ရှိပါတယ်။ အဲဒီတော့ ဒီလို ခုနကပြောတဲ့ ဆက်ဆံရေးအရ ကောင်းနေတဲ့နေရာတွေမှာတော့ အဲဒီနေ ရာတွေမှာ တပ်စခန်းတွေကလည်း အကုန်လုံး သူ့ဟာနဲ့သူ ရှိပြီးသားတွေ။

အကုန်လုံးရှိပြီးသား။ ကျန်တာကတော့ ခုန က ကချင်ကေအိုင်အေနယ်မြေနဲ့ 'ဝ'နယ်မြေ ဒီနှစ်ခုပဲကျန် တယ်။ သူက နယ်စပ်အဆင့်မှာတော့ တပ်စခန်းတွေ မရှိဘူး။ သို့သော် သူတို့ရဲ့အတွင်းပိုင်းတွေမှာတော့ တပ်တွေ အကုန် လုံးရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်လို့ရှိရင် တော့ လုံလောက်တဲ့တပ်ဖြန့်ခွဲမှုတွေ အကုန်လုံးရှိနေတယ် ဆိုတာကို ပြောလိုပါတယ်။

တစ်ဖက်ကလည်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရှိနေတဲ့ ဟာတွေကိုလည်း အစ်ကို တို့ ဒါတွေကို ပြေလည်အောင်ဆိုပြီးတော့ အခု ငြိမ်းချမ်းရေး လုပ်တာပေါ့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လည်း အစ်ကိုတို့ သွားဖို့ ကြိုးစားနေတယ်။ အမှန်မှာကတော့ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်က လုပ်မလို့ဘဲ၊ သို့သော်လည်းပဲ ဒါလေးက နည်းနည်းလေး အကြောင်းအရာ လေးတွေ တချို့ ဟာလေးတွေမှာ ပြန်ပြီး ညှိနှိုင်းနေရတဲ့အတွက်ကြောင့် ဒါကို တော့ နောင်ဆက်လက်ဆောင်ရွက်မယ်ဆိုပြီးတော့ ပြောထား တာ ရှိပါတယ်။

မေး - ကျွန်တော်တို့ မကြာခင်ကဆိုရင်လဲ စိတ်မကောင်းစရာသတင်း တွေ ကြားသိလာရပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်မတော်သားတွေ ကျဆုံးမှုရှိလာတယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေမှာ တပ်မတော်သားတွေ အကျအဆုံး နည်းလာစေဖို့ တိုက်ရည်ခိုက်ရည် စွမ်းရည်တွေကို ဒီထက် ပိုပြီးကောင်းအောင် ဘယ်လိုများ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်ဆိုတာလေးကိုလဲ သိချင် ပါတယ်။

ဖြေ - ဒါကတော့ သတင်း။ အစ်ကိုတို့က ထုတ်လိုက်တဲ့အခါ ကျတော့ ကျဆုံးတယ်လို့တော့ သိနေတာကို။ တိုက်ပွဲရဲ့ သဘောတရားမှာတော့ ထိခိုက်ကျဆုံးမှုတော့ရှိမှာပဲ။ အစ်ကို တို့ကိုယ်တိုင်လည်း ဒီဘဝ ကနေပြီးတော့ ဖြတ်သန်းလာခဲ့ တာဖြစ်ပါတယ်။ အရင်ကလည်း တိုက်ပွဲတွေ အစ်ကိုတို့ ကြုံ ခဲ့ပါတယ်။ ဆိုတော့ ဒီနေရာမှာ စစ်နည်းဗျူဟာကျင့်သုံးမှု အပိုင်းတို့ ဘာတို့ ဆိုတာတွေက အများကြီးကျယ်ပြန့်ပါတယ်။ ဒါက လိုအပ်တဲ့ တပ်တွေမှာလည်း လိုအပ်တဲ့ လေ့ကျင့်မှု တွေ၊ နောက် တိုက်စွမ်းရည်မြင့်မားရေးနဲ့ပတ် သက်ပြီးတော့ လူ၊ လက်နက်စွမ်းရည် ထက်မြက်ရေးနဲ့ပတ်သက်ပြီး လုပ် နေတာတွေ ရှိပါတယ်။

ရှိနေတဲ့အခါကျတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ တိုက်ပွဲရဲ့ရလဒ်ကလည်း အပြောင်းအလဲ ဖြစ်သွားနိုင်ပါ တယ်။ တိုက်ပွဲရဲ့သဘောတရားမှာတော့ ရန် သူရယ်၊ ဥတုရယ်၊ မြေအနေအထားဆိုတာတွေ ဒီသုံးခုအပေါ် မှာမူတည်ပြီးတော့ တိုက်ပွဲတစ်ခုရဲ့ရလဒ်တွေက ပြောင်းလဲ သွားနိုင်တာတွေ ရှိပါတယ်။ ရာသီဥတု ကန့် သတ်ချက်ရှိတယ်။ နောက် ရန်သူရဲ့အင်အားအပေါ်မှာမူတည်ပြီးတော့ ရှိတယ်။ နောက် မြေအနေအထား ကန့်သတ်ချက်တွေပေါ်မှာမူတည် ပြီးတော့မှ ပြောင်းလဲသွားတာရှိနိုင်တယ်။ 

အခုကတော့ ဒီတောတောင်တွေ များပြားတဲ့ဒေသ ဖြစ်ပါတယ်။ သို့သော် လည်း တော်တော်လည်းခက်ပါ တယ်။ နောက်တစ်ခါ တောင် ပေါ်ဒေသတွေမှာတော့ လမ်းကြောင်းဆိုတာ သိပ်ရွေးလို့မရ ပါဘူး။

လမ်းကြောင်းဆိုတာကတော့ တော်တော်များများ တောင်ပေါ်စစ်ဆင်ရေးတွေမှာ ဒီအတိုင်းပဲ သွားရတာ များ ပါတယ်။ အဲဒီတော့ သူ့ဘက်က အကဲသာတဲ့နေရာ ဝင်သွား ပြီဆိုရင်တော့ ကိုယ်ခံရတာပဲ။ ကိုယ့်ရဲ့အကဲ သာတဲ့နေရာကို သူရောက်လာပြီဆိုရင်တော့ သူခံရမှာပဲ၊ ဒီသဘောပါပဲ။ အဲဒါကြောင့် အထိအခိုက် ကျဆုံးမှု များတာနဲ့ ပတ်သက်ရင် တော့ သူ့ရဲ့ သဘောသဘာဝမှာ ဒီလိုပဲရှိတယ်ဆိုတာကိုပဲ အစ်ကို ပြောလိုပါတယ်။

မေး - ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ် စဉ်တွေအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမြင် နဲ့ သဘောထားကို သိလိုပါတယ်ခင်ဗျာ။

ဖြေ - ဒါက နည်းနည်းတော့ ကျယ်ပြန့်တာပေါ့လေ။ အခု အစ်ကိုတို့ သွားနေတာက ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူကရွေးချယ်တဲ့လမ်းကြောင်း ပါ။ ဒီအတိုင်းပဲ အစ်ကိုတို့ သွားရမှာပါ။ ဒါ အခုသွားနေတာ တော့ ခိုင်ခိုင်မာမာဖြစ်ပြီလားဆိုတော့ ခိုင်ခိုင်မာမာတော့ မဟုတ်သေးဘူး။ သို့သော် လမ်းကြောင်းပေါ်မှာတော့ ရောက် နေပြီ။

လမ်းကြောင်းပေါ်မှာ ရောက်နေတာတော့ အမှန်ပဲ။ ဒီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ခိုင်ခိုင်မာ မာဖြစ် အောင် သွားဖို့တော့ အရေးကြီးတယ်။ အဲဒါတော့ လူတိုင်းနဲ့ ဆိုင်တယ်၊ အဖွဲ့အစည်းတိုင်းတွေနဲ့ လည်းဆိုင်တယ်၊ မီဒီယာ တွေနဲ့လည်း ဆိုင်တယ်၊ ပြည်သူအားလုံးနဲ့လည်း ဆိုင်တယ်၊ အဖွဲ့အစည်း အားလုံးတွေနဲ့လည်း ဆိုင်တယ်။ အဖွဲ့အစည်း အားလုံးဆိုတာ တပ်မတော်လည်းပါတယ်။ အကုန်လုံးပါ တယ်။ အဲဒီတော့ သူတို့အားလုံးကနေ ဒါတွေကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပြီးမှသာ ရလိမ့်မယ်လို့ ပြော လိုပါတယ်။

နောက် တစ်ခု အရေးကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ် အေးချမ်းရေးဟာ ပိုပြီးအရေးကြီးဆုံး ပါပဲ။ တရားဥပဒေစိုးမိုး ရေးဆိုတာ ဥပဒေလိုက်နာရေးပေါ့။ Rule of Law ပေါ့။ ဥပဒေလိုက်နာဖို့အတွက်ပေါ့။

လူတွေက ဥပဒေလိုက်နာဖို့ အတွက်တော့ လိုမယ်။ လူတိုင်းကတော့ ဆန္ဒကတော့ရှိတာ ပေါ့။ လူတိုင်း ကတော့ လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့စကား အတိုင်း ဆန္ဒကတော့ပိုရှိကြမယ်။ သို့သော်လည်းပဲ ဒါတွေ က ကြောင်းကျိုး ခိုင်လုံမှုရှိဖို့တော့ လိုတာပေါ့။ ကြောင်းကျိုးခိုင် လုံမှု မရှိဘူး၊ ဥပဒေနဲ့ မညီညွတ်ဘူး ဆိုလို့ ရှိရင်တော့ ဒါတွေ ဟာ ကိုယ့်ဆန္ဒကိုတော့ ကိုယ်နှစ်သိမ့်မှု လိုလိမ့်မှာပေါ့။

အဲဒီ လိုမဟုတ်ဘဲနဲ့ ကိုယ့်ဆန္ဒအပေါ်မှာမူတည်ပြီးတော့ ကိုယ်လုပ်နေမယ်ဆိုလို့ရှိရင် တစ်ဖက်မှာ တည်ငြိမ် မှုကိုလည်း သွားပြီးတော့ ထိခိုက်နိုင်တယ်။ တရားဥပဒေစိုးမိုးမှုလဲ သွား ပြီး ထိခိုက်နိုင်တယ်ဆိုတာကို သွားတွေ့ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေလည်း တော်တော် အခက်အခဲရှိပါတယ်။ လုပ်ရ၊ ပြုရ တာတွေမှာ နိုင်ငံတော်အပိုင်းအနေနဲ့လည်း တကယ့် ကိုဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့အ ညီဖြစ်အောင် သိမ်သိမ်မွေ့မွေ့ပေါ့။ အေးချမ်းတဲ့နည်းနဲ့ပဲ သွားနေတာပေါ့။ အစ်ကိုတို့လည်း ဒီလမ်းကြောင်းပေါ် မှာသွားနိုင်ဖို့ပဲ အတတ် နိုင်ဆုံး ကြိုးစားနေပါတယ်ဆိုတာကို ပြောလိုပါတယ်။ ဒီစနစ် ကို အောင်မြင်အောင်လည်း တပ်မတော်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြော လိုပါတယ်။

မေး - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မကြာခင်မှာ သက် ပြည့်ပင်စင်နဲ့ ရာထူးကနေ အနားယူ ရတော့မယ်ဆိုတော့ သမ္မတရာထူးနဲ့ပတ်သက်လို့ ခန့်မှန်းပြောဆိုလာတာတွေ ရှိ နေပါတယ်။ ဆိုလိုတာ က နိုင်ငံရေး လမ်းကြောင်းထဲကို ဝင် ရောက်လာဖို့၊ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိ မရှိ သိချင် ပါတယ်။

ဖြေ - ဒီမေးခွန်းကတော့ ခဏခဏမေးခံနေရတဲ့ မေးခွန်းဖြစ် ပါတယ်။

အခုကတော့ ကိုယ်တို့က တကယ်တော့ ၂ဝ၁၅ခုနှစ် မှာ ကိုယ် အသက် မပြည့်သေးပါဘူး။ ၂ဝ၁၆ ခုနှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခွင့် ရှိပါသေးတယ်။ နောက် တစ်ခုက တပ်မတော်ကာကွယ်ရေး တာဝန်ပေါ့။ ကာကွယ် ရေးတာဝန် ထမ်းဆောင်မှုအပိုင်းကိုလုပ်ရတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ဦးအနေနဲ့ တာဝန် အင်မတန် ကြီးပါတယ်။ ဒီအတွက် တော်တော်ကို ခေါင်းထဲမှာအာရုံ စိုက်ပြီးတော့ အလုပ်လုပ်ရပါတယ်။ နံပါတ်တစ်အချက် တပ် တွေရဲ့ ဆောင်ရွက်ချက်တွေ၊ ခုနက အစ်ကို့ညီ မေးခဲ့တဲ့ ရှေ့ တန်းတိုက်ပွဲတွေမှာ အကျအဆုံးများတဲ့အတွက်ကြောင့် ဘာ များဖြစ်ချင်လဲ၊ ဘာများပြောချင်လဲလို့ မေးစရာ ရှိတယ်။ လူ တွေကလည်း စိုးရိမ်ကြောင့်ကြမှုရှိတယ်လို့ ပြောတယ်။ ဒါ တွေလည်း အစ်ကိုတို့က တပ်တွေ ရဲ့အရည်အသွေး တိုးတက် အောင် အစ်ကိုတို့မှာလည်း အများကြီးလုပ်ရတာရှိတယ်။

နောက်ပြီး ခေတ်ကြီးကလည်းပြောင်းနေပါပြီ။ အရင်တုန်း က ရိုင်ဖယ်လောက်နဲ့ ပစ်တာ၊ နောက် မောင်းပြန် ရိုင်ဖယ်၊ အဲဒီကနေ ဒီဘက်ခေတ်ဆိုရင် Electronic ပစ္စည်းတွေသုံး တဲ့ခေတ်တွေကို ရောက်လာတဲ့အခါမှာ ဒီထက်အစွမ်းထက် တဲ့ပစ္စည်းတွေ ဒီထက်ပိုပြီးတိကျတဲ့ဟာတွေ ပေါ်လာတယ်။ ဒါတွေကို အစ်ကိုတို့ အမီလိုက်နိုင်ဖို့ တပ်မတော်ကို အလျဉ် မီအောင် လုပ်နေရတာတွေ ရှိပါတယ်။

ကိုယ်တစ်ယောက် တည်း မဟုတ်ပါဘူး။ ကျန်တဲ့သူတွေလည်း ဝိုင်းလုပ်နေကြ ပါတယ်။ သူ့ကဏ္ဍနဲ့သူ လုပ်နေကြတာရှိပါတယ်။ ဒီလိုသာ ကိုယ်တို့ မလုပ်ခဲ့ဘူးဆိုရင် တပ်မတော်ဟာ ကျန်ခဲ့လိမ့်မယ်။ ဒါကြောင့် ဒီဟာကို အာရုံစိုက်ပြီးတော့ အစ်ကိုတို့က လုပ်နေ တယ်။ တစ်ဖက်ကလည်း နယ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေ ဆို လို့ရှိရင်လည်း အစ်ကိုတို့မှာလည်း ထိုက်သင့်တဲ့အတွေ့အကြုံ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်တဲ့ဟာကိုတော့ ကိုယ်လုပ်နေပါတယ်။ လုပ်မယ်။

ဒါကို ရည်ရွယ်ပြီးတော့မှ သွားပြီးတော့မှတော့ ဒီဟာကို ဦးစားပေးပြီးတော့မှတော့ မလုပ်နိုင်သေးဘူး။ ဒီဘက်ကိုတော့ တပ်မတော်ပိုင်းဟာကို အရေးကြီးတယ်။ နောက်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အင်မတန်အရေးကြီးတာ။ အခုဖြစ်ပျက် နေတဲ့ ကိစ္စရပ်က ငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီးတော့ ဒါ တို့အတွက် နိုင်ငံအတွက် တကယ်ကို အရေးကြီး ဆုံး အကြောင်းအရာတစ်ခု။

ဒါကို အောင်မြင်အောင်လုပ်မှရမယ်။ ဒါကို အောင်မြင်ဖို့အတွက်ဆိုရင် တပ်က အကုန်လုံးကို တက်ညီလက် ညီနဲ့ အင်နဲ့အားနဲ့ကို လုပ်နိုင်မှရမယ်။ ဒါကို အာရုံစိုက်ပြီးတော့ လုပ်နေတယ်လို့ ပြောလိုပါတယ်။ ဆိုလိုချင် တာက ဒီနိုင်ငံရေးထက် တပ်ပိုင်းဆိုင်ရာကို ပိုပြီး တော့ အာရုံစူးစိုက်ပြီးတော့ လုပ်နေတယ်လို့ ပြောချင်ပါ တယ်။

မေး - ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။ နောက်တစ်ခုက လတ်တလောဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ရတဲ့ တပ်မတော်သား တွေနဲ့ ပတ်သက်လို့ပေါ့လေ။ ဒီလို တိုက်ပွဲတွေမှာ အသက် ပေးပြီး တိုင်းပြည်ကိုကာကွယ် သွားတဲ့ တပ်မတော်သားတွေကို တပ်မတော်သားတစ်ဦးရဲ့ နောက်ဆုံးအခွင့်အရေးတစ်ခု အနေနဲ့ သူ့ရဲ့ မိသားစုတွေရှိတဲ့နေရာတွေကို ပို့ဆောင်ပေး နိုင်ခွင့်ရဖို့အတွက် တပ်မတော်အနေနဲ့ ဘယ်လိုများဆောင် ရွက်ပေးသွားဖို့ရှိတယ်ဆိုတဲ့ အစီအစဉ်ကိုလဲ သိချင်ပါတယ်။

ဖြေ - ဒါကတော့ နယ်မြေရဲ့ အခြေအနေအပေါ် အများကြီး တည်ပါလိမ့်မယ်။

အခုလောလောဆယ် အနေအထားမှာ တော့ အတတ်နိုင်ဆုံး အနီးဆုံးမြို့၊ ဒေသကို အစ်ကို တို့ ရောက် အောင် ဆွဲထုတ်ပြီးတော့မှ လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို အစ်ကိုတို့ လုပ်တာပေါ့။ ထိခိုက်ဒဏ်ရာရတဲ့လူနဲ့ ပတ်သက် လာရင်လည်း အမြန်ဆုံး ရဟတ်ယာဉ်နဲ့ အစ်ကိုတို့ ဆွဲထုတ် ပြီးတော့မှ အခုဆိုရင် အဲဒေသမှာရှိတဲ့ ဒဏ်ရာရတဲ့ပုဂ္ဂိုလ် တွေအားလုံးဟာ လားရှိုးနဲ့ ပြင်ဦးလွင်မှာရှိတဲ့ စစ်ဆေးရုံတွေ ကို အကုန်လုံးရောက်နေကြပြီ။ အစ်ကိုတို့ အကုန်လုံးကို လည်း ဆွဲထုတ်နိုင်ပါတယ်။ တိုက်ပွဲမှာ ကျဆုံးတဲ့ လူနဲ့ ပတ်သက်ရင်လည်း အနီးဆုံးနေရာအထိ အစ်ကိုတို့ ရောက်အောင် ယူထုတ်ဖို့ ဆိုပြီးတော့ ဒီလို စီစဉ်ပေးထားပါတယ်။

အခြေ အနေတွေပေါ်မှာလည်း အများကြီး တည်တာပေါ့လေ။ အစ် ကိုတို့မှာလည်း ပစ္စည်းပစ္စယ ဆိုတာက လည်းမရှိတော့ သို့ သော် အခုနကပြောတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုက တော့ အစ်ကိုတို့မှာ ရှိ တာပေါ့။ သို့သော် အဲဒီသယ်ယူပို့ဆောင် ရေးစနစ်ကို လုံလုံခြုံခြုံဆောင်ရွက်နိုင်ဖို့ အခွင့်အရေးရဖို့ လည်း လိုသေးတယ်။ အဲဒီ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု က လုံလုံခြုံခြုံမရှိရင် အဲဒီမှာ သွားဒုက္ခရောက်မှာလည်း စဉ်းစားရသေးတယ်။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် တော့ အစ်ကိုတို့ စဉ်းစားပေး ဆောင်ရွက်ပေး နေ တယ်ဆို တာကို ပြောလိုပါတယ်။

မေး - ဗိုလ်ချုပ်မှူးကြီးခင်ဗျာ။ မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သား တွေ မျှော်လင့်တောင့်တနေကြတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်ကြီး တစ်ခု မြန်မာနိုင်ငံမှာ အလျင်အမြန် အကောင်အထည်ပေါ် လာနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူ တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းဆောင်ရွက် နေ ကြတဲ့ တာဝန်ရှိသူတွေကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ ဒီနေရာကနေ ဘယ်လိုများ တိုက်တွန်း အကြံပြု ပြောကြားချင် ပါသလဲခင်ဗျာ။

ဖြေ - တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့အကျိုးပေါ့၊ သူတို့ရဲ့မျက် နှာပေါ့။ ကြည့်ဖို့လိုတယ်။ ဥပဒေနဲ့အညီလုပ်နိုင်ဖို့၊ လုပ်ဖို့ လိုတယ်။ အခု တိုင်းပြည် တိုးတက်သင့်သလောက် မတိုး တက်တာ ဘာကြောင့်လဲဆိုတဲ့အဖြေဟာ တည်ငြိမ်အေးချမ်းမှု မရတဲ့အတွက်ကြောင့်မို့ ဖြစ်တာပေါ့။ တိုးတက်ပါတယ်။ မတိုးတက်ဘူးမဟုတ်ပါဘူး။ အခုလဲ ဒီအခြေအနေရောက် လာတာကလည်း ဒါ တိုးတက်မှုရဲ့ပြယုဂ်တစ်ခုပဲ။ အဲဒီတော့ ဒီလိုအခြေအနေ မျိုးကို ပိုပြီး တိုးတက်အောင်ဆိုတာက အကုန် လုံးက တူညီတဲ့ ရည်မှန်းချက်ရှိဖို့လိုတယ်။

အဲဒါက ဥပဒေနဲ့ အညီမဟုတ်ဘဲနဲ့ အခြေအနေ ဖန်တီးနိုင်ခွင့်ရအောင်ကို ယူဖို့ ကြိုးစားတာမျိုးကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါ ကြောင့် ဒါကို တစ်ကဏ္ဍထားပြီးသွားမှ တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကိုကြည့်ပြီး ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ထည် ထည်ဝါဝါနဲ့ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်မွေးပြီး လုပ်ကြပါ လို့ပဲ တိုက်တွန်းပြောကြားချင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလို မအားလပ်တဲ့ကြားကနေ အချိန်တစ်ခု ပေးပြီး မေးခွန်းများကိုဖြေကြားပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကို ရန်ကုန်တိုင်းမ်ဂျာနယ်က ကျေးဇူးအထူးတင်ရှိပါတယ်။

ဟုတ်ကဲ့။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။

‪#‎TheYangonTimes‬

No comments:

Post a Comment

My Blog List