Thursday, February 19, 2015

ခြောက်ပွင့်ဆိုင် မဆွေးနွေးဘဲ အခြေခံဥပဒေပြင်ပါက အကျပ်အတည်း ပိုဆိုးလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ သုံးသပ်


 ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုမပြုလုပ်ဘဲ အခြေခံဥပဒေပြင်ဆင်ပါက လက်ရှိကြုံ တွေ့နေရသည့် နိုင် ငံရေးအကျပ် အတည်းများထက် ဆိုးရွားသော အကျပ်အတည်း ကြုံတွေ့လာ နိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့က သုံးသပ်သည်။
မကြာမီကာလတွင် လွှတ် တော်သို့ အခြေခံဥပဒေပြင်ဆင် သည့် ဥပဒေကြမ်း တင်သွင်းတော့ မည်ဖြစ်ကာ ယင်းဥပဒေကြမ်းမ ဆွေးနွေးမီ ခြောက်ပွင့်ဆိုင် တွေ့ ဆုံရေးမလုပ်နိုင်ပါက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များနှင့် အရပ်သားလွှတ်တော် ကိုယ်စားလှယ်များ သဘောကွဲလွဲ နေသည့် အချက် အလက်များကို ပြင်ဆင်နိုင်မည်မဟုတ်သည့်အတွက် အကျပ်အတည်းတစ်ခုဆီ ဦးတည်နိုင်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။

‘‘လူထုက ဖွဲ့စည်းပုံကို ပြင် ဖို့ ဆန္ဒထုတ်ဖော်ထားတာကို သတိထားဖို့ လိုတယ်။ ဒါကြောင့် အ ရေးကြီးတဲ့ ပုဒ်မတွေ ဒီတိုင်းပဲထား မယ်ဆိုတဲ့ သဘောထားအတိုင်း ဖြစ်လာရင် လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အ တည်းထက် ပိုကြီး တဲ့ အကျပ်အတည်းဖြစ်လာနိုင်တယ်’’ဟု ဒေါက်တာအေးမောင် က ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေး အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံးစတင် လုပ်ဆောင် ရန်လိုပြီး နောက်ပိုင်း ထွက်ပေါ်လာသည့် ၁၂ ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်စသည့် အပွင့်ဆိုင်များ သည် တွေ့ ဆုံရေး နှောင့်နှေးကြန့် ကြာစေရန် မူလရည်မှန်းချက်ဝေ ၀ါးစေရန် ပြုလုပ်ခြင်းသာ ဖြစ် ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ညိုညိုသင်းက ပြောသည်။

‘‘တွေ့ဆုံမှုတွေ မလုပ်ဘဲ လွှတ်တော်ထဲမှာ ပြင်ဖို့လုပ်နေတာက အချိန်ကုန်ရုံပဲ အဖတ်တင်မယ်။ လွှတ်တော် ထဲမှာ မပြင်ခင် အပြင်မှာတွေ့ဆုံမှုတွေလုပ်ပြီး သဘောတူညီချက်ရတော့မှ လွှတ် တော်ထဲမှာ ပြင်မှ ပဲ အောင်မြင်နိုင် မယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြော သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခြင်း သည် တပ်မတော်က ငြင်းဆန်ထားသော ပုဒ်မများအပေါ် အဓိကတာဝန်ရှိသူ များ တွေ့ဆုံညှိနှိုင်းအပေးအယူလုပ်သည့် သဘောဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ခြင်းမရှိပါက တပ်မတော်က သဘောတူသည့် ပုဒ်မများသာ ပြင်ဆင်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘လွှတ်တော်ထဲမှာ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်က သြဇာ လွှမ်းတဲ့ အမတ်တွေအများကြီး ရှိ တယ်။ အဲဒါကြောင့် အခြေခံဥပ ဒေကို ဆွေးနွေးရင် လွှတ်တော်က ဆုံးဖြတ်ပြီးသားကို ပြင်ဆင်တဲ့ ယာယီ သက်သေခံလက်မှတ်ကိစ္စ လိုမျိုး ဖြစ်မလာဘူးလို့ မပြောနိုင် ဘူး။ ဖြစ်လာရင် ဘယ်လိုဖြေရှင်း  မလဲ’’ဟု ဒေါက်တာအေးမောင် က ပြောသည်။

သမ္မတအနေဖြင့် ခြောက်ပွင့် ဆိုင်အစား အများစုပါဝင်သော တွေ့ဆုံမှုကိုသာ အလိုရှိသော် လည်း ပြည်ထောင်စုလွှတ်တော် အနေဖြင့် ခြောက်ပွင့်ဆိုင်ကိုသာ အမြန်ဆုံးပြုလုပ်ပေးရန် ဒုတိယ အကြိမ်မြောက်တိုက်တွန်းမှုပြု လုပ် ထားသည်မှာ တစ်လခန့်ရှိပြီ ဖြစ်သည်။

‘‘အခြေခံဥပဒေ ပြင်ဖို့က တော့ လွှတ်တော်အနေနဲ့ကတော့ လုပ်ကိုလုပ်ရမှာပဲ။ အဲဒီမှာ တွေ့ ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ လွှတ် တော်ထဲမှာပြင်ရင် အထွေထွေ အကျပ်အတည်းကြီးကို ဦးမတည် ပါစေနဲ့လို့ ကျွန်တော်ဆုတောင်း တယ်’’ဟု ဒေါက်တာ အေးမောင် က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရာတွင် အရေးပါသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ ငါးသန်းခန့် ဆန္ဒထုတ်ဖော်မှုများရှိနေသော်လည်း တပ်မတော်က ယင်းပုဒ်မ မပြင်ဆင်လိုဘဲ ငြင်းဆန်ထားခြင်း သည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု ရာရောက်နေသဖြင့် ပြည်သူ့ဆန္ဒအတိုင်းဖြစ်မလာလျှင် အကျပ် အတည်းသို့ ဦးတည်သွားနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြား သည်။

7Day News Journal

No comments:

Post a Comment

My Blog List