Tuesday, February 17, 2015

ပြည်နယ်အစိုးရဖွဲ့နိုင်ရေး ကျားဖြူပါတီ မျှော်မှန်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၆၃ မြို့နယ် ဝင်ပြိုင်မည်


ရှမ်းပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရေးသည် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အဓိကမျှော်မှန်းချက်ဖြစ် သည်ဟု ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ပါတီ ၏ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်လိုက်သည်။
တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်ထိ နှစ်ရက်တာကျင်းပသည့် လေးကြိမ်မြောက် ပါတီညီလာခံတွင် ''ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်မှ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ လိုအပ်ချက်များကိုပိုမို ဖြည့်ဆည်းပေးနိုင် မည်''ဟု ပါတီကရှေ့လုပ် ငန်းစဉ်ချမှတ်ထားသည်။

ကျားဖြူပါတီ၏ သီပေါမြို့နယ်၊ ဒု- ဥက္ကဋ္ဌဖြစ်သည့် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက'' ရွေးကောက်ပွဲ မှာ ကျွန်တော်တို့ပါတီက ၅ဝ ရာခိုင်နှုန်းကျော်နိုင် ရင် ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ သေချာပါတယ်''ဟု မဇ္ဈိမကို ပြော သည်။

ပါတီညီလာခံဖွင့်ပွဲသို့ တက်ရောက်လာသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တောင် ပိုင်း တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကလည်း ကျားဖြူ ပါတီ ၏ လျှောက်လှမ်းနေသော လမ်းကြောင်းသည် မှန်ကန်သည်ဟု ပြောဆိုကြောင်း ဦးရဲထွန်းက ပြန်ပြောသည်။

ကျားဖြူပါတီသည် ၂ဝ၁၅အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အပါ အဝင် မဲဆန္ဒနယ် ၆၃ မြို့နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု လည်းညီလာခံ တွင် သဘောထားကြေညာချက်(မူကြမ်း) ထုတ်ပြန်ခဲ့သည်။

ကျားဖြူပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ရှမ်းပြည်နယ်အတွင်း ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် ကိုးမြို့ နယ်၊ မန္တလေးတိုင်းတွင် သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းတွင် လေးမြို့နယ်နှင့် ကယားပြည်နယ် တွင် လေးမြို့နယ်တို့ ဖြစ်သည်။

ဥပဒေပြုရေးတွင်''တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ''ပြဋ္ဌာန်းနိုင်ရန် ကြိုး ပမ်းမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျားဖြူပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် တောင်ကြီးမြို့၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင်လည်း ကလောမြို့နယ်၌ NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။

လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ကျားဖြူပါတီ၏အမတ် ၂၂ နေရာနှင့် ပြည်နယ်လွှတ်တော်တွင် အမတ် ၃၆ နေရာ ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List