Wednesday, February 18, 2015

ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း





ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီးကိုးကန့် ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသားတမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါး ဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လတ်တတော လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုတွေမှာ သေဆုံးသူ ဒေသခံ တစ်ရာကျော် ရှိသွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေး စေတဲ့အတွက် ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံကြောင်း ကိုးကန့် တိမ်းရှောင် လက်နက်ကိုင်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါ တယ်။


DVB TV News

No comments:

Post a Comment

My Blog List