Monday, February 16, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့ရောက် စစ်ဘေးဒုက္ခသည်များအတွက် ကျပ်သိန်းတစ်ရာလှူဒါန်း



တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် လားရှိုးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာ ပေးအပ်ခဲ့ကာ တွေ့ဆုံအားပေးခဲ့ ပြီး လောက်ကိုင် တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲအရာရှိတစ်ဦးအတွက်ထောက်ပံ့ငွေကျပ် သိန်း ၂၀ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၅ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီး ကျောင်းသို့ လာရောက်၍ စစ်ဘေး ရှောင်ပြည်သူ များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထောက်ပံ့ငွေများ ပေး အပ်ခဲ့ခြင်း ဖြစ် သည်။

‘‘ကာချုပ်ကြီးက အဲဒီဒေသမှာ အခြေအနေထိန်းသိမ်းနိုင်ပြီ။ စိတ်မပူကြဖို့ ပြည် သူတွေကို အား ပေးခဲ့တာ ပါ’’ဟု လုံခြုံရေးတာဝန် ယူထားသော ရဲအုပ်အဆင့် အရာရှိတစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသတွင် ပြီး ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးအပါအ၀င် ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၁၅ တွင် လောက်ကိုင်ဒေသ စစ်ရေးအခြေအနေ များနှင့် ပတ်သက်၍ ‘‘ရှင်းလင်းမှု တွေ လုပ်နေ ဆဲပဲ။ ဒါပေမဲ့ စစ်ရေး အသာစီးရသွားပါပြီ’’ဟု ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)လက်အောက်မှ တပ်မတော် အရာရှိတစ်ဦး က ပြောသည်။

လားရှိုးမြို့ပေါ်တွင်လည်း ဖေဖော်ဝါရီ ၁၅ ရက်က တပ်မ တော်စစ်သားများ တင်ဆောင် ထားသည့် စစ်ကား များမြို့အတွင်း လှည့်လည်၍ လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ထို့အပြင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေ ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ညနေက လားရှိုး မြို့တွင် သတင်းထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင် ရာ၏ သီးခြားအတည်ပြုချက်မရ ရှိသေးပေ။

ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ မြန်မာ့တပ်မ တော်စခန်းများသို့ လာရောက် တိုက်ခိုက် မှုကြောင့် လောက်ကိုင် ဒေသအတွင်း တိုက်ပွဲများဖြစ်ပွား နေခြင်း ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List