Thursday, February 19, 2015

တိုက်ပွဲများကြောင့် ပိတ်မိသူများတွင် အစိုးရ၀န်ထမ်းများ ပါဝင်


လောက်ကိုင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေ သော တိုက်ပွဲများကြောင့် ပိတ်မိ နေသူများထဲ၌ အစိုးရ ၀န်ထမ်း များပါဝင်နေပြီး တပ်မတော်အပါ အ၀င်ကူညီိရေးအဖွဲ့များက ၎င်းတို့ကို ကယ်ဆယ်ရန် ဆောင် ရွက် နေကြသည်။
လောက်ကိုင်ဒေသတွင် မြန် မာ့တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက် ကိုင်အဖွဲ့တို့ ကြား ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူသောင်းဂဏန်းမျှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပိတ် မိနေသူများ ကျန်ရှိနေဆဲ ဖြစ် သည်။

ပိတ်မိနေသူများတွင် ကုန်း ကြမ်းမြို့နယ် လ၀ကဦးစီးမှူးအပါ အ၀င် ၀န်ထမ်းလေးဦး၊ မော်ထိုက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၀န်ထမ်း ရှစ်ဦးခန့်ပါဝင်နေ ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ပြောသည်။

‘‘ဆက်သွယ်ပြီး ကယ်ဆယ် ရေးဆောင်ရွက်နေပါတယ်’’ဟု ချင်းရွှေဟော်မြို့တွင် လုံခြုံရေးယူ ထားသည့် တပ်မ (၁၁) မှ အဆင့် မြင့်အရာရှိတစ်ဦးက ဆိုသည်။

ထို့အပြင် ကုန်းကြမ်းနှင့် မော်ထိုက်မြို့တို့မှ ကျောင်းဆရာ တစ် ဦးနှင့် ဆရာမ ၃၁ ဦးတို့မှာလည်း တရုတ်နိုင်ငံ ဘက်မှတစ်ဆင့် ချင်း ရွှေဟော်-ကွမ်းလုံ-လားရှိုး သို့ခေါ် ယူရန် တပ်မတော်နှင့် ကယ်ဆယ် ရေးအဖွဲ့များ ကြိုးစားနေသည်။ ‘‘နီးစပ်ရာ တရုတ်နိုင်ငံ ဟုန် အိုင်ဘက်ကတစ်ဆင့် ဒီဘက်ကို ပြေးလာရတာ’’ဟု ကယ် ဆယ်ရေး ဆောင်ရွက်နေသော ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသတိုက်ပွဲ များအတွင်း ကိုးကန့်အဖွဲ့မှ ကြက် ခြေနီယာဉ်တန်းနှင့် အရပ်သား များကိုပါ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။

လောက်ကိုင်မြို့ဝန်းကျင် တွင် တပ်မတော် တပ်မ (၃၃)ကနယ်မြေရှင်းလင်းမှု များပြုလုပ်နေ ပြီး ၃၈ မိုင်အကွာ ချင်းရွှေဟော်မြို့၌ တပ်မ (၁၁) က နေရာယူ ထားကာ လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရသည်။

လတ်တလောတိုက်ပွဲဖြစ် ပွားနေသော နယ်မြေများမှာ လောက်ကိုင်နှင့် ချင်းရွှေဟော် ကြားဒေသများဖြစ်ပြီး ကိုးကန့် အဖွဲ့က လက်နက်ကြီးများအပါ အ၀င် စနိုက်ပါသေနတ်များပါ အသုံးပြုပစ်ခတ်နေခြင်း ဖြစ်သည်။

တပ်မတော်ဘက်မှ ပိတ်မိနေသော အရပ်သားများကို ငဲ့ညှာနေခြင်းကြောင့် ထိခိုက်ကျဆုံးမှု များဖြစ်နေကြောင်း ကွမ်းလုံနှင့် ချင်းရွှေဟော်ဒေသခံများက ပြော သည်။


7Day Daily

No comments:

Post a Comment

My Blog List