Friday, February 20, 2015

ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က ခြိမ်းခြောက်၍ လူစုပြီး ငွေနှင့် မူးယစ်ဆေးဝါးပေး ကာ တိုက်ခိုက်စေကြောင်း အစိုးရထုတ်ပြန်


ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က လောက်ကိုင်မြို့တွင် လာ ရောက်အလုပ်လုပ် ကိုင်နေသော အလုပ်သမား များနှင့် ဒေသခံပြည် သူအချို့ကို လက်နက်ဖြင့် ခြိမ်း ခြောက်၍ စစ်တိုက်ရန် အဓမ္မ ခေါ်ဆောင်လျက် ရှိနေကြောင်း နိုင်ငံ တော်အစိုးရက သတင်းထုတ်ပြန် သည်။
ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ များသည် သေနတ်နှင့် ယူနီဖောင်း များထုတ်ပေးကာ စစ်တိုက်ရန်ခေါ်ဆောင်ရာ တွင် မလိုက်ပါက သေနတ်ဖြင့် ပစ်သတ်ပြပြီး အကြောက်တရားနှင့် တပ်သားများစု စည်းခေါ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ထို့အပြင် လူတစ်ဦးလျှင် ယွမ်ငါးရာနှင့် ရာမဆေးပြားတစ် ထုပ်ပေးကာ သောင်းကျန်းသူ အဖွဲ့များ၏ ရှေ့ တန်းသို့ တင်ပြီး လောက်ကိုင်မြို့ရှိ တပ်မတော် ဌာနချုပ် များကို ညစဉ်လာရောက် ပစ်ခတ်ရန် စေခိုင်းလျက် ရှိ ကြောင်း ဒေသခံပြည်သူ များနှင့် ဖော်ထုတ်ဖမ်းဆီးရမိသူများထံမှ သိရကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးဒုတိယမြောက်နေ့၌ ဖေ ဖော်ဝါရီ ၁၉ ရက်တွင် တပ်မ တော်စစ်ကြောင်းက နယ်မြေရှင်း လင်းလျက်ရှိရာ လောက်ကိုင်မြို့ တစ်ဝိုက် ကိုးကန့်သောင်းကျန်း သူများနှင့် ထိတွေ့စစ်ပွဲများ ဖြစ် ပွားခဲ့သောကြောင့် တပ်မတော်မှ အရာရှိတစ်ဦးကျဆုံးပြီး စစ်သည် ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အလောင်း နှစ်လောင်း၊ လက် နက်ငယ် ခုနစ်လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်း အချို့သိမ်းဆည်း ရမိခဲ့သည်ဟုဆိုသည်။

လောက်ကိုင်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက် အထိ တပ်မတော်မှ ကျဆုံးသူ စုစုပေါင်း ၅၁ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၁၀၇ ဦးအထိရှိသည်။

ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ဘက်မှ စုစုပေါင်းအလောင်း ၂၈ လောင်းသိမ်းဆည်း ရမိ ကြောင်းဖော်ပြပြီး တိုက်ပွဲများတွင်တပ်မတော် ဘက်မှ ကျဆုံးမှုမှာ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ထက် ပိုများနေသည်။

ဖမ်းဆီးရမိသော လက်နက်နှင့် ကျောက်စိမ်းများ (ဓာတ်ပုံ − MOI)
7Day Daily

No comments:

Post a Comment

My Blog List