Wednesday, February 18, 2015

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်မြို့ထဲဝင်၊ မ၀င် ယနေ့ဆုံးဖြတ်ချက်ချမည်

လက်ပံတန်းမြို့သို့ ရောက်ရှိလာသော ပင်မသပိတ် စစ်ကြောင်းသည် ရန်ကုန်မြို့ထဲသို့ ၀င်ရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် လက်ပံတန်းမြို့၌ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ် ချက်ချသွားမည်ဟု ပင်မသပိတ် ကျောင်းသားခေါင်းဆောင်များက ပြောသည်။ 


ရန်ကုန်မြို့သို့ ချီတက်လာ သော ပင်မသပိတ်စစ်ကြောင်း သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မင်းလှမြို့မှ လက်ပံတန်းမြို့သို့ ရောက်ရှိလာပြီး လက်ပံတန်းမြို့ ၌ သပိတ်စစ်ကြောင်းတစ်ရက် နားမည်ဖြစ်သည်။

‘‘လက်ပံတန်းမှာ တစ်ရက် နားပါမယ်။ ရန်ကုန်ထဲကို ၀င် ရောက်မယ့် အစီအစဉ်ရော၊ သပိတ်နဲ့ ပတ်သက်လို့ စည်းကမ်းပိုင်းတွေရော အကုန်လုံးနဲ့ ပတ်သက်ပြီး လက်ပံတန်းမှာ အစည်းအဝေးလုပ်သွားပါမယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချပါမယ်။ လောလောဆယ်တော့ ရပ်နားဖို့ အစီအစဉ်မရှိသေးပါဘူး’’ဟု ပင်မ သပိတ်ကျောင်း သားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေး သစ်က ပြောသည်။

ဇန်န၀ါရီ ၂၀ ရက်က မန္တ လေးမြို့မှ စတင်ထွက်ခွာလာ သော ပင်မသပိတ်စစ်ကြောင်းသည် လမ်းလျှောက် ချီတက်သည့် ရက်ပေါင်း ၂၉ ရက်အကြာတွင် လက်ပံတန်းမြို့သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်သို့ လမ်းလျှောက် ချီတက်နေသော ကျောင်းသား သပိတ်စစ်ကြောင်း လေးခုအနက် မှ သပိတ် စစ်ကြောင်း သုံးကြောင်း သည် ဖေဖော်ဝါရီ ၁၆ ရက်က ရပ်နားလိုက်ကြသည်။ လက်ရှိအ ချိန်တွင် ပင်မသပိတ်စစ်ကြောင်း တစ်ကြောင်းသာ ရန်ကုန်သို့ ဆက်လက်ချီတက်နေခြင်းဖြစ်သည်

‘‘ပညာရေးဥပဒေကို လွှတ် တော်တင်ဖို့ စောင့်ကြည့်နေတာ ဒီနေ့(ဖေဖော်ဝါရီ ၁၇ ရက်)အထိ စာရင်းထဲမှာ ပါမလာသေးဘူးလို့ သိရတယ်။ အဲဒါကိုလည်း စောင့် ကြည့်နေတယ်။ ဘာမှ မသေချာ ဘဲနဲ့ ရပ်နားဖို့ဆိုတာ မဖြစ်နိုင် သေးဘူး’’ဟု ပင်မသပိတ်ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြတ်သူကပြောသည်။

ပင်မကျောင်းသားသပိတ် ကျောင်းသားခေါင်းဆောင်တစ် ဦးဖြစ်သူ ဗကသကျောင်းသား ဥက္ကဋ္ဌ ကျော်ကိုကို သည် ပင်မ သပိတ်စစ်ကြောင်းတွင် ရှိမနေ ခြင်းနှင့် ပတ်သက်၍ ပျောက်ဆုံး နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

‘‘ကိုကျော်ကိုကိုက နေမ ကောင်းလို့ ခဏနားခိုင်းထားတာ ပါ။ ဒီနေ့(ဖေဖော်ဝါရီ ၁၇ ရက်) မှာ သပိတ် စစ်ကြောင်းကို ပြန် ရောက်နေပါပြီ’’ဟု ကိုမြတ်သူက ပြောသည်။

ပင်မသပိတ်စစ်ကြောင်း သည် ရန်ကုန်မြို့အတွင်းသို့ ၀င် ရောက်လာမည်ဆိုပါက နှစ်ရက် အကြာတွင် ပဲခူးတိုင်းနှင့် ရန်ကုန် တိုင်းနယ်ကြားသို့ ရောက်ရှိလာ မည်ဖြစ်သည်။ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းနယ်ကြား တွင် သပိတ် မှောက်ကျောင်းသားများအား တားဆီးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၄ ရက်က တည်းက ကြိုတင်ချထားသည်။


7Day Daily

No comments:

Post a Comment

My Blog List