Tuesday, February 17, 2015

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက လစာ၏ ၂၅ရာခိုင်နှုန်း စုဆောင်းရန်ပုံငွေမှ ကျပ်သိန်း ၁ဝဝဝကို လောက် ကိုင်ဒေသ စစ်ဆင်ရေးတွင် ကျဆုံး၊ ဒဏ်ရာရသွားသော တပ်မတော်သားများအားလှူဒါန်း



နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက လစာထဲမှ လစဉ်၂၅ ရာခိုင်နှုန်း စုဆောင်းထားသည့် ရန်ပုံငွေမှ ငွေ ကျပ်သိန်း ၁ဝဝဝကို လောက်ကိုင် ဒေသစစ် ဆင်ရေးတွင် ကျဆုံးသွား သောတပ်မတော် အရာရှိ၊ စစ်သည်များနှင့် ဒဏ်ရာရတပ်မတော်အရာရှိ စစ်သည်များအတွက် ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့် အတူ ဖေဖော်ဝါရီ ၁၆ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့်  ထွက်ခွာလာခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး အနီး စခန်း လေဆိပ်သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင်များသည် လတ်တလော ကာလအတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများ၌ နိုင်ငံတော် အတွက် ရဲဝံ့ စွန့်စားစွာတိုက်ပွဲဝင်ကာကွယ်ခဲ့ရာ မှ ထိခိုက်ဒဏ် ရာရရှိခဲ့သော တပ် မတော်သားအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်ဆေးရုံ၌ သွားရောက် တွေ့ဆုံပြီးတစ်ဦးချင်းစီတွေ့ဆုံအား ပေးကာ ၎င်းတို့ အတွက် လိုအပ်မည့် ဂုဏ်ပြုငွေနှင့်
လက်ဆောင်ပစ္စည်း၊ စား သောက်ဖွယ်ရာများကို ပေးအပ်ကြသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲဝင်များသည် တပ်မတော် ဆေးရုံခန်း မ၌ကျင်းပ သည့် အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ က ၎င်းတို့၏ လစာငွေများထဲမှ လစဉ် ၂၅ ရာခိုင်နှုန်းစုဆောင်း ထားသောရန်ပုံငွေမှ လောက်ကိုင်ဒေသစစ်ဆင် ရေးတွင် ကျဆုံးသွား သောတပ်မတော် အရာရှိ၊ စစ်သည်များအတွက် ငွေ ကျပ် သိန်း ၉၀၀ နှင့်ဆေးရုံတက် ရောက်၍ ဆေးဝါးကုသမှုခံယူနေကြ ရသည့်ထိခိုက်ဒဏ်ရာရတပ်မတော် အရာရှိ၊ စစ်သည် များ အတွက် ငွေ ကျပ် သိန်း ၁ဝဝကို နိုင်ငံတော်သမ္မတ ကိုယ်စား သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသိန်းညွန့်က ပေး အပ်ရာ တပ်မတော်သားများကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လက်ခံရယူ သည်။

ယင်းနောက်နိုင်ငံတော်သမ္မတ သည် ထိခိုက်ဒဏ်ရာရရှိသည့်တပ်မ တော်အရာရှိ၊ စစ်သည်မိသားစု များ နှင့်တွေ့ဆုံကာ အားပေး စကားပြော ကြားရာ၌ မိမိတို့နိုင်ငံအနေဖြင့် အစဉ် အဆက်က ပိုင်ဆိုင်ခဲ့သည့် အချုပ် အခြာအာဏာပိုင်မြေကို တစ်လက် မမျှအဆုံးရှုံး ခံမည်မဟုတ်ကြောင်း၊ တရားသောစစ်ကို ဆင်နွှဲ ရင်းစွန့် လွှတ်စွန့်စားစိတ်များဖြင့် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ရင်း ထိခိုက် ဒဏ် ရာရရှိ ခဲ့သည့် တပ်မတော်သား များ၏ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် တိုက်ပွဲကြီး ပေါင်းများစွာတွင် တပ်မတော်သားများရဲဝံ့စွန့်စားစွာ၊ သမိုင်းဝင်စွာတိုက်ပွဲဝင်ခဲ့ ပါကြောင်းဖြင့် ပြော ကြားခဲ့ ပြီး တပ်မတော်သားမိသားစုဝင်များ အားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး ခဲ့သည်။ 

MNA
#Democracytoday

No comments:

Post a Comment

My Blog List