Thursday, February 19, 2015

တောင်ကြီးမှာ ကျောင်းသားတွေ ဆန္ဒပြ


ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျောင်းသား ကျောင်းသူ ၃၀ နီးပါးလောက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကို ထောက်ခံ ဆန္ဒပြကြပါတယ်။အမျိုးသားပညာရေး ဥပဒေ ပြင် ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးတဲ့အချိန်ထိ သပိတ်မှောက် မှာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြ ပွဲမှာ ပါဝင်တဲ့ ရှမ်းပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝင်းနိုင် ဦးက ပြောပါတယ်။
"ကျနော်တို့ပင်မသပိတ်စစ်ကြောင်းကိုထောက်ခံတဲ့ သဘောရယ်၊ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ပေါ့နော်၊ ဥပဒေ မူကြမ်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်ပေးဖို့ အတည်ပြုနိုင်ရေး အတွက် ကျနော်တို့ ဒီသပိတ်ကိုစတာပါ၊ တောင်းဆိုထားတဲ့ ၁၁ ချက်ကို အတည်ပြုပြ ဌာန်းနိုင်ပြီးတော့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပေးလိုက်ပြီ၊ ဒီဥပဒေအတည်ဖြစ်ပြီဆိုတာနဲ့ ကျနော် တို့ဒီသပိတ်ကို ရက်နားမှာပါ "

ဆန္ဒပြပွဲမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေ အပြင် ကျောက်ဆည်၊ မန္တလေး နဲ့ ပြင်ဦးလွင် ခရိုင်က ကျောင်းသား ကျောင်း သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

တောင်ကြီးကျောင်းသားသပိတ်ဟာ မန္တလေးကနေ ရန်ကုန်ကိုချီတက်နေတဲ့ ပင်မသပိတ်နဲ့ သွားရောက် ပူးပေါင်းမယ် လို့ ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List