Wednesday, February 18, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Yangon Times မီဒီယာ တွေ့ဆုံ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဖေဖော် ဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ပြည်တွင်း သတင်းမီဒီယာများ ဖြစ်သည့် Sky net၊ Tomorrow၊ 7 Day ၊ Yangon Times၊ Messenger နှင့် Eleven တို့အား သီးခြားစီ တွေ့ဆုံ၍ သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ တွေ့ဆုံ မေးမြန်းခဲ့သည့် သတင်း မီဒီယာများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က Yangon Times မီဒီယာနှင့် တွေ့ဆုံစဉ် သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည် ဖြေကြားချက် အပြည့်အစုံအားပြည်သူ အများ သိရှိနိုင် ရန် အောက်ပါ အတိုင်းဖော်ပြအပ်ပါသည်-

Yangon Times ။ ပထမဦးဆုံးအနေနဲ့တွေ့ခွင့်ရတဲ့အတွက်ကျေးဇူးတင် ပါတယ်။ ကျွန်တော် ဒီနေ့ ဗိုလ်ချုပ်မှူးကြီးကိုမေးခွန်းလေး ၃ ခု လောက်မေးချင် ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ မေးပါ။

Yangon Times။ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ လက်ရှိ ကျွန်တော်တို့ တရုတ်နယ် စပ် ပြဿနာတွေနဲ့ ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် မနေ့ကပဲ တရုတ် သံအမတ်ကြီး မစ္စတာ ဝမ်ယီဖန်းနဲ့ တွေ့ တုန်း ကပြောခဲ့ တာတွေလည်း ရှိပါတယ်ခင်ဗျ။ တရုတ် အနေနဲ့ မူဝါဒတွေကို ကျော်လွန် ပြီးတော့ အောက်ခြေ အဆင့်မှာ လုပ်ပိုင်ခွင့်တွေ ရနေတယ်ဆိုပြီး လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် လည်း လက်နက်ကိုင် ပဋိပက္ခတွေကတရုတ် နယ်စပ်မှာ ဖြစ်နေတာလေးတွေ တွေ့ရပါတယ်။ အထူးသဖြင့် KIA တို့ ပလောင်၊ ကိုးကန့် အစရှိတဲ့ အဖွဲ့တွေ နယ်မြေ မတည်ငြိမ်မှုတွေ ပဋိပက္ခတွေကြောင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ယူထားရတဲ့တပ်မတော် အနေနဲ့ပေါ့လေ နယ်စပ် ဒေသလုံ ခြုံရေးနှင့် ပြင်ပကျူးကျော်မှုတွေ ကာကွယ် နိုင်ဖို့အတွက် ပြင်ဆင် ထားရှိမှု အခြေအနေ တွေကိုလည်း သိရှိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ ကိုယ်တို့တပ်နဲ့ တိုက်ရိုက်ဆိုင်တဲ့ အပိုင်းပေါ့နော်။ တို့နိုင်ငံကတော့ အိမ်နီးချင်း ၅ နိုင်ငံ ရှိပါတယ်။အနောက် ဘက်ကကြည့်ရင် ဘင်္ဂလားဒေ့ရှ်ပေါ့၊ ပြီးလို့ရှိရင် အပေါ်မှာလည်း အိန္ဒိယ၊ တရုတ်၊ လာအိုပြီးရင် ထိုင်းနိုင်ငံပေါ့။ ဒီနိုင်ငံ ၅ နိုင်ငံလုံးဟာ နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ပြီးသား နိုင် ငံတွေဖြစ်တယ်၊ ကျောက်တိုင်တွေလည်း စိုက်ထူပြီးပေါ့။ ကျန်တာကတော့ ထိုင်းနိုင်ငံ တစ်ခုပဲ နယ်နိ မိတ် ကျောက်တိုင်တွေ ပြန်လည်စစ်ဆေး အတည်ပြု လုပ်ဖို့ ရှိပါတယ်။

တပ်မတော်ပိုင်း၊ နိုင်ငံပိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ ကာ BIMSTEC အဖွဲ့ဝင် နိုင်ငံလည်း ဖြစ် တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရေးမူဝါဒက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး မူဝါဒ ထားပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ပြောမယ်ဆိုရင် လုံခြုံရေးကို ထိခိုက် စေနိုင်မယ့် ပြဿနာတော့ မရှိပါဘူး။

နောက် တပ်မတော်ပိုင်း ဆက်ဆံရေးမှာ ထိုင်းနိုင်ငံနဲ့ ဆိုရင် အောက်ခြေ အဆင့်တပ်ပိုင်း ဆိုင်ရာအဆင့် တပ်စခန်းအဆင့် အလယ်အလတ် အဆင့်၊ Regional အဆင့်၊ High level အဆင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အချင်းချင်း ဆက်ဆံရေး အဆင့်အထိ ဆက်ဆံရတာ တော်တော်လေး ကောင်းပါ တယ်။ပြီးရင် လာအိုလည်း ဒီအတိုင်းပါ၊ တရုတ်နိုင်ငံ ဆိုရင်လည်း High level ဆက်ဆံမှုကောင်းပါတယ်။ Mid Level ဆက်ဆံမှု ရှိတယ်၊ နယ်စပ်ဒေသ တပ်စခန်း ဆက်ဆံမှု တွေရှိတယ်။ သို့သော်လည်းပဲ အပြည့် အဝ ဆောင်ရွက်နိုင်မှု နေရာနှစ်နေရာ မရှိဘူးပေါ့။ အဲဒါကတော့ ဝ နေရာ၊ KIA တပ်တွေ ရှိတဲ့နေရာ၊ ကချင်ပြည်နယ် တစ်ချို့ အစိတ်အပိုင်း၊ ရှမ်းပြည်နယ်ရဲ့ အချို့ အစိတ်အပိုင်းတွေမှာ တိုက်ရိုက် ဆက်ဆံတဲ့ ဟာတော့ မရှိဘူး။ လိုအပ်ချက်တော့ ရှိပါတယ်။အိန္ဒိယနဲ့ ဆိုရင်လည်း အောက်ခြေ အဆင့်ရှိတယ် ၊ ဒေသ အဆင့်ရှိတယ်။ နောက်ပြီး နိုင်ငံတော် State High Level အဆင့်ထိ ဆက်ဆံမှု တွေရှိတယ်။ နောက်တစ်ခါ ဘင်္ဂလားဒေ့ရှ်ပေါ့။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လူဝင်မှု ဆက်ဆံရေးကိစ္စ တွေရှိတယ်၊ တပ်ပိုင်း ဆိုင်ရာကတော့ နည်း နည်းလေး ပြင်ဆင်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီလို ခုနကပြောတဲ့ ဆက်ဆံရေး ကောင်းတဲ့နေ ရာ တွေမှာ တပ်ပိုင်းတပ်စခန်းတွေ ကလည်း အကုန်လုံး သူ့ဟာနဲ့သူ ရှိပြီးသားတွေ ခုနက ကျန်တာကတော့ KIA ၊ ဝ နယ်မြေ နှစ်ခုပဲ ကျန်ပါတယ်။ နယ်စပ် အဆင့်မှာတော့ တပ်စခန်းတွေ မရှိဘူး။ သို့သော် လည်း သူတို့ရဲ့ အတွင်းပိုင်းတွေ မှာတော့ တပ်တွေ အကုန်လုံး ရှိတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက် ရင်တော့ လုံလောက်တဲ့ တပ်ဖြန့်ခွဲမှုတွေ ရှိနေတယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရှိနေတာတွေကို ပြေလည်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပစ်အခတ် ရပ်စဲရေးတွေကို သွားဖို့အတွက် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လုပ်ဖို့ပါပဲ၊ ဒါပေမဲ့ အကြောင်းလေးတွေ အချို့ဟာလေးတွေ ပြန်ပြီး ညှိနှိုင်း နေရတဲ့အတွက် ဒါကိုတော့ နောင် ကိုတော့ ဆက်လက် ဆောင်ရွက်မယ် ဆိုပြီးတော့ရှိပါတယ်။

Yangon Times။ ဟုတ်ကဲ့ပါ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ ကြားသိရတဲ့ သတင်းတွေမှာ စိတ်မကောင်းစရာတွေ တွေ့ရတယ်။ အချို့ တွေကလည်း ပြောသံကြားတယ်ပေါ့နော်။

ဒီတပ်မတော်အပိုင်းမှာကျဆုံးမှုတွေ ရှိလာတဲ့အပိုင်းမှာ တိုက်ရည်၊ခိုက်ရည် ပိုပြီး ကောင်းလာအောင် ဘယ်လိုတွေများ ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေ ရှိနေတယ်ဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ သတင်းထုတ်လိုက်တဲ့အခါမှာ ကျဆုံးမှုတွေ သိတယ်ပေါ့လေ။ တိုက်ပွဲရဲ့ သဘောတရားမှာ ထိခိုက်ကျ ဆုံးမှုတွေရှိမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ဒီဘဝကနေဖြတ်ကျော်လာခဲ့တယ်။ အရင်ကလည်း တိုက်ပွဲများစွာ ကြုံခဲ့ပါတယ်။ ဒီနေရာမှာ စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းတွေမှာ အများကြီး ကျယ်ပြန့်ပါတယ်။ တပ်တွေမှာလည်း လိုအပ်တဲ့ လေ့ကျင့်မှုတွေ တိုက်စွမ်းရည်မြင့်မားရေးနဲ့ ပတ်သက်ပြီးတော့ လူ၊ လက်နက်၊ စွမ်းရည် ထက်မြက်ရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ တိုက်ပွဲတစ်ခု ရလဒ်က ပြောင်းလဲ သွားနိုင်ပါ တယ်။ တိုက်ပွဲရဲ့သဘောတရားမှာ ရန်သူရယ်၊ ဥတုရယ် မြေအနေအထားရယ် ၃ ခု ပေါ်မှာ မူတည်ပြီး တိုက်ပွဲ တစ်ခုရဲ့ ရလဒ်ပြောင်းလဲ သွားနိုင်ပါတယ်။ ရာသီဥတု ကန့်သတ်ချက်ရှိတယ်၊ ရန်သူ့အင်အား ပေါ် မူတည်ပြီး ရှိတယ်၊မြေအနေအထား ကန့်သတ်ချက် ပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားတာရှိတယ်။အခု ဟာကတော့ တောတောင် များပြားတဲ့ဒေသ ဖြစ်ပါတယ်။ နောက်တစ်ခါ တောင်ပေါ်ဒေသတွေမှာ လမ်းကြောင်းဆိုတာ သိပ်ရွေးလို့မရပါဘူး။

တောင်ပေါ် စစ်ဆင်ရေးတွေမှာ ဒီအတိုင်းပဲ သွားရပါတယ်။ သူ့ဘက်က အကဲသာတဲ့ နေရာမှာ ဝင်သွားရင် ကိုယ်ခံရတာပေါ့။ ကိုယ်ရဲ့ အကဲသာတဲ့နေရာသူ ရောက်ရင် သူခံရတာပေါ့ ဒီသဘောပါပဲ။ ထိခိုက်ကျဆုံးများ တာနဲ့ပတ်သက်လို့ သူ့ရဲ့ သဘောသဘာဝရှိတာကို ပြောလို ပါတယ်။

Yangon Times။ ကျေးဇူးပါ.. ဒုတိယမေးခွန်း တစ်ခုအနေနဲ့ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ ဒီလက်ရှိ အများကြီး တိုးတက်လာတယ် လို့သုံးသပ်လို့ ရတဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးရဲ့အမြင် သဘောထားကို နည်းနည်းလေး ပြောပြ ပေးစေလိုပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး။ နည်းနည်းတော့ ကျယ်ပြန့်ပါတယ်။ ကိုယ်တို့သွားနေတာက ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူ ရွေးချယ်ထားတဲ့ လမ်းကြောင်း အခု သွားနေတာ ခိုင်ခိုင် မာမာ ဖြစ်လာပြီလားဆိုတော့ ခိုင်ခိုင်မာမာတော့ မဟုတ်သေးပါဘူး။ လမ်းကြောင်းပေါ်တော့ ရောက်နေ ပြီပေါ့။ ရောက်နေ တာတော့ အမှန်ပါပဲ။ အဲဒီအပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင် သွားဖို့ အရေးကြီး ပါတယ် အဲဒါတော့ လူတိုင်းနဲ့ ဆိုင်တယ်။ အဖွဲ့အစည်းနဲ့လည်း ဆိုင်တယ်။ မိမိတို့ မီဒီယာတွေ နဲ့လည်း ဆိုင်တယ်။ ပြည်သူ အားလုံးနဲ့လည်း ဆိုင်တယ်။ အဖွဲ့အစည်း အားလုံးနဲ့ လည်းဆိုင်တယ်။ အဖွဲ့အစည်းအားလုံး ဆိုရင် တပ်မတော် လည်းပါတယ်။ အကုန်လုံး ပါတယ်။ အဲဒီတော့ သူတို့အားလုံး ကနေ ဒါတွေကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်မှသာ ရလိမ့်မယ်လို့ ပြောလိုပါတယ်။ နောက် တစ်ခု အရေးကြီးဆုံးက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးက ပိုပြီး အရေးကြီးဆုံးပါ။

တရားဥပဒေစိုးမိုးရေး ဆိုတာ ဥပဒေလိုက်နာရေးပေါ့၊ Rule of Law ပေါ့ လူတွေက ဥပဒေ လိုက်နာဖို့တော့ လိုတယ်။ လူတိုင်းက ဆန္ဒတော့ ရှိတာပေါ့။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားအတိုင်းပဲ ဆန္ဒတော့ ရှိကြတယ်။

သို့သော်လည်းပဲ ဒါတွေဟာ အကျိုး အကြောင်း ခိုင်လုံဖို့တော့ လိုတယ်။ အကျိုးအကြောင်း ခိုင်လုံမှု မရှိဘူး ဥပဒေနဲ့ မညီညွတ်ဘူး ဆိုရင် ဒါတွေဟာ ကိုယ့်ဆန္ဒကို နှစ်သိမ့်ဖို့ လိုလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ဆန္ဒကိုမူတည်ပြီး လုပ်နေမယ် ဆိုရင် တစ်ဖက်မှာလည်း တည်ငြိမ်မှု ကိုလည်း သွားပြီး ထိခိုက်မယ်။ တရားဥပဒေ စိုးမိုးရေးကိုလည်း သွားပြီး ထိခိုက်မယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေနဲ့ တော်တော် အခက်အခဲရှိ ပါတယ်။

နိုင်ငံတော်အပိုင်း အနေနဲ့ ဒီအပိုင်းကို ဥပဒေနဲ့ အညီ ဖြစ်အောင်၊ သိမ်သိမ်မွေ့မွေ့ အေးအေးချမ်းချမ်း နဲ့ ဖြစ်အောင် သွားနေတယ်။ ကိုယ်တို့လည်း ဒီလမ်းကြောင်း ပေါ်မှာ သွားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ တယ်လို့ ပြောချင်ပါ တယ်။ ဒီစနစ် အောင်မြင်အောင်လည်း တပ်မတော်အနေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင် ရွက်သွားမယ်လို့ ပြောချင်ပါ တယ်။

Yangon Times။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မကြာခင်မှာလည်း သက်ပြည့် ပင်စင်နဲ့ ရာထူးကနေ အနားယူ တော့မယ်ဆို ပြီးတော့ ခန့်မှန်း ပြောဆို နေကြပြီး သမ္မတရာထူးနဲ့ ပတ်သက်ပြီး ခန့်မှန်း ပြောဆို နေ တာလေးတွေ ရှိတယ်။ ဆိုလိုတာကတော့ နိုင်ငံရေး လမ်းကြောင်းထဲကိုများ ဝင်ရောက် လာဖို့ ဒီရွေးကောက်ပွဲကို ဝင်ရောက်လာဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒီမေးခွန်းကတော့ ခဏခဏ မေးခံနေရတာပါပဲ၊ ပြောချင်တာက ၂ဝ၁၅ ခုနှစ်မှာ အသက် လည်း မပြည့်သေးပါဘူး။ ပြီးတော့ ၂ဝ၁၆ ခုနှစ်ထိ တပ်မတော်မှာ တာဝန် ထမ်းဆောင်ဖို့ ရှိပါသေးတယ်။
နောက်တစ်ခုက တပ်မတော်ရဲ့ ကာကွယ်ရေး တာဝန် ထမ်းဆောင်တဲ့ အပိုင်းကို လုပ်ရတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေနဲ့ တာဝန်တွေဟာ အင်မတန် ကြီးပါတယ်။ ဒီအတွက် ဒါတွေကို ခေါင်း ထဲမှာ ဒါကိုအာရုံစိုက်ပြီး လုပ်ရပါတယ်။ နံပါတ်တစ်အချက် တပ်တွေရဲ့ စွမ်းရည် ထက်မြက်ရေး ကိုယ့် ညီမေးခဲ့တဲ့ ရှေ့တန်း တိုက်ပွဲအကျ အဆုံးများတဲ့ အတွက် ဘာများ ပြောချင်လဲဆိုရင် မေးချင်တာ ရှိတယ်။ လူတွေလည်း စိုးရိမ်ကြောင့်ကြမှု ရှိတယ်လို့ ပြောတယ်။

ဒါတွေဟာလည်း တပ်တွေရဲ့ အရည်အသွေး တိုးတက်အောင် အများကြီး လုပ်ရပါတယ်။ ခေတ်ကြီးက လည်း ပြောင်းနေပြီ အရင်တုန်းက ရိုင်ဖယ် လောက်နဲ့ပစ်တယ် နောက်မောင်းပြန် ရိုင်ဖယ်တို့၊ အဲဒီကနေ ဒီဘက်ဆိုရင်အီလက်ထရောနစ် ပစ္စည်းတွေ ဒီခေတ်တွေကို ရောက်လာတဲ့အခါမှာ ဒီထက် အစွမ်းထက်တဲ့ ပစ္စည်းတွေ ဒီထက် တိကျတဲ့ ဟာတွေ ပေါ်လာတော့ ဒါတွေကို အမီလိုက် နိုင်ဖို့အတွက် တပ်မတော်အနေနဲ့ အလျင်မီအောင်လုပ်နေရတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့လူ တွေလည်း ဝိုင်းလုပ်နေ ကြတယ်။ ကိုယ့်ကဏ္ဍနဲ့ ကိုယ်လုပ် နေကြတဲ့လူတွေရှိတယ်။ ဒီလိုသာ မလုပ်ခဲ့ရင် တပ်မတ်ာက ကျန်ခဲ့လိမ့် မယ်။ အာရုံ စိုက်ပြီးတော့လုပ်နေပါတယ်။ တစ်ဖက်က နယ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ ကိုယ်တို့မှာ ထိုက်သင့် တဲ့ အတွေ့အကြုံ တွေရှိပြီးသား ဒါနဲ့ပတ်သက်ပြီး လုပ်နိုင်တာကို ကိုယ်တို့လုပ်မယ်။ ဒါကို ရည်ရွယ်ပြီးတော့ ဦးစားပေးပြီးတော့မလုပ်နိုင်သေးပါဘူး။ တစ်ဖက်က တပ်မတော်ပိုင်းက အရေးကြီးပါတယ်။ နောက်တစ်ခါ တိုင်းပြည တည်ငြိမ်အေးချမ်းရေးဖို့ အင်မတန်အရေးကြီးတယ်။ ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံအတွက် တကယ်ကို အရေးကြီးဆုံး အကြောင်းအရာ တစ်ခုပေါ့ ဒါကို အောင်မြင်အောင် လုပ်မှရမယ်။ ဒါကို အောင်မြင်အောင် လုပ်ဖို့ဆိုရင် တပ်က အကုန်လုံး တက်ညီ လက်ညီနဲ့ အင်နဲ့အားနဲ့လုပ်မှရမယ်။ ဒါကို အာရုံ စူးစိုက်နိုင်ဖို့ လိုတယ်။

Yangon Times။ ဆိုလိုချင်တာက နိုင်ငံရေးထက် တပ်ပိုင်း ဆိုင်ရာကို ပိုပြီး အာရုံစူးစိုက်ပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ယူဆပါတယ် ခင်ဗျာ။ ခုနက တစ်ခုပါသွား ပါတယ်ခင်ဗျာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကပြောသံကြားပါတယ် ခင်ဗျာ။ မကြာခင်က တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအပေါ် အသက် ဆုံးရှုံး သွားတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ အခွင့်အရေးလေး တစ်ခုအနေနဲ့ မိသားစုရှိတဲ့နေ ရာ လေးတွေကိုခေါ်ဆောင်ခွင့် ရချင်တယ်။ သူတို့ရဲ့နောက်ဆုံး အခွင့်အရေးကို တပ်မတော် အနေနဲ့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတဲ့ အဆိုကို တင်သွင်းဖို့ ရှိတယ်လို့ သတင်းတစ်ခု ကြားသိပါတယ် ခင်ဗျ။ အဲဒါလေးကို ပြောပြလို့ ရရင်သိချင်ပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး။ နယ်မြေရဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ အခုလောလောဆယ် အနေ အထားမှာတော့ တတ်နိုင်သလောက် အနီးဆုံးမြို့ကို၊ ဒေသကို ရောက်အောင် ဆွဲထုတ်ပြီးတော့ လိုအပ်တဲ့
စောင့်ရှောက်မှု တွေ ရအောင် လုပ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ လူတွေနဲ့ ပတ်သက်ရင်လည်း အမြန်ဆုံး ရဟတ်ယာဉ်နဲ့ ဆွဲထုတ်ပြီး အခုဆိုရင် အဲဒီ ဒေသမှာရှိတဲ့ ဒဏ်ရာရတဲ့ လူအားလုံးက လားရှိုးနဲ့ ပြင်ဦးလွင် မှာ ရှိတဲ့စစ်ဆေးရုံတွေကို ရောက်ရှိ နေကြပါပြီ။ အကုန်လုံး လည်း ဆွဲထုတ် နိုင်ခဲ့ပါတယ်။ တိုက်ပွဲမှာ ကျဆုံး တဲ့ သူတွေကိုလည်း အနီးဆုံး နေရာကို ရောက်အောင် ဆွဲထုတ်ဖို့ စီစဉ် ပေးထားပါတယ်။ အခြေအနေပေါ် မှာလည်းအများကြီး မူတည် ပါတယ်။ ကိုယ်တို့မှာလည်း ပစ္စည်းပစ္စယ ဆိုတာလည်း မရှိပါဘူး၊ သို့သော် လည်း ခုနက ပြောတဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် တစ်ခု ကိုယ်တို့ရှိတယ်။ သယ်ယူ ပို့ဆောင်ရေး စနစ်မှာ လည်း လုံလုံခြုံခြုံဆောင်ရွက်နိုင်ဖို့ အခွင့်အရေး ရဖို့လည်း လိုအပ်ပါတယ်။ သယ်ယူ ပို့ဆောင်ရေး စနစ် လုံ လုံခြုံခြုံ မဆောင်ရွက် နိုင်ရင်လည်း အဲဒီမှာ သွားပြီး ဒုက္ခရောက်မှာ ကိုလည်း စဉ်းစား ရပါတယ်။ ဒါကြောင့် အကောင်းဆုံးဖြစ် အောင် စဉ်းစားပေး ဆောင်ရွက် ပေးနေပါတယ် လို့ ပြောချင်ပါတယ်။

Yangon Times။ နိဂုံးချုပ် မေးခွန်း အနေနဲ့ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ မြန်မာ ပြည်သူပြည်သားတွေ မျှော် လင့် တောင့်တနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး တစ်ခုပေါ့လေ ဒါတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခု အလျင်အမြန် အကောင်အထည် ဖော်ဖို့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး ကို ကြိုးစား ဆောင်ရွက် နေကြတဲ့ တာဝန်ရှိသူ တွေရော အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်း ဆောင် ရွက် နေကြတဲ့တာဝန်ရှိသူတွေ ကိုရော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေနဲ့ ဒီနေရာကနေ ဘယ်လိုများ တိုက်တွန်း အကြံပြု ပြောချင်ပါသေးလည်း ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး။ တိုင်းပြည်နဲ့ ပြည်သူ လူထုရဲ့အကျိုးပေါ့ သူတို့ရဲ့မျက်နှာ ကိုကြည့်ဖို့ လိုတယ်။ ဥပဒေနဲ့ အညီ လုပ်နိုင်ဖို့ လုပ်ဖို့လိုတယ်။ အခု တိုင်းပြည် တိုးတက်သင့် သလောက် မတိုးတက်တာ ဘာကြောင့်လဲ ဆိုတဲ့အဖြေဟာ တည်ငြိမ် အေးချမ်းမှုမရတဲ့ အတွက်ကြောင့် ဖြစ်တာပေါ့။ တိုးတက်ပါတယ် မတိုးတက်ဘူး မဟုတ်ပါဘူး။ ဒီအခြေအနေ ရောက်လာတာကလည်း ဒါတိုးတက်မှုရဲ့ ပြယုဂ် တစ်ခုပါ။ ဒီလို အခြေအနေ မျိုးမှာ ပိုပြီးတော့ တိုးတက်အောင် ဆိုတာက အကုန်လုံးက တူညီတဲ့ ရည်မှန်းချက် ရှိဖို့ လိုပါတယ်။ အဲဒါက ဥပဒေနဲ့ အညီ မဟုတ်ဘဲနဲ့ အခြေအနေ ဖန်တီးနိုင်ခွင့် ရအောင် ယူဖို့ ကြိုးစားတာမျိုး ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒါကို တစ်ကဏ္ဍ ထားပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကို ကြည့်ပြီး ကမ္ဘာ့ အလယ်မှာ ကိုယ့်တိုင်းပြည် ထည်ထည် ဝါဝါနဲ့ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်မွေးပြီး လုပ်ကြပါလို့ပဲ တိုက်တွန်းချင် ပါတယ်။

Yangon Times။ အခုလို မအားလပ်တဲ့ ကြားထဲက နေပြီး ဖြေကြား ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။

Themyawadydaily

No comments:

Post a Comment

My Blog List