Monday, February 16, 2015

သပိတ်မှောက်ကျောင်းသားများ လက်ရှိရရှိထားသည့် အောင်မြင်မှုများကို ဆုပ်ကိုင်၍ ထိပ်တိုက်ဖြစ်မှု ကို ရှောင်ရှားသင့်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးပြော


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ သပိတ်မှောက်ကျောင်းသားများအနေဖြင့် လက်ရှိရရှိထား သည့် အောင်မြင်မှုများကို ဆုတ်ကိုင်ပြီး ထိပ်တိုက် ဖြစ်မှုကို ရှောင်ရှားသင့် ကြောင်း ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီးက ပြော သည်။
''ရက်ပေါင်း ၆ဝအတွင်းမှာ၊ သပိတ်စစ်ကြောင်းတွေ မထွက်ခင်ကတည်းက အစိုးရအနေနဲ့ ကြိုတင် ညှိနှိုင်းနိုင်တယ်။ ညှိနှိုင်းဖို့လဲ ကျွန် တော်တို့ကိုယ်တိုင်လဲ ညှိနှိုင်းဖို့တိုက် တွန်းခဲ့တယ်။ ရက်ပေါင်း ၆ဝအတွင်း မှာ တွေ့ဆုံညှိနှိုင်းဖို့။ ဒါပေမဲ့ ဖြစ် မလာဘူးဗျ။ ဒါကြောင့်မို့ ခုလိုမျိုး အပ်နဲ့ ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတဲ့အခြေအနေမျိုး ရောက် လာတာပေါ့။ ကျောင်းသား တွေဘက်ကလဲ တောက်လျှောက် ချီတက်ခဲ့ တယ်။

ဒီလောက်အောင်မြင်မှုကိုလဲ ရလာပြီးတဲ့နောက်ပိုင်းမှာ  ထိပ်တိုက် မဖြစ်အောင် လို့တော့ ကျောင်းသား တွေ ဘက်က ရှောင်ရှားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးရဘက်က လဲ ကိုယ်ပေးထားတဲ့ ကတိတွေကို ခိုင်ခိုင်မာမာ စောင့်ထိန်းပြီးတော့ ဆက်လက်ဖော်ဆောင်ပေးဖို့ လို တယ်။ ဖော်ဆောင်တယ်၊ မဖော် ဆောင် ဘူး ဆိုတာကိုလဲ ကျောင်းသားသပိတ်အဖွဲ့တွေကနေပြီးတော့ စောင့်ကြပ်ညှိနှိုင်းမယ့်အဖွဲ့မျိုး ဖွဲ့ စည်း ပြီးတော့ ထိပ်တိုက်ဖြစ်မှုကို တော့ ရှောင်ရှားသင့်တယ်လို့ ကျွန် တော်တော့ မြင်တယ်'' ဟု ဦးကိုကို ကြီး ကပြောသည်။

လက်ရှိအခြေအနေတွင် သပိတ် မှောက်ကျောင်းသားများ တောင်းဆို ထားသည့် အချက်များကို အစိုးရ ဘက်မှ သဘောတူထားပြီး ယင်းအ ခြေအနေအပေါ် သပိတ်မှောက် ကျောင်းသားများက ဥပဒေ အတည် ပြု သည်အထိ ရန်ကုန်သို့ ဆက်လက် ချီတက် ရန် ပြင်ဆင်နေပြီး အစိုးရ အဖွဲ့ကလည်း ရန်ကုန်တိုင်းအတွင်း သို့ ဝင်ရောက်လာပါက ဥပဒေအရ တားဆီးသွားမည်ဟု ထုတ်ပြန်ထား သည်။

''ထိပ်တိုက်ဖြစ်ပြီဆိုရင်တော့ အစိုးရကတော့ သပိတ်တားမယ်၊ ဖြိုခွင်းမယ်ပေါ့။ ဖြိုခွင်းတော့ ဘယ် သူတွေ အဖမ်းခံရတယ်။ ဘယ်သူ တွေ ထိခိုက်နစ်နာသွားရတယ်ဆိုပြီး တော့ အော်မယ်ပေါ့။ အော်တော့ အစိုးရ နာမည်ပျက်မယ်ပေါ့။ ကျွန် တော့်သဘော အရ ပြောရရင်တော့ အစိုးရက အရင်ခေတ်အဆက်ဆက် က လုပ်ခဲ့လို့ နာမည်ပျက်ခဲ့ပြီးပြီ။ ထပ် ပြီး နာမည်ပျက်လို့လဲ မထူးတော့ဘူး လို့မြင်တယ်။ တစ်ခုစဉ်းစားရမယ့် ကိစ္စက သပ်သပ်ရပ်ရပ်နဲ့ ဘယ်လို အဆုံးသတ်ထိ သွားရမလဲဆိုတာ စဉ်းစားသင့်တယ်လို့မြင်တယ်။ ဘာ ကြောင့်လဲဆိုတော့ အရေးကြီးတဲ့နိုင်ငံ ရေး ဦးတည်ချက်က နောင်လာမယ့် ကိုးလ၊ ဆယ်လလောက်မှာ ကျင်းပ တော့ မယ့် ရွေးကောက်ပွဲ မှာ သန့်ရှင်း မျှတပြီးတော့ ကျွန်တော်တို့ဒီမိုကရေ စီအင်အားစုတွေ အနိုင်ရရှိရေးဆို တာ နိုင်ငံ ကို အထိအခိုက် အပွန်းအ ပဲ့ အနည်းဆုံးနဲ့ ဖြတ်သန်းနိုင်မယ့် နည်းလို့ ကျွန်တော် ကတော့မြင်တယ်။ လက်ရှိအခြေအနေမှာ မတရားတာ တွေ၊ မကြိုက်တာတွေ ပြောပါဆိုရင် လက်ညှိုးထိုးလို့ မလွဲ ဘူး။

သို့သော် နိုင်ငံရေးအပြောင်းအလဲကို ညင်ညင် သာသာပြောင်းနိုင် ဖို့မှာ ရွေးကောက် ပွဲနည်းနဲ့ ဖြတ်တာဟာ ညင်ညင်သာ သာပြောင်းလဲတာ''ဟု ဦးကိုကိုကြီး က ပြောသည်။

လက်ရှိအချိန်တွင် ကျောင်းသား သပိတ်၊ ဝှိုက်ကတ်၊ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပေါ်နေသည့်အချိန် တွင် အပြောင်းအလဲကို ဦးဆောင် နေသည့် ပုဂ္ဂိုလ်များအနေဖြင့် အ ပြောင်းအလဲကို စနစ်တကျစီမံ ခန့်ခွဲမှု မ လုပ်နိုင်ပါကရှိနေပြီးသား အခွင့်အလမ်းများကို ထိခိုက်သွားပြီး အ ကျပ်အတည်းများကြားထဲသို့ ပြန် ရောက်
သွားနိုင်ကြောင်း ဦးကိုကိုကြီး က ဆိုသည်။

''ဒါကြောင့်မို့ ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့လဲကျွန် တော်တို့ကိုယ်တိုင် ကျောင်းသား ခေါင်းဆောင်ဖြစ် ခဲ့တဲ့အချိန်တုန်းကလဲ ကျွန်တော်တို့ကို ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့လို့ ပြောရင်မကြိုက်ဘူး။ အခုလဲကျွန်တော် တို့က ကျွန်တော် တို့အမြင်သဘောထားကို ပေးတာ ဖြစ်တယ်။

အခုလက်ရှိကျောင်းသား ခေါင်းဆောင်များက အမြော်အမြင် ကြီးကြီးနဲ့ တစ်နိုင်ငံလုံးရဲ့အခင်းအ ကျင်းကို သုံးသပ်နိုင်ဖို့လိုတယ်။ ဆုံး ဖြတ်တာ သူတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါလိမ့်မယ်''ဟု ဦးကိုကိုကြီး က ထပ်လောင်း ပြောကြားသည်။

YM
#Democracytoday

No comments:

Post a Comment

My Blog List