Wednesday, February 18, 2015

တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးမူကြမ်း အချက်အလက် ကွာခြားမှု တစ်ရာကျော်ရှိ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး (NCCT) အဖွဲ့ နှစ်ဖက် တင်သွင်းသည့် အပစ်ရပ်မူကြမ်းတွင် မတူညီသည့် အချက် ၁၀၀ ကျော် ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ မူတူးစေးဖိုးက ပြောကြားသည်။
ယင်းမတူသည့် အချက်များတွင် ရေးသားမှုနှင့် စကားလုံး အသုံးအနှုန်း ဝေါဟာရ ကွာခြားချက်များ ပိုများပြီး ရည်ရွယ်ချက်ချင်း တူသည်များ ရှိကြောင်း၊ ယင်းအကြောင်းအရာများကို အနည်းငယ် ထပ်ဆွေးနွေးရန် ကျန်နေသေးကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဘက်က များများစားစား ထပ်ညှိနှိုင်းစရာ မကျန်တော့ဘူး၊ UPWC နဲ့ NCCT အဖွဲ့ ဒီလထဲမှာ ထပ်တွေ့ပြီး အနည်းငယ် ကျန်နေသေးတဲ့ အချက်တချို့ကို ဆွေးနွေးဖို့ ရှိတယ်” ဟု ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ မူတူးစေးဖိုးက ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက် ရန် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေမှုအပေါ် ပြည်သူလူထု အနေနှင့် စိုးရိမ်မှု မရှိစေရန်နှင့် ငြိမ်းချမ်းရေး ကတိကဝတ်ကို လေးစားလိုက်နာ၍ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အောင်မြင်သည့် အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံးမှ ရုံးတာဝန်ခံ စောတာမူလာက ပြောဆို သည်။

The Voice Weekly

No comments:

Post a Comment

My Blog List