Friday, February 20, 2015

အကြမ်းဖက်အစွန်းရောက်များကို တိုက်ခိုက်ခြင်းသည် အစ္စလာမ်ကိုတိုက်ခြင်း မဟုတ်ဟု အိုဘားမားဆို


အမေရိကန်သမ္မတ ဘားရက် အိုးဘားမားက အနောက်နိုင်ငံများ နှင့် မူဆလင်ခေါင်းဆောင်များအား ''အစွန်းရောက်ဝါဒ၏လိမ်ညာကတိ စကား''များကို တိုက်ခိုက်အနိုင်ယူသွား ရန်ညီညွတ်စုစည်းဖို့လို အပ်ကြောင်းနှင့် အကြမ်းဖက်သမားများ၏ ဘာသာရေး ခုတုံးလုပ်ခြင်း အယူအဆကိုဆန့် ကျင့်ကြောင်း ပြော ကြားလိုက်သည်။
အကြမ်းဖက်သမားများသည် တစ်ဘီလီယံသော မူဆလင်များအ တွက် မပြောဆိုကြောင်း ဝါရှင်တန် ၌ ပြုလုပ်သည့် အစွန်းရောက်ဝါဒ တိုက်ခိုက်ရေး ကွန်ဖရင့်တွင်ပြော ကြားလိုက်သည်။ ထိုကွန်ဖရင့်သို့ နိုင်ငံ ၆ဝ ကျော်တက်ရောက်ခဲ့ကြ သည်။

ဆီးရီးယားနှင့် အီရတ်ရှိ အစ္စ လာမ္မစ်နိုင်ငံ ISIS နှင့် အယ်လ်ခိုင် ဒါတို့၏ ဘာသာရေးကို လက်သုံးအ သုံးပြုနေခြင်းမှာ ကြောက်စရာကောင်း ကြောင်း ပြောကြားလိုက်သည်။

အို ဘားမားအားအမေရိကန်ပြည် ထောင်စုအတွင်း အကြမ်းဖက်ဝါဒ အပေါ်အရေးယူဆောင်ရွက်မှုမရှိ ဟုဆိုကာ ပုတ်ခတ်ပြောဆို မှုများရှိ နေသည်။

ဒိန်းမတ်၊ ပြင်သစ်၊ ဆီး ရီးယားနှင့် လစ်ဗျားတို့၌ အစ္စလာမ္မစ် အစွန်းရောက်များ၏ တိုက်ခိုက်မှု အပေါ်တွင် တုံ့ပြန်မှုမကောင်းဟု ဝေဖန်ခဲ့ကြသည်။

အိုဘားမားက ISIS ဖြစ်စေ၊ အယ်လ်ခိုင်ဒါဖြစ်စေ ၄င်းတို့၏ အစ္စ လာမ် ဘာသာရေးကို ပြောဆိုနေခြင်း များမှာ ၄င်းတို့ရှင်သန်ရန်လိမ်လည် မှုများသာဖြစ်သည်ဟု ပြောခဲ့သည်။

၎င်းတို့ကိုယ်၎င်းတို့ဘာသာ ရေးခေါင်းဆောင် ပုံဖမ်းနေခြင်းသာ ဖြစ်ကြောင်း၊ အမှန်က ၄င်းတို့မှာ အကြမ်း ဖက်တိုက်ခိုက်သူများသာဖြစ် ကြောင်း အိုဘားမားကဆိုသည်။

၎င်းတို့မှာ ဘာသာရေးကြောင့် မဟုတ်သလို၊ အစ္စလာမ်အတွက် တိုက်နေခြင်း မဟုတ်ကြောင်း အိုဘား မားက သုံးရက်ကြာကျင်းပသည့် အ စွန်းရောက် တိုက်ခိုက်ရေးကွန်ဖရင့် ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ISIS တိုအားစစ် ရေးတစ်ခုတည်းဖြင့်တိုက် ၍မရဟုဆိုသည်။

လူ့အဖွဲ့အစည်းများက သူ့ကဏ္ဍ နှင့်သူ ပါဝင်ရန်လိုအပ်သည်ဟု လည်း ၄င်းကပြောခဲ့သည်။ အကြမ်း ဖက်သမားများက ပထမခြိမ်းခြောက် ပြီးလူ့အဖွဲ့အစည်းကို တိုက်ခိုက်သွားကြ လိမ့်မည်ဟု ဆိုသည်။

AFP
#Democracytoday

No comments:

Post a Comment

My Blog List