အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆာဂျီလက်ဗရော့အား မင့်စ်သဘောတူညီချက်ယူ ကရိန်း အပစ် အခတ်ရပ်စဲရေးအား အပြည့်အဝအ ကောင်အထည်ဖော်ရန်နှင့်ညဉ့်လယ် အပစ်အခတ်ရပ်စဲရေး အကောင် အထည်ဖော်ရန် တိုက်တွန်းပြောကြား လိုက်ကြောင်း သိရသည်။
ထို့အပြင် ကယ်ရီက ဒီဘယ်ဆီ ဗီမြို့တစ်ဝိုက်၌ တိုက်ခိုက်နေမှုများကို လည်း စိုးရိမ်မိကြောင်း လက်ဗရော့ ကို ပြောခဲ့သည်။
ရုရှားနှင့်ခွဲထွက်ရေး သမားများက အပစ်အခတ်ရပ်စဲရေး မတိုင်မီမြို့ကို ဖြတ်တောက်ခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန အထက်တန်းအရာရှိ တစ်ဦးက ပြောခဲ့သည်။
နေတိုးအဖွဲ့နှင့်ယူကရိန်းအစိုး ရတို့က ရုရှားသည် ယူကရိန်းအရှေ့ ပိုင်းသူပုန်များအား လူရောလက်နက် ပါ ထောက် ပံ့ပေးလျက် ရှိသည်ဟု စွပ်စွဲထားခဲ့သည်။ ရုရှားက ဤကိစ္စကို ငြင်းဆိုသည်။
Ref : Reuters
#Democracytoday

No comments:
Post a Comment