Wednesday, February 18, 2015

လယ်ယာမြေ သိမ်းဆည်းမှု ပြည်ထောင်စုအစိုးရနှင့် ထိပ်တိုက်ညှိနှိုင်း ဖြေ ရှင်းပေးမည်ဟု သူရဦးရွှေမန်း ပြောကြား


လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအပေါ် ဖြေရှင်း ဆောင်ရွက်နေသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ တင်ပြချက်သည် အောက်ခြေ ဖြစ်ပွားနေမှုနှင့် ကွဲလွဲနေမှုကြောင့် အစိုးရအဖွဲ့နှင့် ထိပ်တိုက် ညှိနှိုင်း ဖြေ ရှင်းပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားသည်။
သိမ်းဆည်းခံ လယ်ယာမြေများကြောင့် လွှတ်တော်မှ ဖွဲ့စည်းထားသော ပြည် သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်၏ တင်ပြချက် အပေါ် ပြည်ထောင်စု အစိုးရအဖွဲ့၏ အဆင့်ဆင့် ဖြေ ရှင်း ဆောင်ရွက်ချက်ကို အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လာရောက် ရှင်းလင်းရာတွင် လယ်ယာမြေ ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် များ၏ ထောက်ပြ ပြောဆိုမှုကြောင့် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်း ခံရမှုကြောင့် နစ်နာမှု မရှိစေရန် လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မရှင်၏ အစီရင်ခံ တင်ပြချက်အတိုင်း လိုက်နာ၍ လျော်ကြေးများပေးခြင်း၊ ပြန်လည် စွန့်လွှတ်ခြင်းများ ပြု လုပ်နေကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဖြေရှင်း ဆောင်ရွက်မှုသည် အောက်ခြေ ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်၏ လွှဲပြောင်း လုပ်ဆောင်ချက်နှင့် များစွာ ကွဲပြားနေကြောင်း၊ ကော်မရှင်၏ စုံစမ်းတင်ပြချက်များကို အကောင် အထည်ဖော် ဆောင်ရွက်မှု နည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် သိမ်းဆည်းခံ လယ်ယာမြေ ပိုင်ရှင်များသာမက ယင်းနယ်မြေများမှ လွှတ်တော် ကိုယ်စားလှယ်များကို ကူညီဖြေရှင်းပေးရန် တိုင်ကြားမှု များ ရှိနေသေးကြောင်း လယ်ယာမြေ သိမ်းဆည်းမှုကြောင့် ပြည်သူများ နစ်နာမှု မရှိရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ပြောကြားသည်။

“အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရက လိုက်နာ ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း အောက်ခြေတွင် သိမ်းဆည်းခံ ပြည်သူများမှာ နစ်နာဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အောက်ခြေ အာဏာပိုင် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် လွဲချော်မှု၊ ကော်မ ရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွန်ချက်အတိုင်း လိုက်နာမှု မရှိသော အာဏာပိုင် အဖွဲ့အစည်း များကို အရေးယူမည်ဟု အစိုးရအဖွဲ့က ပြောဆိုထားသော်လည်း မည်မျှ အရေးယူထားသည်ကို မသိရှိရကြောင်း အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆိုသည်။

အထက်အောက် ကွဲပြားနေသော လယ်ယာမြေ အမှုပြဿနာများသည် လွှတ်တော်မှ စုံစမ်းနေသော ကော်မ ရှင်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အစိုးရအဖွဲ့မှ ကော်မရှင်တို့ ထိပ်တိုက် ညှိနှိုင်းမှုဖြင့် သာ ဖြေရှင်းရမည် ဖြစ်သောကြောင့် လွှတ်တော်နာယက ကိုယ်တိုင် ပြည်ထောင်စု အစိုးရအဖွဲ့ကို အကြောင်းကြားသွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List