Thursday, February 19, 2015

ဖုန်ကြားရှင်၏ အိတ်ဖွင့်ပေးစာအပေါ် နိုင်ငံတော်သမ္မတက လုံးဝအယုံအကြည် မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးခဲ့မှုအပေါ်တွင် နိုင်ငံတော် သမ္မတအနေဖြင့် အယုံအကြည် မရှိကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်သည်။
ယင်းအိတ်ဖွင့်ပေးစာတွင် ဖုန်ကြားရှင်က ကိုးကန့်တိုင်းရင်းသားကို ဦးဆောင် ၍ ဒေသတွင်းနှစ်ရာချီရှိသော ဘိန်းစိုက်ပျိုးမှုများကို ရပ်တန့် စေခဲ့ပြီး ကိုးကန့် အထူးဒေသ(၁)ကို ဘိန်းပပျောက်နယ်မြေဟု နိုင်ငံတကာ အား ကြေညာနိုင်ခဲ့ခြင်း၊ ကိုးကန့်တိုင်းရင်းသားသည် ၁၃၅မျိုးတိုင်းရင်းသားစုပေါင်းနေထိုင်သည့် ပြည်ထောင် စုကြီးထဲမှ ညီငယ်တိုင်းရင်းသား တစ်မျိုးဖြစ်ပြီး အခြား တိုင်းရင်းသား ညီငယ်များဖြစ်သူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို တောင့်တ လိုလားကြောင်း၊ နိုင်ငံတော်ကိုလည်း ချစ်ခင် မြတ်နိုးကြောင်း၊ ကိုးကန့်တိုင်း ရင်းသားများသည် လူမျိုးရေးခွဲခြားမှုမလိုလားဘဲ တန်းတူမှုကို လိုလားကြောင်း၊ တိုင်းရင်းသား ရင်ကြားစေ့ရေးကို အသုံးပြုစေလိုကြောင်း စသည်ဖြင့် ပေးပို့ ခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ဘက်က လူမျိုးကြီးဝါဒဆိုတာလဲမရှိဘူး။ သူတို့ဒေသ ကို သူတို့လူမျိုးတွေကိုပဲ အုပ်ချုပ်ခွင့်ပေး ထားတာလေ။ အခုဟာကနိုင်ငံ တော်ရဲ့ အချုပ်အခြာ အာဏာကို သူတို့က လာစော်ကားတာ။ သူ့ရဲ့ အိတ် ဖွင့်ပေးစာ အပေါ်မှာလဲ သမ္မတကြီးက လုံးဝအယုံအကြည်မရှိဘူး။ ဒါ ကြောင့်လဲ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကိုကြေညာခဲ့တယ်။ အစိုးရအနေနဲ့လဲ သူတို့နဲ့ လုံးဝညှိနှိုင်းမှာမဟုတ်ဘူး''ဟု ဦးဇော်ဌေး က ပြောသည်။

ဖုန်ကြားရှင်သည် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာကို ဖေဖော် ဝါရီ ၁၆ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

#TheYangonTimes

No comments:

Post a Comment

My Blog List