Wednesday, February 18, 2015

စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၁)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၁)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ၊ ဒေသကွပ်ကဲရေးမှူး၊ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး အားစစ်အုပ်ချုပ်ရေး အာဏာ လွှဲအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃ ၊ ပုဒ်မခွဲ(ခ)အရ ၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့် ကျော်(၁၄)ရက်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂/၂၀၁၅)၏ အပိုဒ်(၂) နှင့် (၃)တို့အရ ကျွန်ုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များကို လည်းကောင်း၊ စစ်အုပ် ချုပ်ရေး ဒေသအဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျင့်သုံး ဆောင်ရွက် ရန် ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက် ကိုင်)အား ၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့် ကျော် (၁၄)ရက်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့မှအစပြု၍ လွှဲအပ်လိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List