Thursday, February 19, 2015

ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့် ညှဉ်းပန်းမှုများကို တိုက်ဖျက်နိုင်ခြင်း မရှိသေးဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ကဆို

ငါးဖမ်းလုပ်ငန်းအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိုင်း နိုင်ငံ၏ ကြိုးပမ်းမှုသည် မလုံလောက် သေးကြောင်းနှင့် ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့် အလုပ်သမားများအား ညှဉ်းပန်းမှုများတွင် အရာရှိများ၏ ပါဝင်မှုကို အဆုံးသတ်နိုင် ခြင်း မရှိသေးကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဆိုသည်။
လွန်ခဲ့သော အမေရိကန်နိုင်ငံ ခြားရေးဌာနမှ ထုတ်ပြန်သောစာရင်း တွင်လည်း ထိုင်းနိုင်ငံသည် လူကုန် ကူးမှုတိုက်ဖျက်ရေးတွင် အဆိုးရွား ဆုံးသော နိုင်ငံများအဆင့်(၃)စာရင်း သို့ လျှော့ချသတ်မှတ်ခြင်းခံခဲ့ရ သည်။

ထိုင်းနိုင်ငံ၏ စစ်အစိုးရက လွန်ခဲ့သောလတွင် ¤င်းတို့သည် သတ်မှတ်ချက်တွင် အဆင့်မြင့်တက် လာရန်အတွက် လိုအပ်သောအနိမ့် ဆုံးသတ်မှတ်ချက် များနှင့် ပြည့်မီနေ ပြီဟု ယုံကြည်ကြောင်း ပြော သည်။

သို့သော် လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်တရားမျှတရေး ဖောင် ဒေးရှင်း (EJF) က ထိုင်းနိုင်ငံသည် ငါးဖမ်းလုပ်ငန်းအတွင်း လူကုန်ကူး မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို တားဆီးနိုင်ခြင်းမရှိသေးဟု အင်္ဂါနေ့တွင် ပြောသည်။

''လူကုန်ကူးမှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှု တိုက်ဖျက်ရေး အတွက် လွန်ခဲ့သောနှစ်တွင် ထိုင်း နိုင်ငံ ကထိ ရောက်သောဆောင် ရွက်ချက်များ ချမှတ်ခဲ့ခြင်းမရှိ''ဟု EJF ၏ အမှုဆောင်ဒါရိုက်တာ စတိဗ်ထရန့်က ဆိုသည်။

ထိုင်းအစိုးရသည် ငါးဖမ်း လုပ်ငန်းအတွင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ထင်ရှားသည့် လုပ်ရပ်မျိုးဆောင်ရွက်ရမည်ဟုလည်း ယင်းက ဆိုသည်။

ထို့အပြင် EJF က ထိုင်းသည် လူကုန်ကူးမှုတွင် အကျင့်ပျက်အရာရှိ များပါဝင်နေသည်ကို တိုက်ဖျက် ရန် နှင့် နိုင်ငံခြားငါးဖမ်းသင်္ဘောများ ပေါ်တွင် လူကုန်ကူးခြင်း၊ အဓမ္မခိုင်း စေခြင်းခံရသူများ ကို အတည်ပြုရန် လည်း ဆောင် ရွက် နိုင်ခြင်းမရှိသေး ဟု ဆိုသည်။

ထိုမျှမက ထိုင်းအစိုးရသည် လူကုန်ကူးမှုမှ လွတ်မြောက်လာသူ သို့မဟုတ် ကယ်တင်ခြင်းခံရသူများ ကို လည်း ကာကွယ်ပေးနိုင်ခြင်းမရှိ သေးကြောင်း ကယ်ဆယ်ခံခဲ့ရသည့် ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ အလုပ် သမားများနှင့် အင်တာဗျူးများကို ထောက်ပြကာ EJF ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

Ref: CNA
#Democracytoday

No comments:

Post a Comment

My Blog List