Monday, February 16, 2015

လောက်ကိုင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်မတော်သားများနှင့် ဝန်ထမ်းများ၊ ဒဏ်ရာရစစ်သည်များနှင့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့ပွဲကျင်းပ


ရှမ်းပြည် နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကျဆုံးခဲ့ရသော မြန်မာ့ တပ်မတော် သားများနှင့် ဝန်ထမ်းများ၊ ဒဏ်ရာ ရစစ်သည်များနှင့် ပြည်သူများအတွက် ဆုတောင်းမေတ္တာ ပို့သပွဲကို ပြည်သူများ စုပေါင်း၍ ရွှေတိဂုံဘုရား အောင်မြေနေရာတွင် ဖေဖော်ဝါရီ ၁၄ရက် နံနက် ၉နာရီခွဲတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီးရှိ ကြေးသွန်းဘုရားကြီးတွင် နံနက် ၉ နာရီခန့်မှစတင်၍ ပြည်သူများ စုဝေးခဲ့ကြခြင်းဖြစ်ပြီး ရွှေတိဂုံဘုရား အောင်မြေသို့တက်ရောက်ကာ ဆုတောင်းမေတ္တာပို့ခြင်း၊ ကွယ်လွန်သူ များအားရည်စူး၍ ရေစက်ချ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြ ခြင်းဖြစ် သည်။

''အဓိကရည်ရွယ်ချက်က အမိ မြေကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ တပ်မတော်သားတွေနဲ့ ဝန်ထမ်းတွေ ကိုရည်စူးပြီး လုပ်ကြတာပါ။ လူမှုကွန် ရက်ထဲက ရင်းနှီးသူတွေ စုလုပ်ကြတာပါ'' ဟု မြန်မာအမျိုးသားကွန် ရက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆုတောင်းပွဲသို့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ မြန်မာအမျိုး သားကွန်ရက်နှင့် မျိုးချစ်လူငယ်ကွန်ရက် တို့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး ရွှေတိဂုံဘုရားသို့ ဘုရားဖူးလာရောက်သည့် ပြည် သူများကပါ စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြပြီး ပူးပေါင်းပါဝင်မှုများလည်း ရှိခဲ့သည်။

''တိုက်ပွဲတွေမှာ သေကျေနေ တာတွေ နေ့စဉ်ကြားနေရတော့ စိတ် မကောင်းဖြစ်ရပါတယ်။ ဒီနေ့ဘုရား ဖူးလာရင်း ဆုတောင်းပွဲလုပ်နေ တာ တွေ့လို့ ဝင်ပြီးဆုတောင်းမေတ္တာပို့၊ အမျှပေးဝေဖြစ်တာပါ''ဟု မှော် ဘီမြို့မှ ရွှေတိဂုံသို့ဘုရားဖူးလာရင်း ဆုတောင်း ပွဲတွင်ပါဝင်ခဲ့သည် အသက် ၆ရနှစ် အရွယ် ဒေါ်အေးကြင် က ပြောသည်။

ဖေဖော်ဝါရီ ၁ဝရက်တွင် ကျ ဆုံးခဲ့ရသော အမှတ် (၅၂၂)ခြေမြန် တပ်ရင်းမှ တပ်မတော်သား ၃၁ဦး အား ရည်စူး၍ ရေစက်သွန်းချ အမျှ ပေးဝေခြင်း ကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အမှတ်(၅၂၂)ခြေမြန်တပ်ရင်း၊ လူပျို စစ်သည်ရိပ်သာ၌ ကျန်ရစ်သူအရာရှိ၊ စစ်သည်မိသားစုဝင်များ က ပြုလုပ်ခဲ့ကြောင်းသိရသည်။

NH
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List