Tuesday, February 17, 2015

ကျောင်းသားသပိတ်မှ အာဏာသိမ်းမှုမဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်ရန် ကျောင်းသားများ၏ သပိတ်မှောက်မှုများမှ ရှစ်လေးလုံးကဲ့သို့ အာဏာသိမ်းမှု မျိုးဖြစ်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။


ကျောင်းသားသပိတ်မှ ရှစ် လေးလုံးကဲ့သို့ အာဏာသိမ်းမှုမျိုးအထိမဖြစ်စေရန် အာမခံနိုင်ပါသလားဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား7Day Daily က ဖေဖော်ဝါရီ ၁၄ ရက် သီးသန့်တွေ့ဆုံမေးမြန်းခန်း တွင် မေးမြန်းခဲ့ရာ ‘‘ဘာလို့ဖြစ်မလဲ။ မဖြစ်ပါဘူး။ မဖြစ်ပါဘူး။ အစ်ကိုတို့အနေနဲ့ကတော့ တရားဥပဒေ စိုးမိုးရေးကိုပဲ သွားစေချင်ပါတယ်။ ဖြစ်စေချင်ပါတယ်။ နောက်ဒီလိုဖြစ်ရပ်မျိုးလည်း မဖြစ်အောင် ကြိုးစားပါ တယ်။

ဒါကြောင့်လည်း အစိုးရ အနေနဲ့လည်း မနေ့က ကြေညာချက်တွေထုတ်ပြီးတော့ လုပ်နေတာတွေရှိတယ်။ ဒါတွေ သတိပြုမယ်ဆိုလို့ရှိရင် အစိုးရရဲ့ သဘောထားကို တွေ့မှာဖြစ်တယ်’’ဟု ဖြေကြားသည်။

ရှစ်လေးလုံး ဖြစ်စဉ်ကဲ့သို့ မဖြစ်စေရန် အောင်မြင်အောင် ဆောင်ရွက်မည်ဟုလည်း ဖြေ ကြားသည်။အမျိုး သားပညာရေးဥပဒေကို သပိတ်မှောက်နေသော ကျောင်းသားများအပါအ၀င် အစိုးရ၊ လွှတ်တော် ၊ ကျောင်းသား၊ NNER တို့မှ ကိုယ်စားလှယ်များ ပါဝင်သော တတိယ အကြိမ် လေးပွင့်ဆိုင် အစည်း အဝေးကို ဖေဖော်ဝါရီ ၁၄ ရက်မှာပင် ထပ်မံပြုလုပ်ခဲ့ပြီး ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း အမြန် ရေးဆွဲပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်သို့ တင်သွင်းရန် သဘောတူခဲ့သည်။ ဖေ ဖော်ဝါရီ ၁၅ ရက်တွင် ဥပဒေ ကြမ်း ရေးဆွဲပြီးသွားပြီ ဖြစ်ကာလွှတ်တော်သို့ တင်သွင်းရန်ဆောင်ရွက်နေသည်။

သီတဂူဆရာတော်ကြီးကလည်း သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရကို မေတ္တာရပ်ခံထား သည်။ ဖေဖော်ဝါရီ ၁၆တွင် သပိတ်စစ်ကြောင်း သုံးခုမှာရပ်နားမည်ဟု ကြေညာသည်။သို့သော် ပင်မသပိတ် စစ်ကြောင်းမှာ မရပ်နားဘဲ ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟုဆိုသည်။

အစိုးရကလည်း သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့တွင်းမ၀င်ရောက်နိုင်ရန် ဥပဒေနှင့်အညီဆောင် ရွက်သွားမည်ဟု ကြေညာထားသည်။

7Day Daily

No comments:

Post a Comment

My Blog List