ယာယီနိုင်ငံသားကတ် (White Card) များနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်
တိတိကျကျ မရှိသည့် အစိုးရနှင့် လွှတ်တော်ကို ရခိုင်ပြည်နယ် တစ်ခုလုံးရှိ
ရခိုင်တိုင်းရင်းသား အများစုက
တစ်ချိန်တည်း ဆန္ဒထုတ်ဖော်ခဲ့ သည်ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ
ဦးခိုင်ပြည်စိုးက ဖေဖော်ဝါရီ ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက
''ထုတ်ပေးတဲ့ အထောက်အထားခိုင်ခိုင်မာမာမပါတဲ့ ကတ်တွေအပေါ်
တိတိကျကျမဆုံးဖြတ်နိုင်တဲ့ အစိုးရရော လွှတ်တော်ရော သံသယဖြစ်တယ်၊
ပဋိပက္ခဖြစ်စေချင်လို့လား၊ လူထုကိုသက်သက် လှည့်ဖျားတာပါ'' ဟု ဆိုသည်။တိကျသည့် ဆုံးဖြတ်ချက်မချမှတ်နိုင်သည့် အစိုးရအဖွဲ့နှင့်၊ လွှတ်တော်တို့အပေါ် ရခိုင်ပြည်နယ်တစ်ခုလုံးရှိ မြို့နယ် ၁၇ မြို့နယ်မှ ရခိုင်တိုင်းရင်းသားတို့က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုကိုလည်း
နေ့လယ် ၁၂ နာရီတွင် စတင်လူစုကာ ၁ နာရီတွင် သက်ဆိုင်ရာမြို့အသီးသီးကို
တစ်ပတ်ပတ်ပြီး ဆန္ဒ ထုတ်ဖော်ကြခြင်း ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဘူးသီးတောင် ဥက္ကဋ္ဌ ဦးထွန်းအောင်သင်းက ''ပါတီကပဲ ဦးဆောင်တာမဟုတ်ပါဘူး၊ သူ့အသိစိတ်နဲ့သူ အဖွဲ့အားလုံးကပါကြတာပါ၊ လွှတ်တော်တွင်းက ဝှိုက်ကတ်ကိုင်တဲ့သူတွေ ဖယ်ပေးဖို့ ခုံရုံးကလည်း ဥပဒေနဲ့ အညီမှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့၊ ဒါကိုပေါင်းပြီး ဆန္ဒပြတာပါ'' ဟု ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအတွင်း ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူ များပါ မဲပေးခွင့် ပြုသင့်သည့်အချက်ကို သမ္မတက သဘောထားမှတ်ချက် ပြုခဲ့သည်။
ယင်းကို လွှတ်တော်တွင်းမဲခွဲရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၂၈ ဦးက ထောက်ခံမဲ အနိုင်ရ ရကာ မဲပေးခွင့် အတည်ပြုခဲ့သည်။
ယင်းသို့ဆုံးဖြတ်ပြီး တစ်ပတ်အကြာတွင်ပင် ဦးသိန်းစိန်က ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် ဝှိုက်ကတ်များ သက်တမ်းကုန်ဆုံးပြီး ပြန်လည်အပ်နှံရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ယင်းကြေညာ ချက် တွင် ဝှိုက်ကတ်များနှင့် စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်သည့်ကိစ္စရပ်များကို လေ့လာ သုံးသပ် အကြံပြုရေးကော်မရှင်ကိုလည်း ဖွဲ့စည်းရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
''ပယ်ဖျက်ပြီးတော့လည်း ဘယ်လိုအစားထိုးမလဲဆိုတာ ပြဿနာရှိနေပါတယ်။ ဖြစ် ရမှာက ဝှိုက်ကတ်တွေကို မဲပေးခွင့် မပေးနိုင်ဘူးဆိုရင် ရှင်းတယ်။ အဲဒီလို မဟုတ်ဘဲ ဒါတွေကိုစစ်ဖို့ ကော်မရှင်ဖွဲ့မယ်ဆိုတာ ဘာလုပ်ဖို့ လဲ'' ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးရှိ ရခိုင်အမျိုးသားပါတီအပါအဝင် လူမှုအဖွဲ့အစည်း များဖြစ်သည့် ရခိုင်လူမှုကွန်ရက် များ၊ စည်းကမ်းထိန်းသိမ်းရေး သံဃာတော် များအဖွဲ့များ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း များ၊ နာရေးကူညီမှု အသင်းများ ပူးပေါင်းကာ တစ်ချိန်တည်းတွင် ရခိုင်တိုင်းရင်းသားအားလုံးက ဆန္ဒဖော် ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ''လွှတ်တော်ကတော့ ခုံရုံးကို တင်ရင် ဥပဒေထွက်ပြီးမှ တင်ရမှာမို့လို့ ဥပဒေထုတ်ပြန်ပြီး တင်ခဲ့တာ။ အခုရခိုင်မှာ ဆန္ဒပြတယ်ဆိုတာက လည်း အရင်ကတည်းက အစီအစဉ်ကို ဆက်ပြီးလုပ်တာပါ'' ဟု ဆိုသည်။
ယာယီနိုင်ငံသားကတ်များ သက်တမ်း ကုန်ဆုံးရက်ကို ထုတ်ပြန်ခဲ့ပြီး ပြန်လည် သိမ်းယူပြီးနောက်တွင် အသိအမှတ်ပြု ကတ်များထုတ်ပေးရန် လိုအပ်မည်ဖြစ်ပြီး ထုတ်ပေးခြင်းမရှိပါက သိမ်းဆည်းခံရသူများ သည့် နိုင်ငံမဲ့သူများဖြစ်လာနိုင် သည့်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် လည်း ဆန့်ကျင်ရာရောက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက သုံးသပ်သည်။
''နိုင်ငံသားဥပဒေပေါ်ခဲ့တာ ၃၃ နှစ်ရှိ ပြီ အစိုးရက အခုထိ နိုင်ငံသား၊ နိုင် ငံခြားသား ကွဲကွဲပြားပြား မလုပ် နိုင်သေးဘူး။ ယာယီကတ်ကို လေး၊ ငါးနှစ်ကိုင်ခိုင်းခဲ့တဲ့အစိုးရကိုက လွဲနေတာပါ'' ဟု ၎င်းက ပြော သည်။
ရခိုင်ပြည်နယ်မှ ယာယီကတ်ကိုင်ဆောင်သူ ဘင်္ဂါလီ ခုနစ်သိန်းကျော်နှင့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့ရှိ တရုတ်လူမျိုးများ၊ မြန်မာနိုင်ငံသား အချို့တို့အပါအဝင် တစ်နိုင်ငံလုံးတွင် ဝှိုက်ကတ်ကိုင်ဆောင်သူ တစ်သန်း ခွဲထိ ရှိနေသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
Mizzima - News in Burmese

No comments:
Post a Comment