Wednesday, February 18, 2015

တိုင်းပြည်အတွက် လက်ရှိနှင့် အနာဂတ်တွင် လုံခြုံရေးဆိုင်ရာ အဓိက စိန်ခေါ်မှုများမှာ ငြိမ်းချမ်းရေးမရသေးခြင်း၊ ဘာသာရေးအစွန်းရောက်မှု၊ တိုင်းရင်းသားအရေးပြဿနာနှင့် ပထ၀ီဝင်နိုင်ငံရေး နောက်ဆက်တွဲပြဿနာ များဖြစ်ဟု တပ်ချုပ်ရှုမြင်


လအနည်းငယ်အတွင်း မီဒီယာများနှင့် ပိုမိုထိတွေ့ဆက်ဆံလာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၄ ရက်က 7Day အပါအဝင် ပြည်တွင်းမှ သတင်းဌာ နခြောက်ခုနှင့် သီးခြားစီတွေ့ဆုံ၍ မေးခွန်းများဖြေကြားပေးခဲ့သည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် VOA သတင်းဌာနနှင့် စင်ကာပူအခြေစိုက် CNA သတင်းဌာနတို့နှင့် တွေ့ဆုံမေးမြန်းခန်းများအပြီးတွင် ပြည် တွင်းသတင်းဌာန များနှင့် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 


အချိန်အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့သော သီးသန့်အင်တာဗျူးတွင် 7Day News မှ အမှုဆောင်အယ်ဒီ တာနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး - ဗိုလ်ချုပ်မှူးကြီးအနေနဲ့ နိုင်ငံတော်ရဲ့ အရမ်းကို ကြီးလေးတဲ့တာဝန်ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကိုထမ်းတာ လေးနှစ်ကျော်၊ ငါးနှစ်ထဲ ရောက်လာပါပြီ။ ဒီကာလအတွင်းမှာ ကိုယ့်ကိုယ် ကိုယ်ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် ဘယ်အပိုင်းတွေကို အားရပါသလဲ။ အားမရတဲ့ အပိုင်းတွေရှိမယ်ဆို ရင်လည်း တစ်ချက်လောက် ပြောပြပေးစေချင်ပါတယ်။

ဖြေ - တာဝန်တော့ တော်တော်ကြီးတာတော့ အမှန်ပဲ။ လုပ်ရမယ့်အပိုင်းမှာတော့ တပ်မတော်ရဲ့ကဏ္ဍ ကတော့ နိုင် ငံတော်ကာကွယ်ရေးက အဓိကအရေးကြီးဆုံးပေါ့။ ကာကွယ်ရေးအတွက် ကာကွယ်ရေး စွမ်းပကားတွေရှိအောင် လုပ်ရတဲ့တာဝန်ရှိပါတယ်။ တပ်မတော်ကို ခေတ်မီတဲ့ တပ်မတော်တစ် ရပ်ဖြစ်အောင်၊ စွမ်းရည်ရှိတဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးစားလုပ်ကိုင်ရတာဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လူပိုင်းဆိုင်ရာရှိတယ်။ ကာကွယ်ရေးပစ္စည်းပိုင်းဆိုင်ရာရှိတယ်။ နှစ်ပိုင်းရှိပါတယ်။ လူပိုင်းမှာဆိုရင် လူတွေရဲ့ စွမ်းရည်တိုးတက်အောင်လုပ်ရတာ ရှိပါတယ်။ ဒါလည်းအားထည့်ပြီး လုပ်နိုင်တဲ့အတွက် ကျေနပ်ဖွယ်ရာရှိပါတယ်။ ကာကွယ်ရေးစွမ်းပကားအတွက် လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းနဲ့ ပတ်သက်ရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးတော့ လုပ်ခဲ့ရတာရှိပါတယ်။ ပြောရဲ ပါတယ်။ နိုင်ငံတော်ရဲ့၊ တပ်မတော်ရဲ့ ကာကွယ်ရေးအပိုင်းအနေနဲ့ဆိုရင်တော့ ဒေသတွင်းမှာတော့ တကယ်ကို လုံလုံခြုံခြုံဖြစ်အောင်၊ စွမ်းရည်တွေရအောင် လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါကတော့ တပ်မတော်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အပိုင်းပေါ့။ နောက်တစ်ခုကျတော့ တို့တိုင်းပြည်မှာ ထူးခြား တာတော့ ပြည်တွင်းတိုင်းရင်းသားပဋိပက္ခတွေရှိတာပေါ့။ ဒီလေးနှစ်အတွင်းမှာ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်လုပ်ခဲ့တာ၊ ကြိုးစားခဲ့တာရှိတယ်။ ၂၀၁၁ ခုနှစ်က အခြေအနေနဲ့စာရင် အခုအခြေအနေဟာ အများကြီးကို ပြောင်းလဲသွားတယ်။ သို့သော်လည်း လုံးဝချုပ်ငြိမ်းသွားပြီးလားဆိုတော့ အဲဒီအဆင့်တော့ မရောက်သေးဘူး။ ဒီလိုအခြေအနေမျိုးရောက်အောင် တပ်မတော်အနေနဲ့ ဆောင် ရွက်ပေးနိုင် ခဲ့တယ်။ ဒါဟာ အားရစရာကောင်းတဲ့ အခြေအနေတစ်ခု။ နောက်တစ်ခုကတော့ ပြည်သူလူထု အကျိုးဖော်ဆောင်ပေးတဲ့ အပိုင်းပေါ့။ ပြည်သူရဲ့အကျိုးပေါ့။ တကယ်တော့ တပ်မတော်သားတွေဆိုတာ ပြည် သူကြားက ပေါက်ဖွားလာတဲ့သူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေဆိုတာ တိုင်းရင်းသားမျိုးစုံပါတဲ့ တပ်မတော်သားတွေဖြစ်ပါတယ်။ ပြည်သူအကျိုးစီးပွားကိုလည်း ဖော်တာပေါ့။ သဘာဝဘေးအန္တရာယ်တို့ ဘာတို့ဖြစ်လာရင်လည်း ထိပ်ဆုံးကနေသွားပြီးတော့ လုပ်ပေးကြပါတယ်။ ခိုင်းမှမဟုတ်ဘူး။ ကိုယ့်ရဲ့ အသိတရားနဲ့ ကိုယ်လုပ်ကြတာ။ အင်စတီကျူးရှင်းအနေနဲ့ဆို ခိုင်မာတဲ့ အင်စတီကျူးရှင်းပဲ။ တကယ်စနစ် တကျ  အင်နဲ့အားနဲ့လုပ်နိုင်တာ ဒီအဖွဲ့အစည်းပဲရှိတယ်။ အရေးပေါ်ဖြစ်လာတဲ့ ကိစ္စတွေမှာ တပ်မတော်က ထိပ်ဆုံးကနေသွားပြီးတော့ လုပ်ပေးကြတာပေါ့။ ဒါကလည်း ကိုယ့်အတွက် အားရတာတစ်ခုဖြစ်ပါ တယ်။ ပြောရရင် တပ်မတော်အစဉ်အလာပေါ့။ တပ်မတော်ရဲ့အစဉ်အလာ ၁၂ ခုကို လုပ်နိုင်တဲ့ အနေအ ထားပေါ့။ နောက်တစ်ခုက ဘာလဲဆိုရင် ကျန်းမာရေးစောင့်ရှောက်ပေးမှု။ ပြည်သူအကျိုးဦးဆောင်ပေးတယ်။ ဒါလည်း လုပ်ပေးနိုင်ခဲ့တယ်။ လူတိုင်းက တိုင်းပြည်အတွက် တိုးတက်ချင်စိတ်ရှိတယ်။ ဒါပေမဲ့ တိုးတက်ချင် တယ်ဆိုရင် အလုပ်လုပ်ဖို့လိုတာပေါ့။ အလုပ်လုပ်ဖို့ဆိုတာ ကျန်းမာဖို့လိုတာပေါ့။ 

တခြားလိုအပ်ချက်တွေရှိတာပေါ့။ ငွေကြေးတို့၊ အတတ်ပညာတို့၊ ဘာတို့ရှိမှာပေါ့။ သို့သော်လည်းပဲ မကျန်းမာရင် သူအလုပ်လုပ်လို့ မရဘူး။ အလုပ်မလုပ်ရင် ထမင်းစားဖို့ ခက်သွားမယ်။ ကျန်းမာရေးက အရေးကြီးတယ်။ အစိုးရက လုပ်ပေးတာကို ကိုယ်တို့က အင်နဲ့အားနဲ့ ဖြည့်ပေးတာပေါ့။ တကယ်တမ်းတော့ ဉာဏ်ပညာပါပဲ။ ဆရာဝန်တွေ၊ သူနာပြုဆိုရင် ဉာဏ်ပညာပေါ့။ ဆေးဆိုရင်လည်း နိုင်ငံတော်က ကာကွယ်ရေးအတွက် ၀ယ်ပေးထားတဲ့ ဆေးဝါးတွေရှိတယ်။ လှူထားတဲ့ ဆေးတွေရှိတယ်။ အဲဒါတွေနဲ့ ကူညီပေးတာပေါ့။ ပြည်သူတွေရဲ့ ကျန်းမာရေးကောင်းဖို့ လုပ်ပေးခဲ့တာပေါ့။ ဒါလည်း ကိုယ့်အတွက် ကျေနပ် စရာတစ်ခုပေါ့။

ပြောမယ်ဆိုရင် ကာကွယ်ရေးအတွက် လုပ်နိုင်တာရှိတယ်။ တည်ငြိမ်ရေးအတွက် ပြည်သူ့အကျိုး စီးပွားဖော်ဆောင်ပေးတာတွေဟာ ကိုယ့်အတွက် အောင်မြင်မှုတစ်ခုလို့ပြောရမှာပေါ့။ နောက်တစ်ခုက လိုအပ်ချက်ဘာလဲ၊ အားနည်းချက်က ဘာလဲဆိုရင်တော့ စိတ်သွားတိုင်း ကိုယ်မပါခဲ့တာပေါ့။ ကိုယ်လုပ်ချင် တာတွေ မလုပ်နိုင်ဘူး။ ဒါကျတော့လည်း လိုအပ်ချက်ရှိနေတာပေါ့။

မေး - ဘယ်လိုဟာမျိုးတွေလဲ။

ဖြေ - ဥပမာအားဖြင့်ပေါ့လေ။ ငြိမ်းချမ်းရေးကိစ္စမှာဆို ကိုယ်တို့ဖြစ်ချင်တာပေါ့။ တအားဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းတွေက လိုအပ်ချက်တွေ၊ သူတို့ပြောလာတဲ့ဟာတွေမှာ ကိုယ်တို့ပြန်ပြီး ညှိနှိုင်းပြောရ တာတွေရှိတာပေါ့။ ကိုယ်တို့တပ်မတော်အနေနဲ့ ပြောရရင် ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ အမျိုးသားရေး အတွက် လုပ်တာပဲ။ တိုင်းပြည်မျက်နှာကြည့်ပြီး လုပ်တာဖြစ်တယ်။ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ်ဖြစ်နိုင်ဖို့။ နောက်တစ်ခါ အခုသွားနေတဲ့ လမ်းကြောင်းက ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် မှာ မှန်မှန်ကန်ကန်သွားဖို့အတွက် ကိုယ်တို့လုပ်တာ ဒီအပေါ်မှာ လိုသလိုပါမလာတဲ့အခါကျတော့ အားမရ ဘူးဖြစ်တာပေါ့။ ထို့အတူပဲ ကိုယ်တို့ ဘယ်လောက်လုပ်လုပ်ပေါ့။ တချို့မှာ ပြည်သူပိုင်းက တစ်မျိုးမြင်တာရှိ တယ်။ အမှန်လည်း ဒါဖြစ်နေတာရှိတော့ ကိုယ်တို့အနေနဲ့ နားလည်ပါတယ်။ သူတို့တွေရဲ့ ခံစားချက်တွေ အမျိုးမျိုးရှိမှာပေါ့။ ၁၉၆၂ ခုနှစ်ကနေ ၇၄ ထိ တော်လှန်ရေးကောင်စီခေတ်စစ်အစိုးရနဲ့ နေခဲ့ရတယ်။ ၇၄ ကနေ ၈၈ ထိ လမ်းစဉ်ပါတီခေတ်မှာလည်း ဗဟိုချုပ်ကိုင်မှုနဲ့ နေခဲ့ရတယ်။ ၈၈ ကနေ ၂၀၁၁ အထိ တပ်မတော်ဦးဆောင်မှုနဲ့ နေခဲ့ရတော့ သူတို့မှာ လူပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ဒီလိုခံစားချက်တွေရှိမှာပေါ့။ ရှိတဲ့အခါကျတော့ တပ်မတော်အနေနဲ့ ဘယ်လောက်လုပ်လုပ်တို့အပေါ်မှာ၊ တချို့နေရာမှာ အထင်အမြင်လွဲမှားမှုရှိတဲ့အခါ ကျတော့ အားမလို၊ အားမရတွေဖြစ်တာပေါ့။ ဒါလေးတွေတော့ရှိပါတယ်။ လုံးဝပြည့်စုံတယ်တော့ မရှိပါဘူး။

မေး - ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာရော၊ အနာဂတ်မှာရော လုံခြုံရေးဆိုင်ရာ အဓိကခြိမ်းခြောက်မှုတွေက ဘာတွေလို့ သုံးသပ်ပါသလဲ။

ဖြေ - ဒီမှာကတော့ ခုနပြောသလို အခုလက်ရှိလုံးဝအပြည့်အစုံမရသေးတဲ့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ကတော့ တို့ရဲ့လုံခြုံရေးမှာတော့ ခြိမ်းခြောက်မှုတစ်ခုပေါ့။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဆိုတာတော့ တရားဝင်တဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေရှိဖို့လိုတယ်။ ဥပမာ-ရဲတပ်ဖွဲ့၊ တပ်မတော်တရားဝင်ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတွေရှိဖို့လိုတယ်။ ဒါမှမဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ နောက်တစ်ခုက ဘာသာရေးပေါ့။ ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ဘာသာရေးအစွန်းရောက်တွေ။ ဘာသာရေးဆိုတာတော့ ဥပမာ အားဖြင့် ပင်မကိုးကွယ်တဲ့ဘာသာကို အကြောင်းပြုပြီး လုပ်ဆောင်တဲ့ဟာတွေရှိတယ်။ အစွန်းရောက်တွေ ကျတော့ သူတို့ဟာ သူတို့ အစွန်းရောက်ပြီးမှ ပြောတဲ့စကားတွေရှိတယ်။ ဒါတွေကလည်း လုံခြုံရေးမှာ ခြိမ်းခြောက်မှုတစ်ခုပဲ။

နောက်တစ်ခါတိုင်းရင်းသားအရေးပေါ့။ သူတို့ပေါ်မှာ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ အထင်အမြင် လွဲမှားအောင် ပြောဆိုတဲ့ဟာမျိုးကလည်း အန္တရာယ်တစ်ခုပေါ့။ ဒါတွေကတော့ အခြေခံဥပဒေမှာ သေချာပြ ဋ္ဌာန်းပြီးမှ လုပ်ပေးထားပြီးသား။ သို့သော် ဒါကို နားမလည်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ အထင်အမြင် တစ်မျိုးလွဲပြီးတော့ သူတို့ကို အခွင့်အရေးမပေးဘူးလို့ ယူဆတဲ့ဟာတွေကို လှုံ့ဆော်တဲ့ဟာတွေပေါ့။ ဒါတွေဟာ အနာဂတ်အတွက် အန္တရာယ်ရှိတယ်။ ဒါတွေကို ကိုယ်တို့က အထင်အမြင်မလွဲအောင် သေ ချာရှင်းပြဖို့လိုပါတယ်။ လုပ်ပြဖို့လည်း လိုတယ်။ ပါးစပ်က ရှင်းပြရုံနဲ့ မရဘူး။ လက်တွေ့ကို လုပ်ပြရမယ်။ ခင်ဗျားတို့နဲ့၊ ကျွန်တော်တို့နဲ့ အတူတူပဲ။ ဒါဆိုရင်တော့ ဒါတွေကို ကျော်လွှားနိုင်မှာပဲ။ စောစောက တရား ဥပဒေစိုးမိုးရေးတို့၊ ဘာသာရေးအစွန်းရောက်ကိစ္စတို့၊ လက်နက်ကိုင်ကိစ္စတို့။ ဒါနဲ့ ပတ်သက်တဲ့ဟာ ကတော့ တော်တော်သတိကြီးကြီးနဲ့ လုပ်ရမယ့်ကိစ္စလို့မြင်တယ်။ တိုင်းပြည်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။ ဒါတွေပေါ်မူတည်ပြီးတော့ ပြည်ပရဲ့ ပြဿနာတွေလည်းပါလာနိုင်မယ်လို့ ကိုယ်ကယူဆတယ်။ ဒါတွေကို ရှင်းနိုင်မယ်ဆိုရင် ပြည်ပကပါလာနိုင်မှာ မဟုတ်ဘူး။ ဒါတွေကို မရှင်းနိုင်ရင် ပြည်ပကပါလာလိမ့်မယ်လို့ ယူဆလို့ရတယ်။

မေး - ကျွန်တော်တို့နိုင်ငံရဲ့ တည်နေရာက မဟာဗျူဟာကျမှုကြောင့်လည်း တချို့သုံးသပ်တာရှိပါတယ်။

ဖြေ - မှန်ပါတယ်။ ဒါတွေကလည်း ပထ၀ီနိုင်ငံရေးပေါ့။ ဒါတွေ တော်တော်အရေးပါတယ်။ အင်အားကြီးနိုင် ငံနှစ်ခုကြားမှာရှိတယ်။ ပြောရလို့ရှိရင် အဲဒီနိုင်ငံနှစ်နိုင်ငံက စနစ်မတူတဲ့နိုင်ငံတွေဖြစ်တယ်။ လူမျိုးနဲ့ ပတ်သက်ရင်လည်း လုံးဝကွဲပြားခြားနားတဲ့ စရိုက်လက္ခဏာတွေဖြစ်နေကြတယ်။

အဲဒီကြားထဲမှာ အစ်ကိုတို့က နေရတယ်။ တော်တော်လေး အခက်အခဲရှိပါတယ်။ လူဦးရေသန်းပေါင်း ၁၆၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူဦးရေသိပ်သည်းမှု အင်မတန်များပြားပြီးတော့မှ သူတို့လည်း အဲဒီအပေါ်မှာ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ အခု ကိုယ်တို့လည်း အဲဒီစိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ကိုယ်တို့မှာ ပြဿနာတွေရှိတယ်။ ဒါတွေဟာ လုံခြုံရေးမှာ ခြိမ်းခြောက်မှုကိစ္စတစ်ခုပါ။ သတိထားရမယ့်ကိစ္စပါ။ တကယ်သာသိမယ်ဆိုရင် ဒီဟာကို သတိထားပြီးတော့မှ လုပ်နိုင်မှရမယ်ဆိုတာ ကို မြင်ပါလိမ့်မယ်။

မေး - ဗိုလ်ချုပ်မှူးကြီးပြောတဲ့အထဲမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောသွားတာရှိတယ်။ နောက်ပထ၀ီ အနေအထားအရကြောင့် အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး တပ်မတော်က ပြင်ဆင်မှုတွေ နောက်ပိုင်းမှာ ဘယ်လိုများ ပြောင်းလဲမှုတွေလုပ်လာမလဲ။

ဖြေ - ပထမအချက် နိုင်ငံရဲ့မူဝါဒပေါ့။ ကိုယ်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးလုပ်ပါတယ်။ ပြီးရင် အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း ရင်းနှီးအောင် ကိုယ်တို့နေပါတယ်။ အာဆီယံနိုင်ငံဖြစ်တယ်။ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဒေသတွင်းမှာတော့ ပြဿနာဖြစ်နိုင်ခြေ အင်မတန်မှနည်းပါတယ်။ နောက်တစ်ခါ အိမ်နီးနားချင်းနိုင်ငံ ဆက်ဆံရေးမှာလည်း တပ်မတော်ချင်းပြောရရင်လည်း အောက်ခြေအဆင့်၊ တပ်မတော်အောက်ခြေစခန်း အဆင့် ဆက်ဆံရေးတွေရှိတယ်။ နောက်အလယ်အလတ်အဆင့်တွေရှိတယ်။ Hight Level အဆင့်တွေရှိ တယ်။ တပ်မတော်ခေါင်းဆောင်တွေ ဆက်ဆံတာရှိတယ်။ တိုင်းမှူး Level တွေ ဆက်ဆံတာရှိတယ် ။ အောက်ခြေ တပ်ရင်းမှူး၊ ဗျူဟာမှူး ဆက်ဆံတာတွေရှိတယ်။ အိန္ဒိယရှိတယ်။ တရုတ်ဆို တချို့အပိုင်းတွေ ရှိတယ်။ ထိုင်းဆိုရင် အပြည့်အ၀ရှိတယ်။ ဘင်္ဂလားဒေ့ရှ်တော့ မရှိသေးဘူး။ သို့သော်လည်းပဲ နယ်စပ်ဒေ သကွပ်ကဲမှုအဖွဲ့တွေ ဆက်ဆံတာရှိတယ်။ တရုတ်နဲ့လည်း အဆင်မြှင့်နိုင်ဖို့ ကိုယ်တို့ကြိုးစားဖို့လည်း စဉ်းစားပါတယ်။ သို့သော်လည်းပဲ ကေအိုင်အေရဲ့ နယ်စပ်ဒေသတည်ရှိမှု၊ နောက်ဒီဘက် ‘၀’ဘက်က တည်ရှိမှုတွေက ဒါလေးတွေ အဟန့်အတားဖြစ်နေတယ်။ အဲဒါတွေသာ ကျော်လွှားသွားနိုင်မယ်ဆိုရင် နယ်စပ်ဒေသစီမံခန့်ခွဲမှုတွေက အစိုးရချင်း ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ယူဆတယ်။ အဲဒါဆိုရင် တိုင်းပြည်လုံခြုံရေးအတွက် သိပ်အန္တရာယ်မရှိပါဘူး။

မေး - လုံခြုံရေးနဲ့ ဆက်စပ်ပြီးတော့ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၁ ရက်မှာ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့ တယ်။ ဖုန်ကြားရှင်ဘက်က ဆွေးနွေးချင်တယ်ပြောတယ်။ ဒီဘက်က ဆွေးနွေးစရာမရှိဘူးလို့ ပြတ်ပြတ် သားသားပြောထားတယ်။ အဲဒီတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်လို့ တော်တော်များများက ခန့်မှန်းမိ တယ်။ တကယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာ သတင်းထုတ်ပြန်ချက်တွေအရ တပ်မတော်ဘက်က အကျအ ဆုံး တော်တော်လေးများတာ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်နိုင်တာ သိရဲ့သားနဲ့ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။ သတင်းကြိုတင်မရလို့လား။ ဒီလောက်အများကြီးဝင်လာတာ၊ နောက်ခေတ်မီလက်နက်တွေကြောင့်လား။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပြောချင်တာရှိရင် ကျွန်တော်တို့ မီဒီယာကတစ်ဆင့် ပြောပေးစေချင်ပါ တယ်။

ဖြေ -ဖုန်ကြားရှင်ဘက်က ၂၀၀၉ ခုနှစ်တုန်းက ဒီဒေသမှာ တရားမဝင်လက်နက်ထုတ်လုပ်သူတို့၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့ တပ်မတော်က ရှင်းချက်ထုတ်လိုက်တာပေါ့။ သူတို့ ထွက်ပြေးသွားတာပေါ့။ နောက်တစ်ခုကတော့ အခု ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အစိုးရက တရားဝင်ရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ ပြောရလို့ရှိရင် မြန် မာနိုင်ငံရဲ့အစိုးရအစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒီအစိုးရကို လာတိုက်တာက ဒီနိုင်ငံကိုတိုက်တာနဲ့ အတူတူ ပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒါကိုပြတ်ပြတ်သားသားတိုက်ခိုက်တာပေါ့။

ခုနမေးတဲ့အထဲမှာ မသိဘူးလားဆိုတဲ့ဟာလေးကိုပေါ့။ အဲဒီဒေသမှာနေတဲ့ ကိုးကန့်ပေါ့။ ကိုးကန့်ကတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်စပ်နယ်မြေထဲမှာရှိတယ်။ အဲဒီဒေသမှာနေတဲ့ ကိုးကန့်တိုင်းရင်းသားတွေ ဟာ ဟိုဘက်မှာလည်း တချို့ရှိတယ်။ မျိုးနွယ်တူတွေရှိတာကိုး။ ဒီဘက်မှာလည်းရှိတယ်။ စီးပွားရေး လည်း တော်တော်များများက ဟိုဘက်၊ ဒီဘက် လုပ်နေကြတာရှိတယ်။ နောက်..သွားဖို့လာဖို့အတွက်လည်း လမ်းကြောင်းတွေက အကုန်လုံးရှိတယ်။ ခြံစည်းရိုးခတ်ထားတာမဟုတ်ဘူး။ အကုန်လုံးက ကျောက်တိုင်ပဲရှိ ပြီးတော့မှ ဒါကတော့ မင်းတို့နိုင်ငံ၊ ဒါကတော့ ငါတို့နိုင်ငံလို့ သတ်မှတ်ထားတဲ့အပိုင်းပေါ့။ ကူးလူးဆက်ဆံမှု။ ကူးလူးဆက်ဆံရတာ အောက်ခြေမှာ ဒီလိုတော်တော်များများလေးရှိတယ်။ ရှိတာပေါ့။

ဒါကို အခွင့်ကောင်းယူပြီးတော့ အမှတ်(၁) အခွင့်ကောင်းယူတာ။ အမှတ်(၂)အချက် မျိုးတူတာတွေကို အခွင့်ကောင်းယူတာပေါ့။ ယူပြီးတော့ ဒီကြားထဲမှာ သူတို့ရှိခဲ့တာပေါ့။ နောက်တစ်ခါ သူတို့ ကိုးကန့်ဒေသ ကနေ ဆုတ်ခွာသွားတဲ့အချိန်မှာ သူတို့နဲ့ မကင်းရာမကင်းကြောင်းတွေလည်း လောက်ကိုင်ဒေသမှာ ကျန်ခဲ့တယ်။ သူတို့လည်း အဆက်အသွယ်တော့ တစ်နည်းမဟုတ်တစ်နည်း ရှိကြတာပေါ့။

နောက်တစ်ခုမှာ သူတို့ရဲ့ အကျိုးစီးပွားတွေ လုပ်နေတာလည်းရှိတယ်။ အဲဒီမှာများသောအားဖြင့် ကုန်ထုတ် လုပ်ငန်းဆိုရင် ပြောင်းစိုက်တယ်။ ကြံစိုက်တယ်။ နောက် ရော်ဘာစိုက်တယ်။ အမြင့်ဒေသတွေမှာ လက်ဖက်စိုက်တာပေါ့။ စိုက်ပျိုးရေးလုပ်ငန်းပေါ့။ ဒါတွေတော်တော်များက နှစ်ဖက်ရှိတဲ့လူတွေက လုပ်နေကြ တာ။ အကုန်လုံးက ရောနေကြတယ်။ နောက်တစ်ခါ တခြားအားပေးအားမြှောက်ပြုတဲ့ လမ်းကြောင်းတွေ လည်း ရှိနိုင်ပါတယ်။ ဒီလမ်းကြောင်းတွေအသုံးချပြီးတော့မှ ဝင်ရောက်တည်ဆောက်သွားတယ်။ အဲဒီတော့ တိုက်တဲ့၊ ခိုက်တဲ့နေရာမှာလည်း ထူးခြားတာ ဟိုနေ့ကသတင်းထဲမှာ ကိုယ်တို့ထည့်ရေးတယ်။

သူတို့လက်နက်တွေ တော်တော်များများ သုံးနိုင်လာတာတွေ့တယ်။ ဘာကြောင့်သုံးနိုင်တာလဲဆိုတဲ့ အဖြေကို အဲဒီမှာ ငွေဘယ်ကရလဲ။ လက်နက်ဆိုတာတော့ အလကားတော့မရဘူး။ ငွေပေးဝယ်မှရတယ်။ ဒီငွေတွေဘယ်ကရလဲ။ ဒီငွေတွေ အဖြေကရှင်းရှင်းလေး။ တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းကနေပဲ ရတဲ့ငွေတွေ။ အရင်ကတည်းက ရခဲ့တဲ့ငွေရှိမယ်။ အခုရနေတဲ့ငွေရှိမယ်။ အရင်တုန်းက ရတဲ့ငွေတွေကို တစ်နေရာမှာ သိမ်းထားတယ်။ သိမ်းထားပြီးတော့မှ အခုထုတ်သုံးတာဖြစ်မှာပေါ့။ အဲဒီငွေတွေ စောစော တုန်းက ရှင်းပြသလို မူးယစ်ဆေးဝါးထုတ်လုပ်မှုတို့၊ လက်နက်ခဲယမ်းမီးကျောက်ကနေရတဲ့ ပိုက်ဆံတွေတို့။ အခုရတဲ့ပိုက်ဆံတွေကလည်း ဒီလမ်းကြောင်းက ပိုက်ဆံတွေပါနိုင်သလို တခြားလမ်းကြောင်းကနေရတဲ့ အထောက်အပံ့တွေလည်း ပါနိုင်တယ်။ ဖြစ်နိုင်ပါတယ်။ ဒီပေါ်မှာ သူတို့အသုံးချပြီးတော့မှ လိုအပ်တဲ့ လက်နက်ခဲယမ်းရှာမှာပေါ့။

နယ်စပ်ဒေသတွေမှာ ဒါတွေက ပိုက်ဆံပေးရင် ရနိုင်ပါတယ်။ အဲဒါပြီးရင် သူတို့မှာလည်း သူတို့ကို ကူညီမယ့်အဖွဲ့အစည်းရှိနိုင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း တချို့အတွေ့အကြုံရှိတဲ့ လူတွေပါပါတယ်။ ဒါတွေကို အသုံးချပြီးတော့မှ သူတို့တိုက်ပွဲကို ဖန်တီးတယ်လို့ယူဆတယ်။

မေး - ကိုးကန့်ဘက်က သတင်းထုတ်ပြန်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကူခဲ့တယ်လို့ ပါတယ်။ အဲဒီအတွက်ကိုကော ဘယ်လိုတုံ့ပြန်ဖြေရှင်းသွားဖို့ရှိပါသလဲ။

ဖြေ - ငြိမ်းချမ်းရေးလို့တော့ ပြောကြတယ်။ ငြိမ်းချမ်းရေးလို့ပြောတယ်။ အပစ်အခတ်ရပ်စဲရေးလို့ ပြောကြ တယ်။ ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးပြောပြီးတော့မှ လာတိုက်တဲ့တချို့က သူတို့ရဲ့ Intntion တွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော်တော်အလှမ်းဝေးမယ့်သဘောရှိပါတယ်။ သူတို့ကူညီတဲ့အဖွဲ့အစည်းပေါ့။ သူတို့တရားဝင်ပြောတဲ့ TNLA ပေါ့။ နောက်တစ်ခါ AA။ နောက်တစ်ခါ SSPP (ရှမ်းမြောက်) ပေါ့။ သူတို့ လုပ်နေတယ်လို့ သူတို့ပြောတာပေါ့။ Confirm လုပ်တုန်းရှိပါသေးတယ်။ သို့သော်လည်း သူတို့ပြောတယ်ဆို ကတည်းက သူတို့က တစ်ဖက်က ငြိမ်းချမ်းရေးလို့ပြောတယ်။ တိုက်တယ်။ ပါတယ်ပြောတယ်။ သူတို့ Intention သည် မရိုးသားဘူးဆိုတာဖော်ပြတယ်။ သူတို့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အလှမ်းဝေးမယ့် သဘောတော့ရှိတယ်။ ဘယ်လိုမှလက်ခံလို့မရဘူး။ အခု အဲဒါနဲ့ပတ်သက်ပြီး ဘယ် တိုင်းရင်းသားအဖွဲ့အစည်းကမှလည်း လက်မခံဘူး။ ပြည်တွင်းမှာရှိတဲ့ ဘယ်အဖွဲ့အစည်းကမှလည်း လက်မခံဘူး။ ဘယ်ပုဂ္ဂိုလ်ကမှလည်း လက်မခံဘူး။ အကုန်လုံးက ဒါကိုဆန့်ကျင်နေတဲ့ဟာတွေ။ အကုန်ပြန်ကြားရပါတယ်။

မေး - ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပုံမှန်အတိုင်းပဲလုပ်မှာလား။

ဖြေ - လုပ်မှာပါပဲ။ ဒါနဲ့ပတ်သက်ပြီး အောင်မြင်အောင်လုပ်မှာပါပဲ။ တိုင်းပြည်တစ်ခုရဲ့ တိုးတက်မှုဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တည်ငြိမ်ဖို့ဆိုတာ တရားဥပဒေစိုးမိုးမှုရယ်၊ လုံခြုံရေး အပိုင်းရော တရားဥပဒေစိုးမိုးရေးက အခုဖြစ်ပျက်နေတဲ့ကိစ္စတွေမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ရဲတပ်ဖွဲ့တို့ပါ အတူတူလုပ်ကြတယ်။ လုံခြုံရေးနဲ့ပတ်သက်တာ တပ်မတော်က လုပ်ရမယ်။ နည်းနည်းပတ်သက်တာ ရဲကလုပ်ရမယ်။ များသောအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စဆိုရင် တပ်မတော် က လုပ်ရမယ့် သဘောရှိတယ်။ ကိုယ်ပိုင်အနေနဲ့ ရအောင်လုပ်မယ်။ ရအောင်လုပ်ပြီး တိုင်းပြည်တည် ငြိမ်အေးချမ်းမှသာ တိုးတက်ရေးကိုသွားနိုင်မယ်။ ဒါမှလည်း အခုသွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဆိုတာ အဓိပ္ပာယ်ရှိမယ်။

မေး - ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်လှမ်းတဲ့အပိုင်းမှာရော တိုက်ခိုက်စွမ်းရည်နဲ့ ပတ်သက် ပြီးတော့ပါ တချို့ဝေဖန်တာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောကြားလိုပါသလဲ။

ဖြေ - သတင်းလည်း အစ်ကိုတို့ရပါတယ်။ မရတာမဟုတ်ဘူး။ တချို့အပိုင်းတွေမှာကျတော့ တော်တော်လေး ချင့်ချိန်လုပ်ရတဲ့ အပိုင်းတွေရှိတယ်။ သတင်းရတာတော့ ၂၀၁၀ ခုနှစ်ကတည်းက သူတို့နဲ့ပတ်သက်တဲ့သ တင်းတွေ က တောက်လျှောက်ရတယ်။ တိုက်ပွဲတွေလည်းဖြစ်ခဲ့တယ်။ တစ်ဖက်ကလည်း အတင်းအဓမ္မ တိုက်လို့မရဘူးဆိုတာ နိုင်ငံတော်အစိုးရရဲ့မူအရ ငြိမ်းချမ်းရေးသွားနေတဲ့အချိန်မှာ ထိုးစစ်တွေနဲ့ပတ်သက်လို့ ဘာမှမလုပ်ဘူး။ မိမိရဲ့ ကာကွယ်ရေးအတွက်ပဲ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်ဆိုတဲ့အနေအထားကိုပဲ ကိုယ်တို့လုပ် ရတယ်။ အဲဒီမှာနှစ်ပိုင်းလုပ်ရတယ်။ တပ်ပိုင်းဆိုင်ရာခုခံကာကွယ်မှုနဲ့ နိုင်ငံတော်အစိုးရရဲ့ အစိတ်အပိုင်းတွေ ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့ဟာတွေ ကာကွယ်ပေးတာတွေပဲရှိတယ်။ ရပ်ရွာအေးချမ်းသာ ယာရေး ၊ ကျေးရွာလုံခြုံရေး၊ မြို့ရွာလုံခြုံရေးတို့နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ လုံခြုံရေးတို့၊ သူတို့တွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အဆောက်အအုံတွေ၊ အရေးကြီးတဲ့နေရာတွေနဲ့ပတ်သက်လို့ လုံခြုံရေးကို တပ်မတော်က ယူပေးရတာရှိတယ်။ ဒါကို ထိခိုက်မယ်ဆိုလို့ တိုက်ရတာရှိတာပေါ့။

ဒါကြောင့် ဖြစ်စဉ်တွေကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဌာနချုပ်တွေမှာ တစ်ခုမှမရှိ ဘူး။ သူတို့နဲ့ အလှမ်းဝေးတဲ့နေရာ၊ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ သွားတွေ့လိမ့်မယ်။ အစ်ကိုတို့ ကသာ တိုက်နေမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်နေတဲ့ကိစ္စတွေမှာ အများကြီးထိမယ်။

ဒီတစ်ဖွဲ့ကြောင့် ကျန်တဲ့ကိစ္စတွေမှာ အများကြီးရှိမယ်။ အစ်ကိုတို့တော်တော်လေးသတိထားလုပ်ရတဲ့ အစိတ်အပိုင်းရှိတယ်။ နောက်တစ်ခုက စစ်ရေးဗျူဟာကျင့်သုံးမှုအပိုင်းပေါ့။ ရန်သူ၊ ဥတု၊ မြေအနေအထား ဆိုတာ ရှိတယ်။ ရန်သူရဲ့အနေအထား၊ ဥတုရဲ့အနေအထား၊ မြေပြင်အနေအထား စစ်ရေးအနေအထားမှာ ဒီသုံးချက်ကို အများကြီးကြည့်ရမှာပေါ့။

ဒီအပေါ်မှာမူတည်ပြီးတော့ဖြစ်တာ။ ကျဆုံးများတဲ့တိုက်ပွဲတစ်ပွဲဆိုလို့ရှိရင် ဒါက ကားလမ်းပေါ်မှာသွားရင်းနဲ့ သတ်ကွင်းထဲ ဝင်ပြီးတော့မှ ပုံသေစစ်ကြောင်းပေါ်မှာ အကျအဆုံးများတာ။ ကျန်တဲ့နေရာမှာတော့မရှိပါဘူး။

ဒါပေမဲ့ ကိုယ်တို့ရဲဘော်တွေ တပ်မတော်သားအနေနဲ့တော့ ဒီတိုင်းပြည်ရဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာပိုင် ဆိုင်မှုကို ထိခိုက်တော့ အသက်စွန့်ပြီး ကာကွယ်မယ်ဆိုတဲ့စိတ်နဲ့ဖြစ်တယ်။ သွားပြီးတော့ အလကားတော့ အသေမခံဘူး။ ဒီအတွက် သူတို့ အသေခံခြင်းဖြစ်ပါတယ်။

အဲဒီတစ်ချက်ပေါ့။ အဲဒီမှာလည်း အထိခိုက်အကျအဆုံးနည်းအောင်ဆိုပြီး ပစ်ကူတော်တော်များများလုပ် တယ်။ ရဟတ်ယာဉ်နဲ့ပစ်တာရှိတယ်။ လေယာဉ်နဲ့ဗုံးကြဲတာရှိတယ်။ ဒါပေမဲ့ ဒါလည်း တော်တော်လေးချိန်ဆ ရတယ်။ နယ်စပ်ဒေသနဲ့ တော်တော်လေးနီးတဲ့အခါကျတော့ ချိန်ဆရတယ်။ အဲဒီတော့ ဒီလိုလုပ်မယ့် အကြောင်းကို သက်ဆိုင်ရာနိုင်ငံကိုလည်း အသိပေးပါတယ်။ စစ်သံမှူးကိုလည်း အသိပေးတယ်။ ဒီဘက်မှာလည်း အသိပေးတယ်။ နှစ်ဖက်လုံးအသိပေးပါတယ်။ တော်တော်လေး ချိန်ဆရတယ်။ ဒါတွေက အချိန်မရွေးအထင်အမြင်လွဲမှားပြီးတော့မှ ပြဿနာဖြစ်သွားနိုင်တဲ့ဟာတွေရှိတယ်။

နော
7Day News Journal

No comments:

Post a Comment

My Blog List