Thursday, February 19, 2015

ကမ္ဘာ့အလှဆုံးအလှမယ် ၁၂ဦးစာရင်း ၀င်နေတဲ့ ဟန်သီနဲ့ အိန်ဂျယ်လမုံ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်Beauties Concept က ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး၁၂ဦးကို ထပ်မံရွေးချယ် ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်နှစ်ဦး ဆက်လက်ပါဝင်နေကြောင်း သတင်းရရှိသည်။
‘‘Beauties Conceptကရွေး ပေးတဲ့အလှမယ် ၁၂ယောက်မှာ ဟန်သီနဲ့ အိန်ဂျယ်လမုံတို့ နှစ် ယောက်ဆက်ပြီး အရွေးခံရပါ တယ်။ The Ideal Beautyကရွေး တဲ့ နှစ်ယောက်မှာ ဟန်သီနဲ့ အိန် ဂျယ်လမုံတို့နှစ်ယောက်ဆက်မပါ တော့ဘူးလို့ သိရပါ တယ်’’ ဟု Miss Golden Land Myanmar အဖွဲ့အစည်း အမှုဆောင်အရာ ရှိချုပ် ကိုဝေယံအောင်ကပြော သည်။

ဟန်သီနှင့် အိန်ဂျယ်လမုံတို့အား မဲပေးလိုသူများသည်http://www.facebook.com/Beauti-es ConceptBCတွင် တင် ထားသည့် ဓာတ်ပုံကို Likeပြုလုပ်၍ မဲ ပေးနိုင်မည်ဖြစ်သည်။

Beauties Concept၀က်ဘ် ဆိုက်မှ ရွေးချယ်ထားသည့်အလှ မယ် ၁၂ဦးအနက် မဲအရေအတွက်အများဆုံးရရှိသည့် အလှမယ်သည် ထပ်မံရွေးချယ်မည့် ခြောက်ဦးစာ ရင်းတွင်ဆက်လက်ပါဝင်မည်ဖြစ် ပြီး လက်ရှိအချိန်အထိ မြန်မာအ လှမယ်ဟန်သီက မဲအရေအ တွက် အများဆုံးရရှိထားသည်။

ပြီးခဲ့သည့်နှစ်က Miss Supr anational Myanmar 2013 ခင် ၀င့်ဝါသည် Beauties Concept ၀က်ဘ်ဆိုက်က ရွေးချယ် သည့် ကမ္ဘာ့အလှဆုံးအလှမယ် ၂၅ဦး စာရင်းအထိပါဝင်ခဲ့ဖူးသည်။

7Day News Journal

No comments:

Post a Comment

My Blog List