Monday, February 16, 2015

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းရန် ဆောင်ရွက်လာခြင်းဖြစ်သဖြင့် တပ်မတော်ကလုံးဝ လျှော့မည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော


လောက်ကိုင်ဒေသဖြစ်စဉ်တွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်း ရှောင်တပ်ဖွဲ့က နိုင်ငံတော် အစိုးရ ၏ အစိတ်အပိုင်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရအစိုးရအဖွဲ့အားဖြုတ်ချကာ အာဏာ သိမ်းရန်ဆောင်ရွက် လာခြင်းဖြစ်သဖြင့် တပ်မတော်အနေဖြင့် လုံးဝလျှော့၍မရ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဖေဖော်ဝါရီ၁၄ရက် မွန်းလွဲ ၁နာရီ ခွဲတွင် နေပြည်တော် ရှိဘုရင့် နောင် ရိပ်သာဧည့်ခန်းမဆောင်တွင် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာ ယီ)အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ ရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ် သည်။

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က လောက်ကိုင်ဖြစ်စဉ်သည် အချုပ်အခြာအာဏာနှင့် သက်ဆိုင် သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သည့်ကိုးကန့်တိမ်းရှောင် အဖွဲ့သည် လောက် ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအစိုးရအဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်း တစ်ခုအား တိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော် အနေနှင့် လုံးဝလျှော့၍ မရကြောင်း၊ မိမိတို့ရထားသောအ ထောက်အထားများအရ လောက်ကိုင် ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ပါဝင်မှုများရှိနေ၍ယင်းအတွက်လည်း သက်ဆိုင်ရာအဖွဲ့များ အနေနှင့် တာဝန်ယူ ရမှာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ယင်းအပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် က နိုင်ငံတော်သမ္မတ ကြီးမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအား ဖေဖော် ဝါရီ၁၂ရက်တွင် လက်မှတ်ရေး ထိုးရန်ကြိုး စားခဲ့ကြောင်း မိမိကိုယ်တိုင်လည်း အဆိုပြုတင်ပြ ခဲ့ကြောင်း၊ ယင်းမှာလက်နက်ချဖို့ပြော ခြင်းမဟုတ်ကြောင်း၊ အပစ်အခတ် ရပ်စဲပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာတွင် DDR လုပ် ငန်းစဉ်အတိုင်းသွားရမည်ဖြစ်ကြောင်း ၊ ဖေဖော်ဝါရီ ၁၂ရက်တွင် NCA  လက် မှတ်မထိုးနိုင်ဘဲ ဆက်လက်လုပ်ဆောင်မည့်ကတိက ဝတ်သာ လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ လက်မှတ်ရေးထိုးရန်အများကဆန္ဒ ရှိပါကြောင်း၊ မိမိတို့မှလည်း ငြိမ်းချမ်း ရေးကိစ္စတွင် နည်းလမ်းမျိုးစုံစဉ်းစား ပြီးဖြစ်နိုင်ဖွယ်အားလုံးကို လိုက်လျော ဆောင် ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယနေ့ဒီမိုကရေစီလမ်းကြောင်း ကို အားလုံးလျှောက်လှမ်းနေချိန်တွင် တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် တည်ဆောက်ရေးတွင်ပါဝင်ဆောင် ရွက်နေကြသည့် အဖွဲ့အ စည်းများနှင့် ထိတွေ့ဆက်ဆံရမည် ဖြစ်ကြောင်း၊ အလားတူ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများနှင့် လည်း ထိတွေ့ ဆက်ဆံရမည်ဖြစ်ပါကြောင်း၊ ယခင် က တပ်မတော်၏ သဘောအရ ပြော သင့်ပြောထိုက် သည်များကိုသာ ပြော ခြင်းကြောင့် သတင်းထုတ်ပြန်ရာတွင် ပြည်သူက မသိရှိသည်များ၊ အချက် အလက် မပြည့်စုံမှုများ၊ နားလည်မှု လွဲမှားခြင်း များရှိခဲ့ ပါကြောင်း၊ ယခု သတင်းမီဒီယာနှင့် တပ်မတော်ထိ တွေ့ဆက် ဆံမှုများကြောင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မီဒီယာ များမှတစ်ဆင့် ပိုမိုပျံ့နှံ့စွာ သိရှိစေ ပါ ကြောင်း၊ မီဒီယာအပိုင်းတွင်လည်း သဘောထား ပြောင်းလဲ လာမှုများ တွေ့ရှိရ ပါကြောင်း၊ တပ်မတော်နှင့် မီဒီယာများအကြား သတင်းထုတ် ပြန်မှုဆိုင်ရာများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက်ညနေ ၄ နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်တွင်းမီဒီယာများဖြစ်သော ခြောက် ဖွဲ့မှ တာဝန်ရှိသူများဖြင့်သီး ခြားစီတွေ့ဆုံပြီး သတင်းမီဒီယာများ၏ သိလိုသည့် မေးမြန်းမှုအား ပြန်လည်ဖြေ ကြားခဲ့ကြောင်း သိရသည်။

MP
#Democracytoday

No comments:

Post a Comment

My Blog List