ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ကပြခဲ့သော နှင်းဆီအငြိမ့်တွင် လူရွှင်တော်အဖြစ် ပါဝင် ကပြရင်း ကွမ်းလုံ ရက်လေးဆယ်တိုက်ပွဲအား ပြက်လုံးအတွင်း ထည့်သွင်း ပြက်မိခဲ့ခြင်းနှင့် ပတ်သက် ၍ သရုပ်ဆောင် မင်းမော်ကွန်းက တပ်မတော်သားများအပေါ် ယခုကဲ့သို့ ဖြေရှင်း တောင်းပန်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ပြက်လုံး ပြက်ခဲ့သည့် အချိန်တွင် သူ့အနေဖြင့် လောက်ကိုင်တွင် တိုက်ပွဲများ ဖြစ်ပေါ် နေသည်ကို လုံးဝ မသိရှိခဲ့ကြောင်း၊ သူပြောခဲ့သော စကားတစ်ခွန်းအတွက် အင်မတန် စိတ်မကောင်းဖြစ်ကာ ခံစားခဲ့ ရကြောင်း၊ အချိန်ကိုက်တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခြင်း ဖြစ်ကြောင်း၊ နောက်တစ်ရက် ပြဿနာ ဖြစ်ပြီးခဲ့ချိန်မှ စ၍ ပြန်လည်စဉ်းစားချိန်တွင် ညကပြက်လုံးကို ပြန်သတိရမိခဲ့ပြီး သူအနေဖြင့် စေတနာ အမှား၊ စေတနာ ဆိုးဖြင့် ပြက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ထို့ကြောင့် ရှေ့တန်းတွင် အသက်ပေးခဲ့သော တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုများ၊ လက်ရှိ တိုက်ပွဲဝင်နေသော တပ်မတော်သားများ အားလုံးကို သူ့အနေဖြင့် အနူး အညွတ် တောင်းပန်ပါကြောင်း၊ တပ်မတော်သားများ အနေဖြင့် သူ့အပေါ် အထင် မလွှဲစေချင်ကြောင်း၊ တပ်မတော်သားများ အသက်စွန့် တိုက်ပွဲဝင်နေခြင်းကို ၎င်းအနေဖြင့် လှောင်ပြောင် ရယ်စရာလုပ် ၍ ပြောခြင်း မဟုတ်ကြောင်း၊ သူအနေဖြင့် တိုင်းပြည်အတွက် စွန့်လွှတ် တိုက်ပွဲဝင်နေသော တပ်မတော် သားများကိုလည်း လေးစား ဂုဏ်ယူမိ ပါကြောင်း'' ပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ
မြ၀တီ
No comments:
Post a Comment