Wednesday, February 18, 2015

သွေးထွက်သံယို မဟုတ်သော စစ်မြေပြင်ကို တက်လှမ်းနေပြီ ဖြစ်၍ မည်သည့် စိန်ခေါ်မှု မဆို ရင်ဆိုင် သွားမည်ဟု KNU ဥက္ကဋ္ဌ ပြော


KNU သည် သွေးထွက်သံယို မဟုတ်သော စစ်မြေပြင်ကို တက်လှမ်း နေပြီ ဖြစ်သောကြောင့် မည်သည့် စိန်ခေါ်မှုကို မဆို ရင်ဆိုင်၍ အပစ်အခတ် ရပ်စဲရေး အတွက် ကြိုးစား သွားမည် ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ မူးတူးစေးဖိုးက ပြောကြား လိုက်သည်။ ကျွန်တော်တို့ သဘောပေါက် ပါတယ်။  


ငြိမ်းချမ်းရေးကို ချီတက်တဲ့ နေရာမှာလည်း အတွေးအခေါ် အမျိုးမျိုး ဖြစ်ပေါ်လာ နိုင်စရာ ရှိတယ် ဆိုတာ လည်း သိပါတယ်။ စိန်ခေါ်မှု အမျိုးမျိုးကို ဆက်ပြီး ရင်ဆိုင်ရမယ် ဆိုတာလည်း သိပါတယ်။ ဘယ်လို စိန်ခေါ်မှုနဲ့ပဲ ရင်ဆိုင်ရ၊ ဘယ်လို တစ်ဖက်သတ် အတွေးအခေါ် တွေနဲ့ စဉ်းစား စဉ်းစား၊ ကျွန်တော်တို့ ကတော့ ဆက်လက် ချီတက် သွားမယ် ဟု KNU ဥက္ကဋ္ဌ မူတူးစေးဖိုးက ပြောသည်။ KNU သည် တော် လှန်ရေး နယ်ပယ်တွင် နှစ်ပေါင်း ခြောက်ဆယ်ကျော် ဒုက္ခခံခဲ့ ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စ၍ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေး ခဲ့ရာ သုံးနှစ်ကျော်ကြာသည်အထိ မအောင်မြင် သောကြောင့် ပြည် သူများ စိုးရိမ်နေကြောင်း၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုး နိုင်ဘဲ ဆွေးနွေးရေးပျက်ပြယ် ကာ နောက် ပြန်ဆုတ်ပြီး တိုက်ပွဲများ ပြန်ဖြစ်မည် ဟူ၍လည်း ကရင် ပြည်သူများက ထင်မြင်မှုများ ရှိကြောင်း၊ ယခု ဆွေးနွေးပွဲ များနှင့် ပတ်သက်၍ တိုင်းပြည် ကိုရော၊ ကရင် ပြည်သူများ ကိုရော၊ တစ်ခုခု ရအောင် ဆောင်ရွက်ပေး ရမည်ဟု KNU အနေဖြင့် ခံယူကြောင်း ၎င်းက ပြောသည်။

လက်ရှိ ဆွေးနွေးမှုများတွင် အစိုးရနှင့် ဝေါဟာရ မတူသော စကားလုံးများလည်း ရှိကြောင်း၊ အစိုးရ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုသော အသုံး အနှုန်း၏ နောက်ကွယ်တွင် မည်သည့် အရာများ ရှိသည်ဟူ၍  မသိသော်လည်း၊ ငြိမ်းချမ်းရေး အတွက် အောင်မြင်မှု ရရှိရန် ဆောင်ရွက် သွားမည်ဟု ကရင် ပြည်သူများကို  ကတိပြုကြောင်း ၎င်းက ဆက်ပြောသည်။

ကျွန်တော်တို့ အနှစ် ခြောက်ဆယ်ကျော် နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ ဖြေရှင်းခဲ့တယ်။ အခုလည်း မြောက် ပိုင်းမှာ ဆက်ဖြစ်နေပါတယ်။ အဲဒါ ကို နိုင်ငံရေးနည်းနဲ့ သွေးထွက် သံယိုမှု မရှိဘဲနဲ့ လုပ်လို့ ရတယ် ဆိုတာ ကို ရအောင် လုပ်နေတာပါ ဟု  KNU အတွင်းရေးမှူး ပဒို စောတာမူလာက ပြောသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် KNU နှင့်  တိုင်းရင်းသား လက်နက်ကိုင် တချို့သည်  အပစ်အခတ်  ရပ်စဲရေးနှင့် ပတ်သက်၍ ကတိပြုချက် ငါးချက်ကို  လက်မှတ်ရေးထိုးခဲ့ ရာတွင်  တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် စာချုပ် (NCA) Nationwide Ceasefire Agreement  အပြီးသတ် လက်မှတ်ရေးထိုး ပြီးနောက်  နိုင်ငံရေး ဆွေးနွေး မှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံး ရေးဆွဲခြင်းနှင့် သဘောတူညီ သည့် နိုင် ငံရေး ဆွေးနွေးမူဆိုင်ရာ မူဘောင်နှင့် အညီ ပဏာမ နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ မတိုင်မီ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင် ရွက်ရမည် ဟူသော အချက် ပါဝင်သည်။


Messenger News Journal

No comments:

Post a Comment

My Blog List